Unicode
ရှီရှန်းက ဓားမကိုင်နိုင်ပေမယ့် ဓားက မိစ္ဆာတွေကိုသတ်နိုင်တုန်းပဲ။ မိစ္ဆာတစ်ဖွဲ့လုံးကိုသတ်ပစ်ဖို့အတွက် အချိန်အနည်းငယ်ပဲယူလိုက်ရတယ်။ ရှီရှန်းရဲ့နောက်လိုက်မိစ္ဆာလေးတွေခမျာ ငုတ်တုတ်မေ့နေကြရော…
‘မင်းသမီးလေးနောက်ကို လိုက်ဖို့ဆုံးဖြတ်လိုက်တာ မှန်သားပဲ.. နေဦး.. ပိုပြီးအရေးကြီးတာက အခုပြေးမှဖြစ်တော့မယ်..’
သူတို့တွေ ထွက်သွားမလို့ပြင်လိုက်သည့်အချိန် နောက်ထပ်မိစ္ဆာတစ်အုပ် ထပ်ရောက်လာခဲ့ပြန်တယ်။ ဇာတ်လိုက်နဲ့အတူရောက်လာတဲ့ ယွီရှောင်ချီကိုကြည့်ပြီး ရှီရှန်းလည်း သူမရဲ့လက်သေးသေးလေးကို နဖူးပေါ်တင်လိုက်မိတော့တယ်။
‘တကယ့်အနှောင့်အယှက်ပဲ..’
“ယွီရီ.. ငါနဲ့ပြန်လိုက်ခဲ့စမ်း..”
ယွီရှောင်ချီက ရှေ့နှစ်လှမ်းတိုးလိုက်ပြီး ခပ်မာမာပြောလာခဲ့တယ်။
“မိစ္ဆာနယ်မြေကနေ မလွတ်မြေက်နိုင်တော့ဘူး..”
ရှီရှန်းက သူမရဲ့နားရွက်လေးတွေကို လက်နဲ့ဆော့ကစားနေလိုက်တယ်။
‘ဒီခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့စွမ်းအားတွေကို ထပ်ပြီးမထိန်းချုပ်ထားနိုင်တော့ဘူး..”
“နင့်အပူပါလား..?”
ယွီရှောင်ချီရဲ့မျက်လုံးတွေက မည်းမှောင်လာခဲ့တယ်။
“ယွီရီ.. နင်ပြန်မလိုက်ဘူးဆိုရင် ငါ့ကိုမယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့တော့..”
“နင်ဘာလုပ်ချင်လို့လဲ..?”
ရှီရှန်းက ခေါင်းလေးစောင်းပြီးမေးလိုက်တယ်။ သူမရဲ့အမွှေးပွပွခန္ဓာကိုယ်လေးက ချစ်စဖွယ်အတိပင်။ ဒါပေမဲ့ သူမရဲ့အသံကတော့ ကျောချမ်းစရာကောင်းနေခဲ့တယ်။
ယွီရှောင်ချီလည်း မကျေမနပ်ဖြစ်သွားပြီး ရှီရှန်းဆီကို အမြန်ပြေးသွားလိုက်တယ်။ ဒါပေမဲ့ ရှီရှန်းရဲ့ဓားက သူမကိုတားဆီးလိုက်တယ်။ ဓားဆီကဖြာထွက်နေတဲ့ရောင်ဝါတွေကြောင့် ယွီရှောင်ချီလည်း မသက်မသာခံစားလိုက်ရတယ်။
“ရွှမ်ဖုန်း..”
ရွှမ်ဖုန်းက ရှေ့ထွက်လာခဲ့ပြီး ဓားရဲ့ရောင်ဝါကိုရင်ဆိုင်လိုက်တယ်။ ယွီရှောင်ချီက ရှီရှန်းကိုတိုက်ခိုက်လိုက်တယ်။ ရှီရှန်းလည်း မိစ္ဆာလေးရဲ့လက်မောင်ကြားကနေ ခုန်ထွက်လိုက်ပြီး အမွှေးပွပွလက်သည်းများဖြင့် ယွီရှောင်ချီရဲ့ရင်ဘတ်ကို ကုတ်ခြစ်ပစ်လိုက်တယ်။
“ဗြိ..”
ယွီရှောင်ချီရဲ့ရင်ဘတ်နေရာက အဝတ်အစားတွေစုတ်ပြဲသွားပြီး သွေးတွေပန်းထွက်လာခဲ့တော့တယ်။ ယွီရှောင်ချီလည်း စိတ်ဆိုးမာန်ဆိုးဖြင့် ရှီရှန်းကိုလိုက်ရှာခဲ့ပေမယ့် မတွေ့တော့ဘူး။
“ဗြိ..”
နောက်တစ်ကြိမ် အသံထွက်လာခဲ့ပြန်တယ်။
ထို့နောက် စုတ်ဖြဲသံက တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထွက်ပေါ်လာခဲ့တော့တယ်။ ယွီရှောင်ချီရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်း အင်္ကျီပြဲရာတွေနဲ့ပြည့်နှက်နေပြီး သွေးအလိမ်းလိမ်းဖြင့် စိတ်ပျက်ဖွယ်ရာပင်။ ရှီရှန်းက မြေကြီးပေါ်မှာခြေချလိုက်ပြီး လက်သည်းတွေကို မြေကြီးနဲ့ပွတ်သပ်လိုက်တယ်။
‘ငါက သားရဲကောင်လေးဖြစ်သွားတာနဲ့ နင့်ကိုဘာမှမလုပ်နိုင်တော့ဘူးလို့ထင်နေတာလား..? သားရဲတွေမှာလည်း ဂုဏ်သိက္ခာရှိတယ်ဟဲ့..’
“ယွီရီ..”
ယွီရှောင်ချီရဲ့မျက်လုံးတွေက အမုန်းတရားတွေပြည့်နှက်လာခဲ့တော့တယ်။
‘ဒီမိန်းမက ဘာလို့ဒီလောက်သိက္ခာမရှိရတာလဲ..?’
‘အဲ့မိန်းမကိုသတ်ပစ်.. သတ်ပစ်လိုက်..’
အသံတစ်ခုက ယွီရှောင်ချီရဲ့ခေါင်းထဲမှာ ရုတ်တရက်မြည်ဟည်းလာခဲ့တော့တယ်။ ယွီရှောင်ချီရဲ့မျက်ဝန်းတွေက နီရဲလာခဲ့ပြီး ရူးသွပ်နေသလိုပင်။ ထို့နောက် ဘာမှမစဉ်းစားတော့ပဲ ရှီရှန်းရှိရာပြေးသွားလိုက်၏။
‘သတ်ပစ်.. အဲ့မိန်းမက သေသင့်တယ်..’
ဒါပေမဲ့ ရှီရှန်းကသေးကွေးလွန်းတော့ လျင်လျင်မြန်မြန်ရှောင်တိမ်းလိုက်တယ်။ ယွီရှောင်ချီတစ်ယောက် သူမကိုမသတ်နိုင်ခဲ့ဘူး။ အကြိမ်ရေများလာတော့ ယွီရှောင်ချီမှာ ရူးသွပ်သည်ထက် ပိုမိုရူးသွပ်လာခဲ့တော့တယ်။
ယွီရှောင်ချီက တစ်ခုခုထူးဆန်းနေသလိုပဲ။ ရှီရှန်းရဲ့အတွေး
ဒါပေမဲ့ ဘာဖြစ်နေမှန်း တိတိကျကျမပြောတတ်ဘူး။
‘မေ့လိုက်တော့.. ဖောက်ခွဲပစ်လိုက်တာပဲကောင်းတယ်..’
ရှီရှန်းက အလုံးလေးတစ်လုံးကိုထုတ်လိုက်ပြီး ယွီရှောင်ချီဆီကို ပစ်ပေါက်လိုက်တယ်။ ခရမ်းရောင်အလုံးလေးက မျဉ်းကွေးပုံစံအတိုင်း လေထဲပျံဝဲသွားပြီး ယွီရှောင်ချီရဲ့ခြေထောက်နားကို ကျရောက်သွားခဲ့တယ်။
“ခလွမ်.. Buzz..”
ရုတ်တရက် ကျင်းအကြီးကြီးဖြစ်သွားခဲ့ပြီး ခရမ်းရောင်မိုးကြိုးတွေနဲ့အတူ ကြီးမားတဲ့စွမ်းအားတွေက ကျင်းကြီးထဲကနေထွက်ပေါ်လာခဲ့တော့တယ်။ စွမ်းအားအရှိန်ကြောင့် ရွှမ်ဖုန်းလည်း ခပ်ဝေးဝေးကိုလွင့်စင်သွားတော့တယ်။ ထို့နောက် ရှီရှန်းရဲ့ဓားကပျံဝဲသွားခဲ့ပြီး ရွှမ်ဖုန်းရဲ့ကိုယ်ပေါ်ကို တုံ့ဆိုင်းမှုမရှိထိုးစိုက်ပစ်လိုက်တယ်။
ရွှမ်ဖုန်းက ချက်ချင်းလှိမ့်ရှောင်လိုက်တာကြောင့် ဓားက လက်မောင်းကိုထိုးစိုက်သွားခဲ့တယ်။
“ကလန့်..”
ရွှမ်ဖုန်းက အနီရောင်ဓားကိုသုံးပြီး ရှီရှန်းရဲ့ဓားကိုခုခံလိုက်တယ်။ ရှီရှန်းရဲ့ဓားက သူ့ဘာသာနောက်ဆုတ်သွားပြီး ထပ်မံထိုးစိုက်လာပြန်တာကြောင့် ရွှမ်ဖုန်းလည်း ထပ်ပြီးလှိမ့်ရှောင်လိုက်တယ်။
နောက်တစ်ကြိမ်ထပ်လှိမ့်လိုက်တဲ့အချိန် ခရမ်းရောင်အလုံးတစ်လုံးက ကောင်းကင်ထက်မှကျဆင်းလာလေရဲ့။ ရွှမ်ဖုန်းတစ်ယောက် သဲသဲကွဲကွဲမမြင်လိုက်ရခင်မှာပဲ ကျယ်လောင်စူးရှတဲ့အသံနက်ကြီးက သူ့ရဲ့နားအိမ်ထဲအထိ မြည်ဟည်းသွားခဲ့တော့တယ်။ တုန်ခါသံတွေဆက်တိုက်ကြားနေရပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်း မိုးကြိုးလျှပ်စီးတွေကြားမှာ ပိတ်မိနေတော့တယ်။
ရှီရှန်းက ဓားပေါ်ခုန်တက်ပြီးလေပေါ်ပျံဝဲကာ တွင်းကြီးနှစ်ခုကို အပေါ်စီးကနေကြည့်လိုက်တယ်။ အမဲရောင်ပုံရိပ်နှစ်ခုကတော့ တွင်းအောက်ခြေမှာလဲလျောင်းနေကြလေတယ်။
‘ချီးပဲ.. တခြားလူတွေဆို ပြာဖြစ်သွားလောက်ပြီ.. ဇာတ်လိုက်နှစ်ကောင်ကျတော့ အခုထိဘာမှမဖြစ်သေးဘူး.. ခုထိ မသေသေးဘူးလား..?’
“ဂျိန်း.. ဂျလိန်း..”
လျှပ်စီးကြောင်းတွေကြောင့် ရှီရှန်းခမျာ ဟန်ချက်ပျက်သွားပြီး ဓားပေါ်ကပြုတ်ကျသွားခဲ့တော့တယ်။
‘ဇာတ်လိုက်နှစ်ကောင်ကိုဖောက်ခွဲမိလို့ ငါပါမိုးကြိုးပစ်ခံရတော့မှာလား..? ကောင်းရော..’
မိုးကြိုးတိမ်တိုက်ကြီးက ရှီရှန်းရဲ့အပေါ်တည့်တည့်မှာစုစည်းလာခဲ့ပြီး ခရမ်းရောင်မိုးကြိုးတွေက အရှိန်အဟုန်ဖြင့်ကျဆင်းလာခဲ့တော့တယ်။ ထိုမြင်ကွင်းက ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးဝါးမြိုပစ်တော့မယောင် ထင်မှတ်ရ၏။
ရှီရှန်းလည်း ထူးဆန်းတဲ့အဝတ်စတစ်ခုကို အမြန်ဝတ်ဆင်လိုက်ပြီး ဓားအောက်မှာပုန်းအောင်းနေလိုက်တယ်။ ဓားကတဖြည်းဖြည်းကြီးမားလာခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးထားခဲ့တယ်။
မိုးကြိုးသွားတွေက ဓားကိုထိခတ်နေတာကြောင့် ရှီရှန်းရဲ့ဓားလည်း အဆက်မပြတ်တုန်ခါနေတော့တယ်။ မိုးကြိုးသွားတွေက ဓားပတ်လည်မှာပြန့်ကျဲသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။
‘ငါ့ဓားက အလန်းဟ..’
ရှီရှန်းတစ်ယောက် မိုးကြိုးပစ်မခံရပေမယ့် ဖိအားဒဏ်ကိုခံစားနေရဆဲပင်။ တစ်ကိုယ်လုံးတုန်ယင်လာပြီး သွေးအန်သွားတော့တယ်။
“ဂျိန်း.. ဂျလိန်း..”
မိုးကြိုးသွားတွေက ရှီရှန်းရဲ့ဘေးပတ်လည်ကို အဆက်မပြတ်ကျဆင်းနေတာကြောင့် မြေကြီးတွေ၊ ဖုန်တွေက ရှီရှန်းရဲ့မျက်နှာပေါ်မှာ ပေပွနေရောပဲ။ မိုးကြိုးကတော့ ဆက်ပစ်နေတုန်းပဲ။ ကြည့်ရတာ သူမ,မသေမချင်း မိုးကြိုးပစ်နေမှာထင်တယ်။
မိစ္ဆာလေးတွေခမျာ ကြောက်လွန်းလို့တုန်ယင်နေကြတော့တယ်။
မြေပြင်တစ်ခုလုံးတုန်ခါလာပြီး သစ်ပင်တွေလဲပြိုကာ ကျောက်တုံးများပင် အက်ကွဲလာကြတော့တယ်။ ရှီရှန်းလည်း အသက်ရှူမဝတာကြောင့် သတိလစ်မတတ်။
‘ဒီတစ်ခေါက်တော့ ငါသေရတော့မှာပဲ.. ငါတကယ်သေရတော့မှာပဲ..’
မြင်ကွင်းတစ်ခုလုံးပြာဝေလာတဲ့အချိန် သူမဆီကိုပြေးဝင်လာတဲ့ပုံရိပ်လေးတစ်ခုကို ဝိုးတဝါးမြင်လိုက်ရတယ်။ မိုးကြိုးသွားတွေကလည်း ထိုလူရဲ့ကျောပြင်ပေါ်ကို ကျဆင်းနေခဲ့တယ်…
…………
Space ထဲပြန်ရောက်တဲ့အချိန်အထိ ရှီရှန်းခမျာ အသက်ရှူကျပ်နေတုန်းပဲ..
အတော်ကြာမှ Screen ဆီကိုပြေးသွားလိုက်ပြီး..
“အဲ့လူက ဘယ်သူလဲ..?”
Screen က ပုံရိပ်တစ်ချို့ကို ပြသလာခဲ့တယ်။
ပုံရိပ်လေးတစ်ခုက မိုးကြိုးတွေကြားကနေ ဓားရှိရာပြေးလွှားလာခဲ့တယ်။ ပြီးတော့ သူမအတွက် မိုးကြိုးသွားတွေကိုတားဆီးပေးခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်တောင့်ခဲလာသည့်တိုင်အောင် သူမဆီကိုပြေးလာနေဆဲ။
Screen က မြင်ကွင်းပြောင်းလိုက်တာကြောင့် ထိုလူရဲ့မျက်နှာကို သဲသဲကွဲကွဲမြင်လိုက်ရတော့တယ်။
‘သူက.. ချင်းဟန်ပဲ..’
မြင်ကွင်းက ရုတ်တရက်ပြိုကွဲသွားပြီး ပျောက်ကွယ်သွားတော့တယ်။
‘ဇာတ်လိုက်နဲ့ဇာတ်လိုက်မလည်း သေဆုံးသွားခဲ့တယ်.. ဒါဆို အရင်တခေါက်က ဇာတ်လိုက်ကောင်ကိုပဲသတ်ခဲ့လို့ မိုးကြိုးအပစ်မခံခဲ့ရဘူး.. ဒီတစ်ခေါက် ဇာတ်လိုက်ရော၊ ဇာတ်လိုက်မပါသေသွားတော့ ငါ့ရဲ့ဇာတ်ကောင်လည်း မိုးကြိုးပစ်ခံရပြီးသေဆုံးရတယ်.. အဲ့လိုမျိုးလား..?’
“ချင်းဟန်က ဘာဖြစ်သွားတာလဲ..?” ဘာလို့ နောက်ဆုံးမှပေါ်လာရတာလဲ..?
[Host.. ကျွန်တော်လည်း မသိဘူးလေ.]
ဖုန်းစီကိုစစ်ဆေးကြည့်လိုက်သေးတယ်။ ငါထင်တာက Space ထဲကို ပြန်ရောက်နေပြီလို့ပေါ့.. ဒါပေမဲ့ ပြန်ရောက်မလာခဲ့ဘူး.. ကြည့်ရတာ ချင်းဟန်ရဲ့ခန္ဓာကိုယ်ထဲမှာ အိပ်ပျော်နေခဲ့တာများလား..? ဘာလို့ဒီလိုဖြစ်ကုန်တာလဲ..? ငါလည်းမစဉ်းစားတတ်တော့ဘူး.. ဧကန္တ System Shut Down ဖြစ်သွားတာနဲ့ပက်သက်နေမလား..? Master ပြန်လာတော့မှ အကြောင်းစုံမေးကြည့်ရတော့မှာပဲ…
“အရူးကောင်..”
“………….”
အမည် : ရှီးရှန်
ကိုယ်ကျင့်တရားရမှတ် : -250,000
အသက်အမှတ် : 20
အကူအညီရမှတ် : 30,000 (ဇာတ်ကောင် ‘ယွီရီ’ ပြိုကွဲသွားခဲ့ရသည်.. အနှုတ် 1,000 အမှတ်၊ မစ်ရှင်ဆုလာဘ် : 0)
မစ်ရှင်အဆင့် : A
မစ်ရှင်ရမှတ် : 61
အပိုမစ်ရှင် : မအောင်မြင်ပါ
အပိုမစ်ရှင် ဆုလာဘ် : မရှိ
ပစ္စည်းစာရင်း : ဘုရင်မသရဖူ၊ တစ္ဆေုဘုရင်၏နှလုံးသား၊ မဟူရာညနက်
“ဇာတ်ကောင်ကို ပြန်ပြုပြင်လို့ရမလား..?”
ရှီရှန်းက ရုတ်တရက်ထမေးလိုက်တယ်..
‘ဇာတ်ကောင်ပျက်စီးစေဖို့ ငါမရည်ရွယ်ခဲ့ပါဘူး..’
[ရပါတယ်၊ အမှတ် 20,000 သုံးရမယ်.]
Host က ဇာတ်ကောင်ကိုပြန်ပြင်ပေးချင်နေတယ်.. ဘာလို့များပါလိမ့်..?
“5000”
[10,000 ]
“3,000”
ကပ်စေနည်းလိုက်တဲ့ Host…
[ဇာတ်ကောင်ရဲ့အချက်အလက်တွေကို ပြန်လည်စုစည်းပြီး ပြင်ဆင်နေပါသည်…
ပြုပြင်ရန်အဆင့်…
1%
10%
90%
99%
အချက်အလက်တွေကို အောင်အောင်မြင်မြင် ပြန်လည်ထည့်သွင်းပြီးပါပြီ..
စမ်းသပ်နေသည်..
ဇာတ်ကောင်ကို အောင်အောင်မြင်မြင်ပြုပြင်ပြီးပါပြီ]
……………………….
Meli Note:
အားလုံးပဲ Arc 17 ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ရှားရှားပါးပါး ကိုယ်တို့ရဲ့ MC ကြီး မမရှီရှန်းတစ်ယောက် အလူးအလိမ့်ခံလိုက်ရတဲ့အပိုင်းပါပဲ...
ဒီ Novel အပြည့်အစုံကိုတော့ Meli ရဲ့ Acc ထဲက “Final Boss” ဆိုတဲ့ Reading List ထဲမှာ ရှာကြည့်နိုင်ပါတယ်..
နောက်ထပ် Novel တွေမှာ ပြန်လည်တွေ့ဆုံကြမယ်နော်..
……………………….
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣