Ep 19

8.3K 525 1
                                    

Ep 19

ဒီနေ့ မြူ တို့အိမ်မှာအုန်းနို့ခေါက်ဆွဲချက်စား၍ ဘေးအိမ်တွေကိုနည်းနည်းပါးပါးပို့ကာ ကျန်တာကိုဒီပါတိို့သားအမိနှစ်ယောက်ကိုဖိတ်ကာမြူ တို့အိမ်မှာပဲအတူတူစားဖို့ပြင်လိုက်လေသည်။ မြူ တို့သားအမိနှစ်ယောက် စားပွဲပေါ်တွင် ပြင်စရာရှိတာပြင်နေချိန်...

"ခင် "
"ဟယ် နဒီတို့လာပြီလား"

မြန်မာဝမ်းဆက်ကျောက်စိမ်းရောင်လေးဝတ်ကာ အနားသို့ရောက်လာသော ဒီပါရဲ့အမေက အသက်၄၀နားကပ်နေပြီဖြစ်သည်။ သို့ပေမယ့် ပူပန်စရာမရှိသောကြောင့်နေမည် အခုချိန်ထိနုပျိုနေဆဲပင်။ထို့အတူ မြူရဲ့အမေဟာလည်း သူငယ်ချင်းနဲ့အပြိုင်လှရက်လွန်းသည်။

"ခင် ဘာလုပ်ပေးရအုန်းမလဲ"
"ရပါတယ်ဟယ် နင်ကလည်း"

ငယ်သူငယ်ချင်းတွေဖြစ်၍ တစ်ခါလေဆို နာမည်ကိုအဖျားစွတ်ခေါ်၍ တစ်ခါလေဆို နင်နဲ့ငါသာပြောကြလေသည်။

"နင်ကလေ ချက်တာကိုငါ့ကိုကြိုမပြောဘူး
ငါလည်းလာကူမှာပေါ့"
"ငါကနင်ဆိုင်ဖွင့်တယ်ထင်လို့ပါဟယ် ပြီးမှသားကိုလာပို့ခိုင်းမလို့ နင်ပိတ်တာငါမှမသိတာ"

"ဟုတ်ပါ့ဟယ် ငါတို့လည်းဆိုင်နဲ့ပဲ အလုပ်ရှုပ်နေတာနဲ့ကောင်းကောင်းတောင်စကားမပြောရဘူး ဒီနေ့တော့အဝပြောရမယ်"

"ပြောလည်ပြော စားလည်းစားအုန်း သားဒီပါလာလေစားနော်အားမနာနဲ့"

မြူ့ အမေက ဒီပါ့ကိုခေါ်ကာထိုင်ခိုင်းလိုက်သည်နှင့်ပန်းကန်ကိုပါတစ်ပါတည်းချပေးလိုက်လေသည်။

မြူ တို့သားအမိကတစ်ဖက် ဒီပါတို့သားအမိကတစ်ဖက်စီ ထိုင်ကာမျက်နှာချင်းဆိုင်ဖြစ်နေသည်။စားပွဲဝိုင်းတွင်တိတ်ဆိတ်မှုကိုဖြို ခွင်းလိုက်သူကဒေါ်နဒီပင်။

"သားတို့ဆယ်တန်းကနောက်လဆိုတတ်ရတော့မယ်နော်"
"ဟုတ်ကဲ့ "

"အဆောင်မှာနေကြမလား မေမေတို့ကတစ်ယောက်တည်းနေလို့အဆင်ပြေပါတယ်" ဒေါ်နဒီရဲ့အမေးကိုဒီပါကပင်ဦးစွာဖြေလိုက်လေသည်။

"မနေချင်ဘူးမေမေ ရိုးရိုးပဲ ကျောင်းတတ်ချင်တယ် အဆောင်မှာမနေချင်ဘူး"
"သားမြူ ကရော"

မြူ(Complete)Where stories live. Discover now