Arc 19.29

1.8K 284 16
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂၉)

ထိုသူခိုးကိုရှောင်ရှားရန်အတွက် ရွေ့လျားနေသော ထရပ်ကားတစ်စီးသည် ရှီရှန်း၏ကားနှင့်  ပြင်းထန်စွာတိုက်မိသွားသည်။

ကောင်းကောင်းလေး ပြီးသွားတာပဲ!
တစ်ခြားကားတစ်စီးကို ဖမ်းမိသွားတယ်

အိမ်မွေးတိရစ္ဆာန် ရောင်းသည့်ဆိုင်၌ လူအုပ်ကြီးရှိနေခဲ့သည်။ ယာဉ်တိုက်မှုကြောင့် လမ်းတစ်လမ်းလုံး ပိတ်ဆို့နေခဲ့ပြီး လူအုပ်သည်လည်း ပရမ်းပတာဖြစ်နေကာ သူခိုးသည် လွတ်မြောက်ရန်အခွင့်အလမ်းကို ဖမ်းဆုပ်သွား၏။

အချိန်အနည်းငယ် ကြာပြီးနောက်တောင် ဘာတွေဖြစ်သွားမှန်းပင်မသိသော ယဲ့ကျန်းစိတ်ရှုပ်ထွေးသွားသည်။

လျှိုရှန့်ကောမှာ အလိုအလျောက် သတိပေးတဲ့ လုပ်ဆောင်ချက်ရှိနေတာလားဟ??

ရှီရှန်းသည် အရိပ်မည်းပုံသဏ္ဍာန်တစ်ခုကို လူအုပ်ကြီးကြားမှတဆင့် စစ်ဆေးလိုက်လေသည်။ ထို့နောက်သူမသည် ခွေးလေးကို ယဲ့ကျန်း၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ထိုအရိပ်နောက်သို့ အမြန်ပြေးလိုက်သွားတော့သည်။

......

ကျန်းကျွိသည် ထိုရူးနှမ်းနေသည့် ရှီရှန်းနှင့် လုံးဝကို မတွေ့ချင်ပေ။

သို့ပေမယ့် ဒီအရူးမတစ်ယောက်ကတော့ သူ့ကို အားလပ်ရက်တွေမှာတောင် အနားယူဖို့ ခွင့်မပြုပေ။
သူသည် သူ့ဇနီးနှင့်ခွေးစာ၀ယ်ရန် ထိုနေရာ ရှိနေခဲ့ခြင်းဖြစ်သည်။ သူဘာလို့များ ဒီအရှုပ်တော်ပုံထဲ ဝင်မိပြန်တာလဲ?? ဒီအရူးမကလည်း သူ့ကိုတွေ့တိုင်း အမြဲတစေ ရန်သာလိုနေခဲ့သည်။

" ကျန်းကျွိ. . . ဘယ်လိုတောင် တိုက်ဆိုင်မှုလဲ?? " ရှီရှန်းက ကောင်မလေးတစ်ယောက်ကို ကျန်းကျွိဆီသို့ ဆွဲခေါ်သွားလိုက်သည်။

ကျန်းကျွိက ရယ်မောရင်း " မစ္စလျှို. . . ခင်ဗျားဘာဖြစ်လာတာလဲ ... "

ဒီကောင်မလေးက ခင်ဗျားကို ဘယ်လိုစိတ်ဆိုးအောင်များ လုပ်လိုက်တာလဲ??သူမ ဘယ်လောက်တောင် ကြောက်လန့်နေလဲ ကြည့်လိုက်ပါဦး. . . ဒါကြီးက သိပ်ပြီး လူသားမဆန်ဘူးနော်

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now