Ep 6(unicode)
ဒီပါကဒီနေ့သူ့အမေခိုင်းထားတာရှိလို့ဆိုကာစက်ဘီးယူ၍အစောကြီးထွက်သွားလေသည်။ကျောင်းကိုလည်းတစ်ခါတည်းသွားမယ်လို့ပြောသောကြောင့်မြူ လည်းဒီနေ့တော့တစ်ယောက်တည်းလမ်းလျှောက်လာရသည်။
"မြူ "
မြူ လမ်းလျှောက်လာရင်းအနောက်ကခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ဇေယျာ့ဖြစ်နေသည်။မြူ ကိုတွေ့ တာနဲ့ဇေယျာကပြုံးပြလာကာ...
"အနောက်ကကြည့်တာ မြူ နဲ့တူပါတယ်လို့ တကယ်ပဲမြူ ဖြစ်နေတာဘဲ"
"ဟုတ် ဇေယျာကလမ်းလျှောက်လာတာလား ကျောင်းကို" မြူ ကမေးတော့ဇေယျာကပြုံး၍ခေါင်းခါလိုက်ကာ..."အင်း ဒီနေ့တော့ လမ်းခလျှာက်တာပေါ့မြူ ရဲ့ အရင်နေ့တွေကတော့ကိုယ့်အိမ်က ကားနဲ့လိုက်ပို့တာ ဒီနေ့ကားနဲ့မသွားချင်လို့ လမ်းလျှောက်လာတာ"
"ဪ ကောင်းပါတယ် အကြောပြေတာပေါ့"မြူစကားကြောင့်ဇေယျာကရယ်လိုက်ကာ
"အဲ့ဒါဆိုနေ့တိုင်းလမ်းလျှောက်ရမယ်ထင်တယ် ဒါနဲ့မြူ ကနေ့တိုင်းလမ်းလျှောက်တာလား"
"မဟုတ်ဘူးဗျစက်ဘီးနဲ့လာတာ""ဟင် ဒါဆိုဒီနေ့ကစက်ဘီးမယူလာတာလား"
"အဲ့ဒါကကျွန်တော်နဲ့ခွန်းနဲ့ကကျောင်းကိုစက်ဘီးနဲ့အတူတူလာတာလေ အိမ်ကလည်းခြံချင်းကပ်ရပ်ဆိုတော့...""ဒီနေ့သူကကျောင်းမလာဘူးလား"
"လာပါတယ်သူ့အမေခိုင်းထားတာရှိလို့အစောကြီးထွက်သွားတာ အဲ့ဒါကြောင့် ကျွန်တော်လည်းလမ်းလျှောက်လာတာ""ဪ ဒါနဲ့ဒီပါနဲ့မြူ ကတော်တော်ရင်းနှီးတယ်နော်"
"ဟုတ်တယ်သူနဲ့ကငယ်ငယ်လေးတည်းကပေါင်းလာတာလေ""ကိုယ်လည်းမြူ နဲ့ရင်းနှီးချင်တယ်"
"ရပါတယ် ကျွန်တော်ကခင်တတ်ပါတယ်"မြူ နှင့်ဇေယျာတို့စကားပြောရင်းကျောင်းကိုလာခဲ့ကြသည်။
ဒီပါတစ်ယောက်သူ့အမေကမနက်အစောကြီးသွားစရာရှိ၍ဆိုင်ခနထိုင်ခိုင်းသဖြင့်သွားထိုင်ခဲ့သည်။နာရီဝက်လောက်ပဲထိုင်ကာသူ့အမေကပြန်ရောက်လာ၍နာရီကြည့်လိုက်တော့ကျောင်းတတ်ချိန်ကလိုသေး၍ မြူ အားပြန်ကြိုရန်ကျောင်းရှေ့ကနေ ပြန်ဖြတ်လာခဲ့သည်။။သို့ပေမယ့်ကျောင်းရှေ့သို့အရောက်ဇေယျာနှင့်အတူတူရယ်မောကာစကားပြောလာသောမြူ ကိုမြင်လိုက်ရ၍စက်ဘီးကိုကျောင်းဝင်းထဲသို့သွားထားကာမြူ ဆီသို့သွားလိုက်လေသည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...