Ep 61
ဒီပါက Uniကိုစည်သူတို့နှင့်အတူတူမတတ်ဘဲအဝေးသင်သာယူထားပြီးကော်ဖီဆိုင်လေးတစ်ဆိုင်လည်းဖွင့်ထားကာအားတဲ့ရက်တွေဆိုလည်းအမေဖြစ်သူအားသွားကူပေးဖြစ်သည်။ကော်ဖီဆိုင်ကယုံကြည်ရတဲ့ကောင်လေးကိုလက်လွှဲထားကာသူကတော့အားမှသာလာသည်။အခုဆိုရင်ကျောင်းတတ်ရင်းCompanyတစ်ခုမှာလည်းအလုပ်သင်လုပ်နေသည်။
သူဌေးကသဘောကောင်း၍အလုပ်လုပ်ရတာအဆင်ပြေသလိုအလုပ်ထဲမှာသာစိတ်နှစ်ထားသောဒီပါ့ကိုလည်းCompanyကလူတွေကချစ်ကြသလိုအားလည်းအားကိုးကြသည်။ဒီပါတစ်ယောက်ဒီနေ့တော့အလုပ်ပိတ်၍ကော်ဖီဆိုင်သို့လာထိုင်ဖြစ်သည်။
"ဟာ Boss ဒီနေ့လာပြီလား"
"အေး ဒီနေ့အားနေလို့ကွ"ဆိုင်ကကောင်းထက်ဆိုတဲ့ကောင်လေးကိုလက်လွှဲထားကာ ဒီပါနဲ့ဆို ညီအစ်ကိုလိုပင်ဖြစ်နေကြသည်။ထိုအချိန်....
"ဒီပါ"
"ဪငုဝါထိုင်လေ"ငုဝါကမန္တလေးမှာကျောင်းမတတ်ဘဲရန်ကုန်မှာကျောင်းလာတတ်သောကြောင့်တစ်ခါလေဆိုဒီပါ့ဆိုင်သို့ရောက်လာတတ်သည်။
"ဘာသောက်မလဲ"
"ထုံးစံအတိုင်းပဲ ဒါနဲ့စည်သူတို့ရောဒီနေ့မလာဘူးလား""လာမယ်လို့တော့ပြောတာဘဲ"
"အင်းဒါနဲ့နောက်တစ်ပတ် ငါ့မွေးနေ့ကိုဘုရားသွားရအောင်"
"ငါမလိုက်တော့ဘူး နင်တို့ဘာသာသွားကြတော့""ဟေ့ဘယ်သွားဖို့တိုင်ပင်နေကြတာလဲ"
ငုဝါတို့စကားပြောနေရင်းစည်သူနှင့်ပြည့်ဖြိုးတို့ဝင်လာကြသည်။အမြဲတမ်းတစ်ပူးပူးတစ်တွဲတွဲရှိလှသောစည်သူနှင့်ပြည့်ဖြိုးကအခုထိတိုင် ပြတ်မယ်ဆိုတဲ့အသံပင်မကြားရသေးပေ။
"နောက်တစ်ပတ်ငါ့မွေးနေ့ကိုဘုရားသွားဖို့ခေါ်နေတာ ဒီပါကမလိုက်ဘူးတဲ့"
"မင်းကလည်းလိုက်ခဲ့ပါ ငါတို့စားရမယ့်ပွဲကွ"ငုဝါအပြောကိုပြည့်ဖြိုးကထောက်ခံကာစားပွဲဟုပြောလိုက်သောကြောင့်....
"ဟဲ့ အကောင်တွေစားဖို့ပဲငမ်းမနေနဲ့ လက်ဆောင်ကျတော့ထည့်မပြောဘူးနော်"
"ပေးစရာလား"
"မသာကောင်တွေ"
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...