Ep 35

7.4K 415 5
                                    

Ep 35

ဒီနေ့ဒီပါနှင့်မြူတို့နှစ်ယောက်စည်သူတို့လာမှာဖြစ်၍ဧည့်ခန်းထဲတွင်ထိုင်စောင့်နေကြသည်။
မနက်စာပင်မစားရသေးဘဲစောင့်နေရသောနှစ်ကောင်ကြောင့်ဒီပါတစ်ယောက်မျက်နှာစူပုပ်နေသည်။နေ့လည်မှလာပါလားလို့​ပြောသော်လည်းနေပူတယ်ဆိုကာမနက်ပိုင်းလာမည်ဟုပြောသောကြောင့်ခွင့်ပြုလိုက်ရသည်။မနက်စာအတူတူစားမယ်လို့ပါပြောလာ၍၉နာရီပင်ထိုးနေပြီပေါ်မလာသေးသောနှစ်ကောင်ကြောင့်စိတ်တိုနေလေပြီ။
မြူကတော့မျက်နှာမဲ့နေသောဒီပါ့ကိုကြည့်ကာရယ်နေသည်။

ခြံရှေ့တွင်ကားရပ်သံကြား၍ထိုင်နေရာမှနှစ်ယောက်သားအိမ်ရှေ့သို့ထွက်သွားကြလေသည်။
ခြံရှေ့တွင်စည်သူတို့ရောက်နေပြီဖြစ်၍ဒီပါလည်းနည်းနည်း​တော့မျက်နှာပြေသွား​လေသည်။မဟုတ်ရင် မျက်နှာတစ်ခုလုံးသရက်သီးဖင်ရှုံ့သလိုဖြစ်နေမှာအသေချာပင်။သွားအဖြီးသားနှင့်ခြံတံခါးဖွင့်ခိုင်းနေသောနှစ်ကောင်ကိုမြူလည်းဖွင့်ပေးလိုက်တော့...

"ဟဲဟဲ နောက်ကျသွားလား ဒီမှာ ငါ့အသဲလေးကအိပ်ယာမထသေးလို့နှိုးနေတာနဲ့နည်းနည်း ကြာသွားတာ"

လာတာနဲ့သူ့လင်ကိုအမွှန်းတင်နေသောစည်သူကြောင့်ဒီပါတစ်ယောက်နှုတ်ခမ်းရွဲ့လိုက်ကာ

"အေးပေါ့မင်းတို့ကတစ်ခုတင်ထဲမှမအိပ်တာ သူ့အိမ်ကိုသွားနှိုးရတာမဆန်းပါဘူး
ငါတို့လိုနေ့တိုင်းတစ်ခုတင်ထဲအိပ်တဲ့သူတွေကနှိုးစရာတောင်မလိုဘူး ဟုတ်တယ််လား မြူ"

ဒီပါပြောတော့မြူက ဒီပါ့ခြေထောက်အားကန်လိုက်ကာပြည့်ဖြိုးလက်ကိုဆွဲ၍အိမ်ထဲဝင်သွားလေသည်။စည်သူကတော့အကန်ခံလိုက်ရသောဒီပါ့အားလျှာထုတ်ပြကာသူပါအိမ်ထဲသို့အပြေးဝင်သွားတော့သည်။

အိမ်ထဲရောက်သည်နှင့်မီးဖိုချောင်ထဲအရင်ဝင်သွားကြသောသုံးယောက်ကြောင့် ဒီပါကတော့ခေါင်းသာခါနေမိသည်။ဆာတာကတစ်ယောက်ဝင်သွားတာကသုံးယောက်ဖြစ်နေ၍ဆာနေမိတဲ့ကိုယ့်ဗိုက်ကိုတောင်သနားမိသွားသည်။

သုံးယောက်သားနန်းကြီးသုတ်စားနေရင်းမှစည်သူက

"ငါတို့ညကျရင်ဘာလုပ်စားကြမှာလဲ"

မြူ(Complete)Where stories live. Discover now