Ep 20
နွေမိုးဆောင်းဥတုသုံးပါးပြောင်းနေသလိုအချိန်တွေကလည်းအကုန်မြန်လာလိုက်တာ အခုဆိုရင်မြူ တို့ကျောင်းဖွင့်လို့၁၀တန်းတောင်တတ်နေပြီဖြစ်သည်။အဆောင်မှာမနေဘဲ အရင်ကျောင်းမှာဘဲ သူငယ်ချင်းတွေအကုန်ပြန်တတ်ကြကာခုချိန်ထိစည်သူနဲ့ပြည့်ဖြိုးကအတွဲညီနေသေးသလိုမြူ ကလည်းခွန်းဒီပါဆိုတဲ့သူငယ်ချင်းလေးကို အခုချိန်ထိမပြောင်းလဲဘဲ တဖက်သတ်ချစ်နေသေးသည်။ထို့အတူဒီပါကလည်းခုချိန်ကောင်မလေးတွေရဲ့အချစ်ကိုခံနေရတုန်းပင်။
နေ့လယ်ထမင်းစားချိန်ရောက်၍အရင်လို
လေးယောက်သားခေါင်းချင်းဆိုင်ကာထမင်းစားနေကြတုန်း စည်သူနှင့်ပြည့်ဖြိုးတို့ကမြူ နှင့်ဒီပါတို့ကိုကြည့်ကာစည်သူကပင်စကားအရင်ဆုံးစလိုက်ကာ"ဒီပါနဲ့မြူ ငါမင်းတို့ကိုပြောစရာရှိတယ်"
"ပြောလေ" မြူ ကအရင်လိုပုဇွန်ဟင်းကိုယူကာ
ဒီပါ့ချိုင့်ခွက်ထဲသို့ထည့်ပေးရင်း ပြောလိုက်လေသည်။"ငါနဲ့ပြည့်ဖြိုးလေးကိစ္စကိုအိမ်ကိုဖွင့်ပြောပြီးပြီ"
"ဟင် တ တကယ်"စည်သူ့စကားကြောင့်မြူ ကအံသြသွားကာသေချာအောင်ပြန်မေးမိလိုက်သည်။
"အင်း ဟုတ်တယ် ငါတို့၁၀တန်းကျောင်းပြန်မတတ်ခင်တုန်းက"
"အဲ့ဒီတော့ မင်းတို့မိဘတွေကဘာပြောလဲ"စည်သူ့စကားကိုဒီပါကထမင်းစားရင်းမေးလိုက်သည်။
"တကယ်တော့ငါ့မိဘတွေနဲ့ပြည့်ဖြိုး မိဘတွေကအရင်တုန်းကသူငယ်ချင်းဟောင်းတွေတဲ့"
"ဟုတ်လား အဲ့တော့ မင်းတို့အတွက်ကောင်းတာပေါ့""အင်းသူတို့ချင်းပြန်တွေ့တော့ ထမင်းစားဖိတ်တာနဲ့ငါတို့မိသားစုကသွားတာ အဲ့ကျမှ ငါတို့လည်းသိတာ နောက်တစ်ခေါက်ကျတော့ငါ့ဘက်ကအရင်ငါ့မိဘတွေကိုဖွင့်ပြောလိုက်တာ"
"မင်းတို့ကလည်းမူမယ်ဆိုတာမရှိဘူးမြန်လိုက်တာ""ငါတို့လည်းပြောသင့်တယ်ထင်လို့ပါ ပြီးတော့ ငါတို့မိဘတွေကလည်း ရှေးရိုးစွဲမရှိပါဘူးတဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်နေဖို့ပဲလိုတာပါတဲ့ ငါတို့ကိုခွင့်ပြုတယ်ဆိုပါတော့"
"အဲ့ဒါဆို မင်းတို့ကအေးဆေးဖြစ်ပြီပေါ့ Congratulation ပါ"
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...