Ep 1

53.6K 1.6K 7
                                    

Ep 1

ဒေါ်ခင်သူဇာတစ်ယောက်မီးဖိုချောင်ထဲတွင်တစ်ကုတ်ကုတ်နှင့်မနက်စာအားပြင်ဆင်နေ​လေသည်။ခဏအကြာအပေါ်ထပ်သို့တက်လာခဲ့ကာသားဖြစ်သူရဲ့အခန်းရှေ့သို့ရောက်တာနဲ့...

ဒေါက်!!!ဒေါက်!!!

"သားရေ ထတော့လေ ကျောင်းသွားရအုံးမယ်"
"........."

"သားလေးရေ ထတော့နော်"
"ဟင် ဟုတ် ထပြီမေမေ"

"အေးအေးအောက်မှာမေမေ မနက်စာပြင်ပြီးပြီနော် "
"ဟုတ် မေမေ"

ဒေါ်ခင်သူဇာလည်း သားကိုနှိုးကာအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ခင်ပွန်းဆုံးပြီးတည်းကသားလေးနှင့်နှစ်ယောက်တည်းနေကာ မြို့ထဲတွင်လည်းအထည်ဆိုင်လေးဖွင့်ထားသေးသည်။သားလေးမွေးပြီးတစ်နှစ်ကြာတော့ခင်ပွန်းကနှလုံးရောဂါနဲ့ဆုံးသွားခဲ့လေသည်။အဲ့အချိန်တည်းကရှိတဲ့ သားလေးတစ်ယောက်ကိုသာလိမ္မာအောင်ဆုံးမပြီးထိန်းကျောင်းလာခဲ့ရာအခုဆိုသားလေးက၉တန်းကျောင်းသားပင်ဖြစ်နေသည်။

မြူ တစ်ယောက် ခုတင်ပေါ်မှထကာရေချိုးခန်းထဲသို့ဝင်သွားလေသည်။ပြီးသည်နှင့်ရေချိုး မျက်နှာသစ်ပြီးတစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးသည်နှင့်ကျောင်းစိမ်းအင်္ကျီအားလဲလိုက်လေသည်။ဆံပင်ကိုတော့ဘာမှမလုပ်တော့ပါ။ဆံပင်ကအိအိလေးနှင့်အုပ်အုပ်လေးဖြစ်၍သူများတွေလိုဟိုထောင်ဒီထောင်လည်းရမှာမဟုတ်တော့ဒီတိုင်းသာအရှေ့ကိုချထားလိုက်သည်။ပြီးသည်နှင့်နာရီဝတ်ကာလွယ်အိတ်ယူ၍အောက်ဆင်းခဲ့သည်။

မြူ အောက်ဆင်းလာသည်နှင့်ဒေါ်ခင်သူဇာကကဧည့်ခန်းထဲတွင် ထိုင်နေသည်မှထလိုက်ကာ...

"သားအတွက်မနက်စာပြင်ပေးပြီးပြီနော် သားသူငယ်ချင်းကိုသွားနှိုးအုံးမှာမလား"
"ဟုတ်ကဲ့မေမေ "

"အေးအေး အဲ့ဒါဆိုရင်သွားနှိုးလိုက် ပြီးရင်မနက်စာစားပြီးကျောင်းသွားနော် မေမေလည်းဆိုင်သွားတော့မယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့မေမေ"

ဒေါ်ခင်သူဇာလည်း မြူ အားမှာပြီးသည်နှင့်ပါးလေးကိုနမ်းကာ ဆိုင်သို့သွားရန်အပြင်ထွက်သွားတော့သည်။
မြူ တစ်ယောက်ဧည့်ခန်းထဲတွင်လွယ်အိတ်ကိုချကာ ဘေးခြံသို့သွားလိုက်သည်။

မြူ(Complete)Where stories live. Discover now