Ep 52

5.7K 296 2
                                    

Ep 52

မနေ့ကဒီပါကမြူ့အမေအားပြောပေး၍ကားနှင့်လည်ခွင့်ရခဲ့ပြီ။အစကအတင်းကြပ်ငြင်းနေသော်လည်းကျွန်တော်သေချာဂရုစိုက်ပါ့မယ်တခြားသူငယ်ချင်းတွေလည်းပါပါတယ်ဟုပြောမှသူ့သားလေးကိုထည့်ပေးလိုက်သည်။ဒါတောင်ဂရုစိုက်ဖို့ရန်မဖြစ်ဖို့မူးရူးမနေဖို့တစ်တွတ်တွတ်မှာနေလေသည်။ဒီပါ့အမေနှင့်မြူအမေကတော့အကြိုနေ့ကိုတတ်နိူင်သလောက်လေးလှူကာကျန်သုံးရက်ကိုတော့တရားစခန်းဝင်၍ညနေစောင်းမှပြန်လာမည်ဟုမှာပြောခဲ့ပြီးအပြင်ထွက်လည်ရင်ဂရုစိုက်ဖို့လည်းထပ်မှာသေးသည်။

စည်သူနဲ့ပြည့်ဖြိုးတို့ကသူတို့ရဲ့ဦးလေးဆီကကားနဲ့သွားယူမည်ဟုပြောကာသူတို့အိမ်က ဒရိုင်ဘာပါတစ်ခါတည်းထည့်ပေးလိုက်မည်ဟုပြောလာသည်။စည်သူနှင့်ပြည့်ဖြိုးကမြူတို့အိမ်ရှေ့တွင်ကားရပ်ကာအထဲသို့ဝင်လာသည်။

"မြူရေ ပြီးပြီလား ဒီပါရော"

စည်သူကအော်ပြောလိုက်ချိန်လှေကားပေါ်မှမြူနှင့်ဒီပါတို့ဆင်းလာကြသည်။

"မြူ ပြီးရင်သွားမယ်နော်"
"အွန်း သွားမယ်လေ"မြူကပြောနေသော်လည်းဘေးနားကဒီပါကမျက်နှာမကောင်းသောကြောင့်ပြည့်ဖြိုးက

"ဒီပါ မျက်နှာကလည်းအီးမှန်ထားသလိုပဲ"
"ဟုတ်တယ် ဒီမှာလေ မြူပေါ့ဘောင်းဘီဒူးလောက်လေးမို့လို့လဲခိုင်းတာကိုမလဲဘူးတဲ့"

ဒီပါကအင်္ကျီအနက်လေးနှင့်အပေါ်ကရှပ်အဖြူကိုထပ်ဝတ်ထားကာအောက်ကဂျင်းဘောင်းဘီအရှည်ဝတ်လာကာမြူကတော့အပေါ်ကဒီပါနှင့်ဆင်တူဝတ်ထား
သော်လည်းအောက်ကတော့ဒူးလောက်ရှိတဲ့ဘောင်းဘီအဖြူလေးဝတ်ထား၍ခြေသလုံးသားဖွေးဖွေးလေးတွေကပေါ်နေသောကြောင့်ဒီပါကပြောနေခြင်းဖြစ်သည်။

စည်သူလည်းဒီပါ့အားပိုရန်ကောဆိုတဲ့အကြည့်
ဖြင့်ကြည့်ကာ

"ဒီပါရယ် ထားလိုက်ပါ ငါ့ပြည့်ဖြိုးလေးကိုလည်းကြ​ည့်ပါအုန်းသူလည်းဒီလိုပဲလေ ဒူးလောက်ရှိတဲ့ဘောင်းဘီနဲ့ပဲကို ဒီပါရာငါတို့ပါတာပဲကို လာစမ်းပါကွာ ကားသမားစောင့်နေတယ်"

မြူ(Complete)Where stories live. Discover now