Ep 49
မြူတို့ဒီနေ့ကစာမေးပွဲနောက်ဆုံးဖြစ်၍နောက်ဆုံးရောက်မှမလွဲစေရန်ပို၍အာရုံစိုက်နေကြသည်။
ခဏအကြာမြူ့အနားသို့ဇေယျာ့ ရောက်လာတော့မြူကဇေယျာ့နှင့်မတည့်သောဒီပါအားသတိရကာမုန့်ဝယ်နေသောဒီပါမလာခင်ဇေယျာ့နှင့်ခပ်လှမ်းလှမ်းကိုထွက်သွားသည်။"မြူ ဖြေနိူင်ရဲ့လား"
"ဟုတ်မဆိုးပါဘူးဒါနဲ့ဇေယျာရော ဒီရက်ပိုင်းကျွန်တော့်ဆီစကားလာမပြောဘူးနော်" မြူအပြောကြောင့်ဇေယျာ့ကပြုံးလိုက်ကာ"အင်း ကိုယ်လာရင်မင်းလေး စိတ်ရှုပ်နေမှာစိုးလို့ပါ"
"အဲ့တော့အခုမှ စာမေးပွဲဖြေခါနီးစိတ်ရှုပ်အောင်လာလုပ်တယ်ဆိုပါတော့"မြူပြောတော့ဇေယျာ့ကရယ်လိုက်ကာ
"ဟားဟား မြူကာ စကားတတ်လိုက်တာ ကိုယ်ကလာနှုတ်ဆက်တာပါ ကိုယ်ကနောက်ဆိုရင်
ကိုယ့်အဖေရှိတဲ့နိူင်ငံခြားကိုပြန်သွားရမှာလေ"
"ဪကောင်းတာပေါ့ဗျ အမြင်ကျယ်တာပေါ့""အဲ့ဒါ ကိုယ်ကမြူ့ကိုလာနှုတ်ဆက်တာ ကိုယ်တို့တွေကံမကုန်ရင်ပြန်ဆုံကြတာပေါ့ ကိုယ်မင်းကို.... အင်းဘာမှမဟုတ်တော့ပါဘူး ရော့ ဒါက ကိုယ့်ရဲ့ဖုန်းနံပါတ် မြူရဲ့နံပါတ်လည်းအဆင်ပြေရင်ပေးပါလား"
"အာ ရတာပေါ့ခဏလေးကျွန်တော်ရေးပေးမယ်"
မြူကချက်ချင်းပင်လက်ထဲကဗလာစာအုပ်ပေါ်တွင်ဖုန်းနံပါတ်အားရေးမှတ်လိုက်ကာဇေယျာ့ကိုပေးလိုက်သည်။
"အင်း ကိုယ်ဖုန်းဆက်လို့ရတယ်မလား မြူ"
"အာ ရတာပေါ့ ""အင်း ဖြေဖို့အချိန်တောင်နီးနေပြီ ကိုယ်တို့ကအခန်းမတူတော့ဒီမှာပဲနှုတ်ဆက်ခဲ့မယ်နော် စာမေးပွဲကိုကောင်းကောင်းဖြေဆိုနိူင်ပြီး ဂုဏ်ထူးတွေအများကြီးရပါစေ မြူ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ ကျွန်တော်စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်မှဘဲ ဇေယျာ့ကိုတစ်ဝိုင်းကျွေးမယ်ဗျာ"
"ဟားဟား ဟုတ်ပါပြီကိုယ်သွားပြီ တာ့တာ"
"ဟုတ် တာ့တာ"ဇေယျာ့က အမြဲတမ်းသူကိုပြုံးပြတတ်သောကောင်လေးကိုကြည့်ကာမျက်ရည်ဝဲသွားလေသည်။သူကသာအရောင်တွေခြယ်ထားတဲ့မေတ္တာတွေပေးခဲ့ပေမယ့်ထိုကောင်လေးဟာတော့ အဖြူရောင်မေတ္တာတွေသာသူ့အားတုံ့ပြန်စေခဲ့သည်။တစ်နေ့နေ့ပေါ့.....။တစ်နေ့နေ့တော့ကိုယ်လည်းအရောင်တွေခြယ်ထားတဲ့မေတ္တာဓာတ်လေးကိုလိုချင်မိပါရဲ့။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...