Arc 17.20

2K 314 0
                                    

Unicode

လူအိုကြီးရဲ့အိမ်ကနေထွက်လာရင်း ဝူချန်လည်း စဉ်းစားရကျပ်နေတော့တယ်။

‘အခုလေးတင် သူမက အဘိုးကြီးကိုကယ်တင်ခဲ့တယ်.. ဘာဖြစ်လို့ အဘိုးကြီးရဲ့ကြင်နာမှုကို မညှာမတာငြင်းဆန်ရပြန်တာလဲ..? မြေခွေးမိစ္ဆာလေး ဘာတွေတွေးနေသလဲဆိုတာကို ငါ,တကယ်နားမလည်နိုင်တော့ဘူး..’

လူအိုကြီးက ရွာအတွင်းပိုင်းမှာနေတာကြောင့် သူတို့ပြန်ထွက်လာတော့ ရွာတစ်ရွာလုံးကို ဖြတ်သန်းလာခဲ့ရတယ်။ ကောင်းကင်က‌ မည်းမှောင်နေပြီး အိမ်တိုင်းရဲ့မီးခိုးတိုင်တွေကနေ မီးခိုးတလူတူထွက်နေကြချေပြီ။ အိမ်တိုင်း ညစာပြန်ဆင်နေကြတာကြောင့် အစားအသောက်တွေရဲ့မွှေးရနံ့က ရွာလေးအတွင်း လေနဲ့အတူသင်းပျံ့နေတော့တယ်။

ငြင်းခုန်နေတဲ့အသံတစ်ခု တဖြည်းဖြည်းကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။ ရွာအဝင်ဝနဲ့နီးလေ ရန်ဖြစ်နေတဲ့အသံက ပိုပြီးကျယ်လောင်လာလေပဲ။


“ရှောင်ဟူက ကလေးပဲရှိသေးတာ.. ဘယ်လိုလုပ်စဉ်းစားတတ်ဦးမှာလဲ..? နင်ကလူကြီးဖြစ်နေပြီလေ၊ ဘာကိစ္စ ကလေးတစ်ယောက်နဲ့ အပြိုင်ငြင်းခုန်နေရတာလဲ..?”

“အငြင်းပွားနေတာတော်လောက်ပြီ အန်တီဝမ်.. ရှောင်ဟူကိုသာ တောင်းပန်ခိုင်းလိုက်ပါ..”

“ရှောင်ဟူက ဘာလို့တောင်းပန်ရမှာလဲ..?”

ရွာအဝင်ဝနားကအိမ်လေးတစ်လုံးကို ရွာသားတစ်ချို့က ဝန်းရံထားကြလေတယ်။ ရွာသားတွေက အိမ်လေးထဲကိုလက်ညှိုးထိုးနေကြပြီး အိမ်လေးထဲကလူကလည်း ပြန်ရန်တွေ့နေခဲ့တယ်။

“ဘာလို့လဲ..? ရှင်တို့က ကျွန်မနဲ့တိုက်ခိုက်ချင်လို့လား..? ဘာလေ.. တိုက်ကြမယ်..”

လူအုပ်ကြီးရဲ့လှုပ်ရှားမှုက အိမ်ထဲကလူကို အပြင်ထွက်လာစေခဲ့တယ်။ အရပ်ရှည်ပြီးခန့်ညားတဲ့လူရွယ်တစ်ယောက်နဲ့ အေးစက်စက်အမျိုးသမီးတစ်ယောက်။ အထည်ကြမ်းတွေဝတ်ဆင်ထားသည့်တိုင်အောင် ထိုလူရွယ်ရဲ့ မြင့်မြတ်ခန့်ညားတဲ့အရှိန်အဝါက ပျောက်ကွယ်မသွားခဲ့ဘူး။

“ဆရာ..”

ဝူချန်က လူအုပ်ကြီးကိုဖြတ်သန်းပြီး သူတို့အနားကိုပြေးသွားလိုက်တယ်။ လူအုပ်အလယ်မှာတော့ ယွီရှောင်ချီနဲ့ချင်းဟန်က မတ်တပ်ရပ်နေခဲ့တယ်။ အန်တီဝမ်ဆိုတာကတော့ အခုလေးတင်အော်ဟစ်နေခဲ့တဲ့အမျိုးသမီးပဲ။

ဝူချန်က ချင်းဟန်ဆီကိုလျှောက်သွားလိုက်ပြီး..
“ဆရာ..”

ဝူချန်ရဲ့ထွက်ပေါ်လာမှုက အငြင်းပွားနေတဲ့လူအုပ်ကြီးကို ရပ်တန့်သွားစေခဲ့တယ်။ ချင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး တွေဝေနေသည့်ဟန်ပန်ဖြင့်…

“မင်းကဘယ်သူလဲ..?”

“ဆရာ..”
‘ငါ့ဆရာ ဘာဖြစ်သွားတာလဲ..?’

“တောင်းပန်ပါတယ်.. ကွန်တော်လူမှားသွားတာ..”

…………..

ချင်းဟန်က မှန်ဉာဏ်ပျောက်ဆုံးသွားပြီး ယွီရှောင်ချီနဲ့ အပြတ်မသားဆက်ဆံရေးမျိုးတောင် ရှိနေသေးတယ်။ ဝူချန်လည်း ငေးကြောင်နေမိတော့တယ်။

‘ဘာတွေ ဖြစ်ကုန်တာလဲ..?’ 

ယွီရှောင်ချီက ဝူချန်ကိုမြင်လိုက်တာနဲ့ ထိတ်လန့်သွားခဲ့တယ်။ ချင်းဟန်ကို ဆရာလို့ခေါ်လိုက်တဲ့အချိန်ဆို ပိုတောင်ထိတ်လန့်သွားသေးတယ်။

ရှီရှန်းကလည်း လူအုပ်ကြီးကိုဖြတ်ပြီး အေးအေးဆေးဆေးလမ်းလျှောက်လာခဲ့တယ်။


“ယွီရီ..”
ယွီရှောင်ချီက တည်းခိုဆောင်တုန်းကဖြစ်ရပ်ကို ပြန်တွေးမိသွားပြီး ရှီရှန်းကိုကြောက်လန့်နေခဲ့တယ်။

ရှီရှန်းကတော့ သူမကိုတစ်ချက်သာကြည့်လိုက်ပြီး ချင်းဟန်ကိုငေးကြည့်နေခဲ့တယ်။ ချင်းဟန်က လုံးဝအတိတ်မေ့နေသလိုပဲ။ သူမတို့ကို မသိသလိုကြည့်နေပြီး ယွီရှောင်ချီကို သူ့ရဲ့လက်မောင်းတွေကြားမှာ ထွေးပွေ့ထားခဲ့တယ်။

“ရှောင်ရီ..”
ဝူချန်ခမျာ ဘာလုပ်ရမှန်းမသိတော့ဘူး..

‘သူ့ဆရာက ဘယ်လိုလုပ်အတိတ်မေ့သွားရတာလဲ..?’

နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြပြီး ရှီးရှန်ကိုကြည့်နေတဲ့ ချင်းဟန်ရဲ့မျက်ဝန်းတွေက အေးစက်မှုအတိ။ ရှီရှန်းက ချင်းဟန်အနားကို ရုတ်တရက်ချဉ်းကပ်လိုက်ပေမယ့် သူကရှောင်ရှားသွားတာကြောင့် ရှီရှန်းလည်း ဓားထုတ်ပြီးလိုက်ခုတ်တော့တယ်။

“ရှောင်ရီ.. ဘာတွေလုပ်နေတာလဲ..?”
ဝူချန်က အော်လိုက်တယ်။

ရှီရှန်းရဲ့အပြုအမူက ဘေးပတ်လည်ကရွာသားတွေကို ကြောက်လန့်သွားစေတာကြောင့် ခပ်မြန်မြန်လူစုခွဲသွားပြီး တစ်ယောက်မှမကျန်အောင် ထွက်ပြေးသွားကြတော့တယ်။

ချင်းဟန်ကြည့်ရတာ ချီစွမ်းအားတွေပါ ပျောက်ကွယ်သွားတဲ့ပုံပဲ။ ရှီရှန်းက သူ့ကိုလဲကျသွားတောင်လုပ်ဖို့ အချိန်အနည်းငယ်ပဲယူလိုက်ရတယ်။


“ယွီရီ.. နင်ဘာလုပ်ချင်နေတာလဲ..?”
ယွီရှောင်ချီက ချင်းဟန်အနားကိုပြေးသွားပြီး သူ့အရှေ့မှကာထားလိုက်တယ်။

“ရှောင်ရီ.. ဆရာကအတိတ်မေ့နေတာလေ.. အဲ့လောက်ကြီး..” ‘မရက်စက်ပါနဲ့လား..?’

‘သူက မှတ်ဉာဏ်ပျောက်သွားရုံပဲလေ… ပြန်သတိရလာနိုင်တာပဲကို..’

ရှီရှန်းက ယွီရှောင်ချီကိုတွန်းဖယ်လိုက်ပြီး ချင်းဟန်အနားကို လျှောက်သွားလိုက်တယ်။ သူ့ရဲ့လက်ကောက်ဝတ်ကိုဆွဲယူလိုက်ပြီး ချီစွမ်းအားသွင်းကြည့်လိုက်တော့…

‘သူ,မဟုတ်ဘူး.. ဒီလူက အရင်ချင်းဟန်မဟုတ်ဘူး.. ဖုန်းစီမရှိတော့ဘူး..’

ရှီရှန်းဒေါသထွက်သွားပြီး သူ့ရဲ့လည်ပင်းပေါ်ကို ဓားတင်လိုက်တယ်။ ချင်းဟန်ရဲ့မျက်နှာက အေးစက်နေဆဲပဲ။ ထူးမခြားနားနဲ့မျက်နှာမျိုးနဲ့ သူမကို အေးစက်စက်စိုက်ကြည့်နေခဲ့တယ်။ ရှီရှန်းက သူ့ကိုသတ်ဖို့လုပ်လိုက်တဲ့အချိန် ချင်းဟန်ရဲ့မျက်ဝန်းတွေထဲမှာ ပုံရိပ်တစ်ချို့ဖြတ်ပြေးသွားခဲ့ပြန်တယ်။

ရှီရှန်းလည်းရပ်တန့်သွားပြီး ချင်းဟန်ရဲ့ခန္ဓာကိုယ်ထဲကို ချီစွမ်းအားထပ်သွင်းကြည့်လိုက်တယ်။

‘မဟုတ်ဘူးလား..? ဒါပေမဲ့ အခုလေးတင်..’

ရှီရှန်းက ယွီရှောင်ချီရဲ့ဒေါသအကြည့်အောက်မှာ ချင်းဟန်ကိုကြိုးချည်ထားလိုက်တယ်။ ဝူချန်လည်း ရှီရှန်းကို ငေးကြောင်ကြည့်နေရရှာတယ်။

‘ဒီလူက ထူးဆန်းနေတယ်..’

“Host, မစ်ရှင်ကို ဒီလိုနည်းလမ်းနဲ့ အောင်မြင်အောင်လုပ်လို့မရဘူးနော်… Hey..!..”

“ယွီရီ.. နင်ရူးနေတာလား… ငါ့ကို လွှတ်စမ်း..”

သူမလည်းကြိုးချည်ခံလိုက်တာကြောင့် ယွီရှောင်ချီတစ်ယောက် အော်ဟစ်နေတော့တယ်။ ချင်းဟန်ကတော့ တိတ်ဆိတ်နေဆဲပဲ။ ဒါပေမဲ့ ရှီရှန်းကို ကြောက်စရာကောင်းအောင်စိုက်ကြည့်နေခဲ့တယ်။

‘ကြောက်ဖို့ကောင်းလိုက်တာ.. နင်ကများ ငါ့ကို အဲ့လိုမျိုးစိုက်ကြည့်ရဲသေးတယ်..? တစ်ခုခုမှားနေတယ်လို့သာ မထင်ရင် နင်,အခုလေးတင်သေသွားပြီ.. ဟမ့်..!’

ရှီရှန်းက ပိတ်စတစ်ခုကိုဆွဲယူလိုက်ပြီး ချင်းဟန်ရဲ့မျက်နှာပေါ်မှာ အုပ်ထားပစ်လိုက်တယ်။ ဒီလူက ဖုန်းစီမဟုတ်ဘူးဆိုတော့ မနှစ်မြို့သလိုခံစားနေရတယ်လေ။

‘ငါ့ရဲ့ဆရာကို အဲ့လိုမလုပ်ခင် ငါ့ရဲ့ခံစားချက်ကိုရော ထည့်စဉ်းစားသေးရဲ့လား..?’
ဒါက ဝူချန်ရဲ့အတွေး..

“System.. ထွက်လာခဲ့စမ်း.. စကားပြောကြရအောင်..”

“မလိုဘူး.. ကျေးဇူးတင်တယ်.. ကျွန်တော် သေချင်ယောင်ပဲဆောင်နေတော့မယ်…”

“နင် ဒီလိုပဲတိတ်ဆိတ်နေချင်တာ သေချာပြီလား…”

“ကျွန်တော် ဆက်ပြီးသေချင်ယောင်ဆောင်နေပါတယ်…”


“ကောင်းပြီလေ.. ငါပြန်လာမှ နင်နဲ့တွေ့ကြတာပေါ့…”

…….

ဝူချန်က ချင်းဟန်အနားကိုကပ်သွားလိုက်ပြီး..
“ဆရာ.. တကယ်ပဲ ကျွန်တော့ကိုသတိမရတော့တာလား..? ဝမ်ရှန်းဂိုဏ်း အကြောင်းရော..?”

“ငါ မင်းကိုမသိဘူး..”
ချင်းဟန်က ဒီအဖြေတစ်ခုကိုပဲ ပြန်ပေးလာခဲ့တယ်။

ရှီရှန်းလည်း ပုဝါဖုံးထားတဲ့ချင်းဟန်ကိုစိုက်ကြည့်ရင်း အတွေးလွန်နေခဲ့တယ်။

‘ဇာတ်လိုက်မကို မေးကြည့်ရင်ကောင်းမလား..?’

ဒီလိုနဲ့ မေ့မျောနေတဲ့ဇာတ်လိုက်မလည်း ရှီရှန်းကြောင့်ပြန်နိုးလာခဲ့တယ်။ ယွီရှောင်ချီက မူးနောက်နေတဲ့ခေါင်းကိုခါးရမ်းလိုက်ပြီး ဗလုံးဗထွေးမေးလိုက်တယ်။

“ယွီရီ.. နင်ဘာလိုချင်တာလဲ..?”

“ဝမ်ရှန်းဂိုဏ်းမှာ ဘာဖြစ်ခဲ့သလဲ..? ငါ့ကိုပြောပြ..”

“နင်လည်း အဲ့နေရာမှာရှိခဲ့တာပဲလေ.. ဘာလို့ ငါ့ကိုမေးနေသေးတာလဲ..?”
ယွီရှောင်ချီက အံကြိတ်လိုက်တယ်။

ရှီရှန်းလည်း မျက်မှောင်ကြုတ်သွားခဲ့တယ်။
‘ငါက တစ်ချိန်လုံး အပြင်ကိုမထွက်ခဲ့ဘူးလေ.. ဘာတွေဖြစ်ခဲ့သလဲဆိုတာ ငါမသိဘူး..’

“ဝမ်ရှန်းဂိုဏ်းဘာဖြစ်ခဲ့သလဲ မင်းသိတာလား..? ငါ့ဆရာရော ဘာတွေဖြစ်ခဲ့တာလဲ..?”
ဝူချန်က လှည့်ကြည့်ပြီးမေးလာခဲ့တယ်။

ယွီရှောင်ချီက နှုတ်ခမ်းကိုက်လိုက်ပြီး.
“ရှင်သိချင်ရင် သူမကိုမေးလို့ရတယ်လေ.. ဘာလို့ ကျွန်မကပြောပြရမှာလဲ..?”

ဝူချန်က ရှီရှန်းကိုလှည့်ကြည့်လိုက်တယ်။ ရှီရှန်းလည်း အဲ့အချိန်တုန်းကဘာတွေဖြစ်ခဲ့တယ်ဆိုတာကို လုံးဝမသိတာကြောင့် ယွီရှောင်ချီရဲ့လည်ပင်းပေါ်မှာ ဓားထောက်လိုက်ပြီး ဖိအားပေးလိုက်တယ်။

“မြန်မြန်ပြော.. မဟုတ်ရင် နင်အသတ်ခံရမယ်..”

အေးစက်စက်အငွေ့အသက်က လည်ပင်းမှတဆင့် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တာကြောင့် ယွီရှောင်ချီလည်း တုန်ယင်လာတော့တယ်။

‘သူမကသိရဲ့သားနဲ့ ငါ့ကိုအတင်းပြောခိုင်းနေတယ်..’

ယွီရှောင်ချီရဲ့စိတ်ထဲမှာ သိမ်ငယ်သွားခဲ့ပေမယ့် ရှီရှန်းကအရမ်းရက်စက်တာကြောင့် မလှည့်စားရဲခဲ့ဘူး။ ထို့ကြောင့် ရှီရှန်းကိုတောင်းဆိုလိုက်တယ်။

“ငါ နင်နဲ့တစ်ယောက်ချင်းပြောချင်တယ်..”

ရှီရှန်းက ခက်ထန်စွာပြုံးလိုက်ပြီး..
“နင့်မှာ ငါနဲ့အပေးအယူလုပ်နိုင်ဖို့ အခွင့်အရေးရှိတယ်ထင်နေတာလား..?”

ယွီရှောင်ချီခမျာ မျက်နှာတစ်ခုလုံးနီရဲသွားလောက်အောင် ဒေါသထွက်နေပေမယ့် ဝမ်ရှန်းဂိုဏ်းပျက်ဆီးခဲ့ရတဲ့အကြောင်းကို ပြောပြလိုက်ရတော့တယ်။

မျက်နှာဖုံးလူရောက်လာခဲ့ပြီနောက် ဝမ်ရှန်းဂိုဏ်းသားတွေနဲ့တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့စွမ်းအားက လူတိုင်းကိုအံ့အားသင့်စေခဲ့တယ်။ သူက တောင်ပေါ်မှာရှိသမျှလူတိုင်းကို အလွယ်တကူရှင်းပစ်လိုက်ပြီး ရှီရှန်းနေတဲ့အခန်းထဲကို ပြေးဝင်ဖို့ကြိုးစားနေတာကြောင့် ချင်းဟန်နဲ့တိုက်ခိုက်ခဲ့ပြန်တယ်။

ဒါပေမဲ့ ချင်းဟန်ကလည်း မျက်နှာဖုံးလူရဲ့ပြိုင်ဘက်မဖြစ်ခဲ့ဘူး။ မျက်နှာဖုံးလူက ရှီရှန်းကိုသတ်ဖြတ်ချင်နေခဲ့တာကြောင့် နောက်ဆုံးတော့ချင်းဟန်လည်း တားမြစ်အတတ်ပညာတစ်ခုကိုသုံးပြီး တားဆီးလိုက်ရတယ်။ ထို့နောက် မျက်နှာဖုံးလူကစိတ်ဆိုးသွားပြီး ဝမ်ရှန်းဂိုဏ်းတစ်ခုလုံးကို တစ်ယောက်မကျန်သတ်ဖြတ်ပစ်တော့တယ်။

ယွီရှောင်ချီနဲ့ချင်းဟန်လည်း မြေအက်ကွဲကြောင်းထဲကိုပြုတ်ကျသွားခဲ့ရပြီး ချင်းဟန်ပြန်နိုးလာတော့ ဘာကိုမှမမှတ်မိတော့ဘူး။ ထို့အပြင် ဒဏ်ရာပြင်းပြင်းထန်ထန်လည်း ရသွားခဲ့တယ်။ ဒါက ယွီရှောင်ချီသိသမျှအကုန်ပဲ။

သူမက ဒဏ်ရာအပြင်းအထန်ရထားတဲ့ချင်းဟန်နဲ့အတူ မြေအက်ကွဲကြောင်းထဲကနေ ထွက်လာခဲ့လိုက်တယ်။ ထို့နောက် ဒီရွာမှာနေထိုင်ရင်း ချင်းဟန်ရဲ့ဒဏ်ရာတွေကို ကုစားပေးနေခဲ့တယ်။

ရှီရှန်းလည်း ယွီရှောင်ချီပြောသမျှကို တစ်ခုမှမမှတ်မိတာကြောင့် တိတ်တဆိတ်နားထောင်နေလိုက်တယ်။

‘ငါလည်း အတိတ်မေ့နေတာများလား..?’

…………………………..
Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now