Arc 16.16

2.9K 415 6
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[16]

ရှီရှန်း နုတ်ထွက်သွားတော့ အစ်ကိုလျန်နဲ့အစ်မမိန်တို့က စာချုပ်ဖောက်ဖျက်တဲ့ကိစ္စနဲ့ပက်သက်တာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျန်ရစ်ခဲ့တယ်။သူမရဲ့အခြားလက်ထောက်နှစ်ယောက်နဲ့အတူ ရိုက်ကွင်းကနေထွက်လာခဲ့တယ်။ 

သတင်းက မြန်မြန်မြန်ဆန်ဆန်ပဲ ထုတ်ပြန်ခံလိုက်ရတယ်။

#ပထမဆုံးဧကရီ ရုပ်ရှင်မှလန်ရှန်း ထွက်ခွာခြင်း#

#ပထမဆုံးဧကရီရုပ်ရှင်စတင်ရိုက်ကူး,အဓိကဇာတ်ဆောင်မင်းသမီး ရုပ်ရှင်မှထွက်ခွာ#

#ရုပ်ရှင်ဘုရင်မနုတ်ထွက်ခြင်းရဲ့ နောက်ကွယ်ကအမှန်တရား#

ချန်ယွမ်ကအစည်းအဝေးပြီးမှ ကမ္ဘာကြီးပြောင်းလဲသွားတာကို သိလိုက်ရတယ်။

သူမWeiboတစ်လျှောက်ကို လိုက်လျှောက်ကြည့်ကြည့်ပြီး အမျိုးမျိုးအဖုံဖုံထင်ကြေးပေးထားတဲ့ခေါင်းစဉ်တွေကိုကြည့်ရင်း သူမမျက်နှာလည်းဖြူရော်လာရတယ်။ 

'ဒီကောင်မလေးနဲ့တော့ ငါဘယ်လိုလုပ်ရပါ့!'

ချန်ယွမ်က ရှီရှန်းကိုသူမရဲ့ဆဲလ်ဖုန်းနဲ့ ဖုန်းခေါ်လိုက်တယ်။

ရှီရှန်းဆီဖုန်းဝင်တဲ့အချိန် သူမကဇာတ်လိုက်မကို စူးစိုက်ကြည့်နေတာဖြစ်တယ်။ 

'ဂုဏ်ယူရသောနေ'ရုပ်ရှင်အဖွဲ့သားတွေလည်း အဲ့မှာပဲရှိနေတယ်။ရိုက်ကွင်းနေရာကသိပ်မကြီးတာမို့ တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်ဘဲ ပက်ပင်းတိုးမိတာတွေကသိပ်ပြီးမထူးဆန်းလှပေ။ 

လောလောဆယ် ထူးဆန်းတာက ဇာတ်လိုက်မနဲ့ ပက်ပင်းတိုးမိတာပဲ။

ပြဿနာကဒီလို။

ရိုက်ကူးရေးနေရာရဲ့ ကားပါကင်ထိုးတဲ့အကွက်က အသစ်ပြုပြင်ထားတဲ့အဆောက်အအုံရဲ့အောက်မှာဖြစ်တယ်။ဒီတော့ ကားတွေကိုရတဲ့နေရာမှာ ထားထားတော့တာပေါ့။ 

ဖြစ်ချင်တော့ ဝမ်ချောင်ရဲ့ကားက သရုပ်ဆောင်တစ်ယောက်ရဲ့ကားကို သွားပြီးပိတ်မိတယ်။ဒါပေမဲ့ အဲ့ဒီသရုပ်ဆောင်ရဲ့ကားက ရှီရှန်းရဲ့ကားကိုသွားပိတ်ထားရော။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now