[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[38]
"မန်ရှီယန်ပဲဖြစ်ပါတယ်"
ပရိသတ်တွေကစက္ကန့်အနည်းငယ်လောက်တိတ်ကျသွားပြီး တော်တော်များများရဲ့မျက်လုံးတွေက ရှီရှန်းအပေါ်ကျရောက်လာကြတယ်။
လူတိုင်းဆုရမယ့်သူက ရှီရှန်းဖြစ်မယ်လို့ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ့်တကယ်ဆုရသွားတဲ့သူက မန်ရှီယန်ဖြစ်နေခဲ့တယ်။
*ဖြောင်း ဖြောင်း ဖြောင်း* စက္ကန့်အနည်းငယ်ကြာတော့ နှောင့်နှေးတွန့်ဆုတ်မှုအနည်းငယ်နဲ့အတူ လက်ခုပ်ဩဘာသံတညံညံကိုကြားလိုက်ရတယ်။
မန်ရှီယန်ကဒီမတိုင်ခင်ကမျက်နှာမကောင်းပေမယ့် နောက်တော့ပြန်ကြည်လာခဲ့တယ်။
ကုချီကရှီရှန်းရဲ့လက်ကို ဆုပ်ကိုင်ပေးလိုက်တယ်။
ရှီရှန်းကကုချီကိုလှည့်ကြည့်ပြီး အချိန်တဒင်္ဂစာလောက်ပြုံးပြလိုက်တယ်။ အဲ့ဒီမြင်ကွင်းဟာကင်မရာထဲပါသွားပြီး Liveကြည့်နေကြတဲ့ဖန်တွေကတကယ်ပဲ တော်တော်ကိုသွေးရူးသွေးတန်းဖြစ်နေကြပြီး အနှီဖြစ်ရပ်ကိုမျက်မြင်တွေ့စေပြီးနောက် ဖန်တွေကိုနှစ်သိမ့်လိုက်နိုင်တယ်။
ချက်ချင်းပဲမျက်နှာပြင်တစ်ခုလုံးက တက်လာတဲ့မက်ဆေ့ခ်ျတွေနဲ့ဖုံးကွယ်ခံလိုက်ရဆယ်။
ကုချီလိုညှို့ဓာတ်ပြင်းတဲ့မင်းသားလေးက တစ်စက္ကန့်အတွင်းမှာလူတိုင်းကို မှင်သက်သွားအောင်အမြဲတမ်းလုပ်နိုင်တယ်။
[ရွှေရောင်ဆုပေးပွဲနဲ့ပက်သက်လို့ ဘာများကောင်းတာရှိလို့လဲ?]
[ငါတို့Prince Charmingကအော်စကာဆုကို ရည်မှန်းထားလို့ရတယ်]
[အော်စကာ+1]
[Prince Charmingရေ ဆက်လုပ်ထား,ငါတို့နင့်ကိုထာဝရချစ်နေမှာ]
ဆုပေးပွဲအခမ်းအနားပြီးဆုံးသွားတော့ လူတွေအားလုံးအပြင်ကသတင်းထောက်တွေဆီက အင်တာဗျူးတာခံရဖို့အတွက် ဖြည်းဖြည်းချင်းထွက်လာကြတယ်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣