Ep 37

7.1K 402 1
                                    

Ep 37

စည်သူတစ်ယောက်နိူးလာသည်နှင့်ဘေးကိုကြည့်လိုက်တော့အပြစ်ကင်းကင်းနှင့်အိပ်နေသောပြည့်ဖြိုးကြောင့်ပြုံးမိသွားသည်။ပြီးသည်နှင့်နဖူးလေးအားအနမ်းခြွေလိုက်ရင်း ပြည့်ဖြိုးအားသေချာကြည့်လိုက်တော့မှ လည်ပင်းမှာအနီကွက်တွေ့၍စည်သူတစ်ယောက်လန့်သွားလေသည်။ထိုအချိန်ပြည့်ဖြိုးကနိူးလာ၍စည်သူလည်းကျောက်ရုပ်လိုပင်ငြိမ်နေမိကာပြည့်ဖြိုးအားကြည့်နေမိသည်။

"ပြည့်ဖြိုးလေး ညကလေ ကိုယ်တို့ဘာဖြစ်ကြသေးလဲ"
".........." ပြန်မဖြေဘဲသေချာကြည့်နေသောပြည့်ဖြိုးကြောင့်စည်သူမှန်းထားသည့်အတိုင်းဖြစ်ပြီထင်ကာ...

"ပြည့်ဖြိုးလေး ဘာမှမပူနဲ့နော် ကိုယ်ကမင်းကိုတာဝန်ယူမှာသိလား အခုလက်ထပ်ဆိုလည်း ကိုယ်မင်းကိုလက်ထပ်ပါ့မယ် ကိုယ့်ကိုတော့ မမုန်းပါနဲ့နော် ကိုယ်လေ..."

"ဘာတွေပြောနေတာလဲ"

ပြည့်ဖြိုးမှာသူ့ရှေ့ကစကားတွေမရပ်မနားပြောနေသောစည်သူကြောင့်ခေါင်းတွေရှုပ်သွားရသည်။

"ဟင် ကိုယ်နဲ့ပြည့်ဖြိုးနဲ့လေ ညက ဟိုဒင်း"
"ဘာ ဘာဟိုဒင်းလဲ  ဘာတွေပြောနေတာလဲ"

ပြည့်ဖြိုးပြောပြီးပြီးချင်းပင်ခုတင်ပေါ်ကထကာရေချိုးခန်းထဲသို့အတွင်းခံတစ်ထည်ထဲဖြင့်ဆင်းသွားသောကြောင့်စည်သူလည်းမျက်လုံးတွေပါပြူးသွားသည်။စည်သူကကိုယ့်ကိုကိုယ်ပြန်ကြည့်တော့သူလည်းပြည့်ဖြိုးအတိုင်းဘောင်းဘီတိုတစ်ထည်သာဝတ်ထား၍ခုတင်ပေါ်တွင်မလှုပ်မယှက်သာထိုင်နေမိသည်။

ပြည့်ဖြိုး ကတော့ ရေချိုးပြီး၍ရေချိုးခန်းထဲကနေတဘတ်တစ်ထည်ပတ်ကာထွက်လာပြီးခေါင်းပါတစ်ခါတည်းလျှော်လိုက်၍လန်းလန်းဆန်းဆန်းပင်။ပြည့်ဖြိုး ရေချိုးခန်းထဲကနေထွက်လာသည့်တိုင် ခုတင်ပေါ်တွင်မလှုပ်မယှက်နှင့်ထိုင်နေသောစည်သူကြောင့်...

"စည်သူ ရေသွားချိုးလေ"
"ပြည့် ပြည့်ဖြိုးလေး ကိုယ်လေမင်းကို..."

စည်သူကမပြောဘဲနဲ့ခေါင်းငုံ့သွား၍ပြည့်ဖြိုးမှာနားမလည်နိူင်ဖြစ်ကာစည်သူ့နားတွင်ဝင်ထိုင်လိုက်လေသည်။

မြူ(Complete)Where stories live. Discover now