Ep 46
ဘာလိုလိုနဲ့ဒီဇင်ဘာစာမေးပွဲတောင်လာတော့မည်။ဒီနေ့တော့ဒီပါတို့ကျောင်းပိတ်၍စောစောမထဘဲအိပ်ယာထဲတွင်ကွေးနေလေသည်။
ခဏအကြာနာရီကြည့်လိုက်တော့၈နာရီခွဲပြီဖြစ်၍အိပ်ယာကထကာရေချိုးဖို့ပြင်ဆင်လိုက်သည်။ပြီးသည်နှင့်မနက်စာပင်မစားတော့ဘဲဒီပါကမြူ့အိမ်သို့ခြေလှမ်းလှမ်းလိုက်တော့သည်။မြူလည်းဒီနေ့တော့အဝအိပ်မည်ဟုစဥ်းစားထား၍တော်တော်နဲ့မထချင်သေးသောကြောင့်အိပ်နေလိုက်သည်။မျက်လုံးကလည်းဘယ်လောက်တောင်အိပ်ချင်နေလဲမသိဖွင့်လို့တောင်မရပေ။
ညကစာလုပ်တာအချိန်လွန်သွား၍အခုကျတော့မျက်လုံးကခဲဆွဲထားသလိုကိုလေးလံနေသည်။ထိုအချိန်တံခါးဖွင့်သံကြားလိုက်ရသည်။အခုထိဘယ်ချိန်ရှိလဲမသိ၍မြူလည်းသူ့အမေဟုသာထင်၍ဒီတိုင်းသာနေနေလိုက်သည်။ဒီပါလည်းအထဲသို့ဝင်လာချိန်အောက်ထပ်မှာမြူကိုမတွေ့၍အပေါ်သို့တက်လာတော့ခုတင်ပေါ်တွင်စောင့်နှင့်လုံးထွေးကာအိပ်ပျော်နေသောမြူကြောင့်ပြုံးလိုက်မိသည်။အမြန်ပင်ခုတင်နားသို့သွားလိုက်ကာ.....
"မြူ ထတော့လေ အိပ်ပုပ်ရဲ့အချိန်ကိုလည်းကြည့်အုန်း"
"........"ဒီပါလည်း နှိုးနေတာတောင် တစ်ချက်မှလှုပ်တောင်မလှုပ်သောလူသားကြောင့်ခေါင်းခါမိလိုက်သည်။ပြီးသည်နှင့်နောက်တစ်ခါထပ်နှိုးရလေသည်။
"မြူ ထတော့လေ"
"ဘာလဲ ဘယ်သူလဲ အိပ်နေတာကို သွား""ဘယ်သူရမှာလဲ မင်းရဲ့လင်တော်မောင်ပေါ့"
"သွားကွာ အိပ်နေတယ် ပြန်တော့"ပြောပြီးသည်နှင့်ပြန်အိပ်သွားသောလူသားလေးကြောင့်ဒီပါလည်းစိတ်တိုသွားကာ.....
"အေး အိပ်အိပ် သွားပြီကွာ"
"......."ဒီပါကပြောပြီးသည်နှင့်မြူရဲ့အခန်းထဲကထွက်သွားတော့သည်။မြူလည်းအရမ်းအိပ်ချင်နေသောကြောင့်အခုချိန်မှာဘယ်သူလာနှိုးနှိုးမထဘူးဟုဆုံးဖြတ်ထားသည်။တံခါးပိတ်သံကြောင့်ဒီပါ အခန်းထဲကထွက်သွားပြီဆိုတာမြူသိလိုက်ရသည်။သို့ပေမယ့်အခုထိလေးလံနေတဲ့မျက်လုံးကြောင့်ပြန်အိပ်လိုက်သည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...