Arc 16.1

11K 624 30
                                    

Unicode

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[1]

"ရှန်းရှန်း,အခုပဲ ဒါရိုက်တာကျုံး ငါ့ကိုခေါ်ပြီး 'ဂုဏ်ယူရသောနေ'အတွက် အမျိုးသမီးဇာတ်ကောင်က လူသစ်ကို ပေးလိုက်ပြီလို့ပြောတယ်။လူရွေးပွဲတုန်းက နင့်ကိုရွေးဖို့ဆုံးဖြတ်လိုက်တာ ဒါရိုက်တာပဲမလား?ဘာလို့ဆုံးဖြတ်ချက်ကပြောင်းသွားတာလဲ? "

ရှီရှန်းက သူမရဲ့အရှေ့မှာ အံ့အားသင့်နေတဲ့အမူအရာနဲ့ မကျေမနပ်ပြောနေတဲ့ အမျိုးသမီးကိုကြည့်နေလိုက်တယ်။

အဲ့အမျိုးသမီးဘာပြောနေလည်းဆိုတာ သူမလည်းမသိဘူး။ 

"နင်ဘာတွေ တွေဝေနေတာလဲ"အမျိုးသမီးက အထိတ်တလန့်နဲ့ပြောလိုက်တယ်။ 

နှစ်သစ်ကူးရုပ်ရှင်

ဒါကဖျော်ဖြေရေးလုပ်ငန်းလား

ရှီရှန်းကသူမရဲ့ မျက်လုံးတွေကိုပိတ်လိုက်ပြီး"ကျွန်မတစ်ယောက်တည်း နေချင်တယ်"လို့ ပြောလိုက်တယ်။ 

ပထမဆုံးဒီမှာ ဘာဖြစ်နေလဲဆိုတာနားလည်ဖို့ systemဆီကနေ သူမဇာတ်ကြောင်းလက်ခံရဦးမယ်။ 

အမျိုးသမီးက ရှီရှန်းရဲ့ချဉ်နေတဲ့မျက်နှာကို သတိထားမိလိုက်တယ်။ကြီးမားတဲ့တစ်စုံတစ်ခုဖြစ်ပျက်သွားသလိုပဲ။ သူမဆိုးဆိုးဝါးဝါး ခံစားနေရတာဖြစ်မယ်။ 

"ငါသွားပြီးဖုန်းပြောလိုက်ဦးမယ်။ သိပ်အများကြီးတွေးမနေနဲ့ဦး။ သတင်းစာရှင်းလင်းပွဲကအခုထိမလုပ်ရသေးဘူး။ဒါကြောင့်မို့ဘာမဆိုပြောင်းလဲသွားနိုင်တယ်။"အမျိုးသမီးကသူမရဲ့ပုခုံးကိုပုတ်လိုက်ပြီးတော့ သူမဖုန်းကိုယူပြီး အခန်းထဲက ထွက်သွားတယ်။ 

ရှီရှန်းက ဇာတ်ကြောင်းကိုပို့မလာသေးခင်မှာပဲ 

အခန်းတံခါးကိုလော့ခတ်ဖို့ ထသွားလိုက်တယ်။ 

အဲဒါက ဖျော်ဖြေလုပ်ငန်းအပေါ်မှာအခြေခံထားတဲ့ လက်စားချေတဲ့ဇာတ်လမ်းပဲ။ 

ဒီကမ္ဘာရဲ့ ဇာတ်လိုက်မက ဝမ်ချောင်ဖြစ်ပြီးသူမက မှန်ကန်တဲ့ ယောက်ျားတစ်ယောက်ကိုလက်ထပ်ထားတယ်လို့ ထင်ခဲ့တယ်။ သူမရဲ့ခင်ပွန်းအပေါ်မှာ အရာအားလုံးကို 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Nơi câu chuyện tồn tại. Hãy khám phá bây giờ