Ep 8

10.4K 717 6
                                    

Ep 8

မြူ နှင့်ဒီပါတို့စက်ဘီးစီးလာရင်းမြူက တိတ်ဆိတ်နေသောဒီပါကြောင့်သူကပဲအရင်စကားစလိုက်လေသညိ။

"ခွန်း ဒီတစ်ခေါက်က final ဖြေရမှာနော်"
"အင်း သိတယ်လေ"

"စာတွေရပြီလား"
"ရသင့်သလောက်တော့ရပါပြီ"

"ခွန်း ကြိုကျက်ထားအုံးနော်ကျန်တာတွေကို"
"မင်းနဲ့ကျက်မှာလေ ငါ့အိမ်လာကျက်နော်"

"မင်းဘာသာပဲကျက်တော့လေ ကျက်စာဘဲကို"
"ငါနဲ့အရင်တည်းကအတူတူကျက်လာတာကို မင်းကဘာဖြစ်နေတာလဲ"

ဒီပါကပြောနေရင်းမြူ ထိုင်နေသောစက်ဘီးခုံကိုလှုပ်ခါလိုက်တာကြောင့်မြူလည်း (ဘရိတ်)အမြန်အုပ်လိုက်ရသည်။ယိုင်သွားသောမြူ့ ခန္ဓာကိုယ်လေးကြောင့်ဒီပါကခါးလေးကိုင်ပေးထားလိုက်လေသည်။ပြီးမှမြူကသေချာပြန်နင်းလိုက်ကာ...

"ခွန်း ဘာလို့စက်ဘီးကိုယမ်းလိုက်တာလဲ"
"ဘာဖြစ်လို့လဲ"

"ငါစက်ဘီးနင်းနေတာ တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ"
"ဘာဖြစ်မှာမို့လို့လဲ ငါမင်းခါးကိုကိုင်ပေးထားတယ်လေ"

မြူ လည်းဒီပါပြောမှခါးကိုပြန်ကြည့်မိတော့
ဒီပါ့လက်ကခုထိခါးပေါ်တွင်ရှိနေသေးသည်။
ဒီပါကမြူ့ မျက်နှာအား မမြင်ရပေမယ့် နောက်ကျောကိုသေချာကြည့်ကာ...

"မင်းခါးကကိုင်လို့ကောင်းတယ်"ဒီပါ့အပြောကြောင့်မျက်နှာမမြင်ရတာတောင်သူ့မှာ မျက်နှာတွေရဲလာလေသည်။ဒီကောင်ဘာတွေပြောနေပြန်ပြီလဲ။

"ဘာ ဘာကောင်းတာလဲ လက်ဖယ်ကိုယ့်ဘာသာနင်းလာတော့"
"အယ် နေ နေအုံးလေ မြူ "

မြူ တစ်ယောက်ကျောင်းနားရောက်တော့မှာဖြစ်၍ဒီပါအားစက်ဘီးနှင့်တစ်ယောက်ထဲထားခဲ့ကာရှက်ရှက်နှင့်ထွက်လာခဲ့သည်။

'မင်းဘက်ကဘာမှမဟုတ်ပေမယ့်ငါကတော့ရင်ခုန်တယ် ခွန်း'

မြူ တစ်ယောက်လမ်းလျှောက်လာရင်းကျောင်းပေါက်ဝတွင်ဇေယျာနဲ့ တန်းတန်းမတ်မတ်ကိုတွေ့တော့သည်။ဇေယျာ ကသူ့ကိုတွေ့သည်နှင့်ပြုံးပြလာကာ...

"မြူ လာပြီလား "
"ဟုတ် " မြူ ကိုဇေယျာကပြုံးပြရင်း...

"Final Examတောင်လာတော့မယ်နော် မြူ ရောစာတွေရပြီလား"
"ဟုတ်ရပါပြီ ဒါမဲ့ပြန်နွှေးရမယ်ထင်တယ်"

မြူ(Complete)Where stories live. Discover now