Ep 51
ဘာလိုလိုနဲ့နွေရာသီကျောင်းပိတ်ရက်ကြီးက
သကြင်္န်အချိန်ခါတောင်ရောက်လာပြီဖြစ်သည်။ဒီနေ့ကအကြိုနေ့မို့လို့လမ်းထဲတွင်လူသိပ်မစည်သေးပါ။ထိုအချိန်က ဒီပါကမြူ့အိမ်ဘက်သို့ချိုင့်ဆွဲပြီးကူးလာလေသည်။မိဘတွေကလည်းသကြင်္န်နေ့ဖြစ်၍ဆိုင်ပိတ်ကြကာအိမ်မှာသာနေပြီးမုန့်လုပ်ကာအလှူလှူရန်ပြင်ဆင်ကြသည်။ကျန်သုံးရက်ကိုတော့တရားစခန်းတွင်ကုန်ဆုံးမည်ဟုတွေးထားကြပုံရသည်။ဒီပါကအိမ်ထဲသို့ရောက်ရောက်ချင်းပင်....."မြူရေ အန်တီရေ "
"သားရေ အန်တီကမီးဖိုချောင်မှာ လာလေ"ဒေါ်ခင်သူဇာကမီးဖိုချောင်ထဲမှလှမ်းအော်လိုက်သည်။ဒီပါကပါလာသောချိုင့်အားခုံပေါ်တင်လိုက်ကာ
"အန်တီရေ သားတို့ဒီနေ့ နန်းကြီးသုတ်လုပ်တာအိမ်နီးနားချင်းတွေကိုလိုက်ဝေနေတာ"
"ဟုတ်လား အန်တီလည်းဒီနေ့ အုန်းနို့ခေါက်ဆွဲချက်တယ်သားရေ""မိုက်တယ်ဗျို့ ဒီနေ့တော့အဝဆွဲပြီ"
"ကဲကဲ အခုတော့အန်တီတို့နဲ့နန်းကြီးသုတ်စားသွားနော်
အန်တီတို့လည်းအများကြီးမကုန်ပါဘူးကွယ် အုန်းနို့ခေါက်ဆွဲကတော့နေ့လယ်မှစားတော့ ဟုတ်ပြီလား ဗိုက်မဆန့်ဘဲနေမယ်""အန်တီ့ အကြံကောင်းတယ် So goodပဲ ဒါနဲ့ မြူရောအန်တီ"
"မြူကလား သားရေအခုထိတောင်နိူးရဲ့လားမသိဘူး ညကဇာတ်လမ်းကြည့်ပြီးတော်တော်နဲ့မအိပ်ဘူးလေ"
ဒေါ်ခင်သူဇာကချိုင့်ထဲကအသုတ်တွေကိုပန်းကန်ထဲပြောင်းထည့်ကာချိုင့်ဆေးရင်းပြောနေသည်။"ဒါဆိုသားမြူ့ဆီသွားအုန်းမယ်"
"အေးအေး"ဒီပါကမြူ့အခန်းထဲသို့ဝင်သွားတော့ခုတင်ပေါ်ကထဖို့ကြံနေသောအကောင်ပေါက်အားတွေ့လိုက်ရသည်။
"မြူ အိပ်ပုပ်လေး ခုမှထတယ် သိကြားမင်းတော့ဆင်းရိုက်တော့မှာဘဲ"
"ရိုက်စရာလားငါကချစ်စရာကောင်းတော့ သိကြားမင်းတောင်ငါ့ကိုချစ်ကျွမ်းဝင်သွားနိူင်တယ်""ခွေးလေး လူကိုသဝန်တိုပြီးသေအောင်လို့"
အိပ်ယာခင်းတွေသေသပ်အောင်လုပ်နေတဲ့မြူ့အနားကိုသွားကာခါးလေးကိုဖက်လိုက်သည်။ပြီးသည်နှင့်မြူရဲ့နဖူးလေးအားနမ်းလိုက်ကာဖက်နေရင်းမြူ့
ပုခုံးလေးပေါ်တွင်မေးတင်လိုက်သည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...