Unicode
ဒေဝါလီခံရတော့မယ့် စီအီးအို (၈)
ရှီရှန်း၏ကြောက်မက်ဖွယ်ကောင်းသော မှတ်ချက်ကြောင့် အနီးအနားတွင် စုရုံးနေကြသည့် ပွဲကြည့်ပရိသတ်များ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြတော့သည်။
အရူးတစ်ယောက်နှင့် လုံးဝ သွားမရှုပ်မိစေနဲ့။ စက္ကန့်ပိုင်းအတွင်း သူမက ရူးသွားပြီး လူတွေကိုခုတ်ပစ်မလားဆိုတာ ဘယ်သူသိမှာတုန်း။
" ရှင် တကယ် လာတယ်ဆိုတာ ကျွန်မဖြင့် မယုံနိုင်ဘူး " ပြင်းထန်သော အထင်အမြင်သေးမှုများ ပါနေသည့် နှစ်လိုဖွယ်ကောင်းသော အသံတစ်သံသည် ရှီရှန်းဘေးမှ ထွက်လာသည်။
ရှီရှန်း လှည့်ကြည့်လိုက်တော့ လက်ထဲတွင် ရှန်ပိန်ခွက်နှင့် အမျိုးသမီးတစ်ဦးသည် ညုတုတုပုံစံဖြင့် နံရံကို မှီထားသည်ကို တွေ့လိုက်ရသည်။ သူမ၏အကွဲကြောင်းများက သူမ၏ရှည်လျားသော ခြေတံများကို မြင်သာအောင် လှစ်ဟပြထားခြင်းကြောင့် မယုံနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းနေလေသည်။
လျန့်ချင်းက အေ-အဆင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။
သူမသည် မူလကိုယ်အား ယဲ့ဖုန်းကို မျှဝေရန် ပြောပြီး ယဲ့ဖုန်းတွင် အပျော်မယားများ ရှိနေခြင်းကို လက်ခံရန်လည်း တိုက်တွန်းခဲ့သည့် အမျိုးသမီးဖြစ်သည်။
" လျှိုရှန့်ကော၊ နင် ဘယ်လောက်တောင်ညံ့လဲ ကြည့်လိုက်ဦး " လျန့်ချင်းက စာနာသနားပြသည်။ " အစကတည်းက နင် ယဲ့ဖုန်းနဲ့ အတူနေဖို့ သဘောတူလိုက်ရင် နင် ဒီလိုအဆုံးသတ်သွားမယ် ထင်လား "
" မဟုတ်ရင် ငါက နင့်လိုဖြစ်သင့်တာလား " ရှီရှန်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ " နင့်လူက တစ်ခြားမိန်းမတွေနဲ့ စုံတွဲတွေလိုမျိုး အပြင်ထွက်နေတာကို စောင့်ကြည့်နေရသလိုလေ "
လျန့်ချင်း၏နှလုံးသားထဲရှိ နက်ရှိုင်းသည့်နေရာတွင် အနည်းငယ် ဖီဆန်မှုရှိနေနိုင်သည်။ သို့သော်လည်း ထိုအရာကို သူမအမူအယာတွင် မပြထားပေ။
အဲ့အစား သူမ၏မျက်နှာသည် အချစ်များဖြင့် ပြည့်နှက်နေသည်။ " သူ့နှလုံးသားထဲမှာ ငါ့အတွက် နေရာတစ်နေရာ ရှိနေသရွေ့ ယဲ့ဖုန်းလို လူတစ်ယောက်နဲ့ ရှိနေဖို့ ငါ ဆန္ဒရှိတယ် "
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
KAMU SEDANG MEMBACA
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasiCollaboration Work for Shisheng❣