[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[25]
'ဂုဏ်ယူရသောနေ'ရဲ့advertising campaignကတော့ အရှိန်မြင့်နေဆဲပဲ။ရှီရှန်းကတော့သူမရဲ့ဇာတ်ကောင်ကို ထုတ်ဖော်ပြီးကတည်းက ပါဝင်ခြင်းမရှိတော့ဘူး။ဒါကြောင့်မို့ နေ့တိုင်းသူမလုပ်ရတာဆိုလို့ အိမ်ထဲမှာနေပြီးကုချီနဲ့အတူ ဂိမ်းဆော့တာပဲရှိတယ်။
ု
"နတ်ဘုရားမ နတ်ဘုရားမ ဒီကိုလာ မြန်မြန်"လင်းဇီနန်ကဧည့်ခန်းထဲမှာ အော်ဟစ်နေတော့တယ်။
ကုချီကသူ့ခေါင်းကို လေးလံစွာမော့ကြည့်လာပြီး သူမကိုတစ်ချက်ကြည့်လိုက်တော့ ရှီရှန်းကချက်ခနဲမြည်သံကိုကြားလိုက်ရပြန်တယ်။
ရှီရှန်းကစိုးရိမ်စပြုလာပြီး သူမဖုန်းကိုချထားလိုက်ကာ သူ့ခေါင်းကိုဖွဖွလေးပုတ်ပေးလိုက်တယ်။
ကုချီကမျက်တောင်ခတ်လိုက်ပြီး သူ့ခေါင်းကိုငုံ့လျက် ဂိမ်းဆက်ဆော့နေလိုက်တယ်။
ရှီရှန်းအပြင်ထွက်သွားတော့ လင်းဇီနန်ကtabletကိုကိုင်ထားတယ်။သူရှီရှန်းထွက်လာတာကိုတွေ့တော့ စိတ်လှုပ်ရှားစွာအော်လိုက်တယ်။"နတ်ဘုရားမ တစ်ယောက်ယောက်က နတ်ဘုရားမနဲ့ပက်သက်ပြီး ဆိုးရွားတဲ့စကားလုံးတွေနဲ့ တိုက်ခိုက်ထားတယ်"
ရှီရှန်းဆွံ့အသွားရပြီ။
သူမtabletကိုယူပြီးကြည့်လိုက်တယ်။အဲ့ဒါကသူမရဲ့ကျော်ကြားမှုကနေ viewerတိုးလာအောင်ရေးထားတဲ့ အတင်းအဖျင်းတစ်စုဆိုတာ သူမပြောနိုင်တယ်။ဒါပေမဲ့ရေးထားတဲ့ထဲက တချို့အကြောင်းအရာတွေကတော့ လူကိုဒွိဟဖြစ်စေတယ်။
"ငါ့မှာhaterတွေအများကြီးရှိတာပဲ စိတ်မပူနဲ့ လွှတ်ထားလိုက်"ရှီရှန်းသူ့ကိုtabletပြန်ပေးလိုက်တယ်။
ပို့စ်ပိုင်ရှင်ကသူမ(ရှီရှန်း) ရဲ့imageကို သိမ်မွေ့တဲ့ပုံစံနဲ့ရေးထားတာပဲ။သူမကဆက်ဆံရေးမှာမကောင်းပေမယ့်လည်း တခြားသူတွေကိုထိခိုက်လိုစိတ်တော့မရှိဘူး။
ရှီရှန်းဒီခန္ဓာကိုယ်ကိုပြောင်းလာတုန်းက သူမတခြားသူတွေကိုမရည်ရွယ်ပဲထိခိုက်စေမိတယ်။ကိစ္စတွေတစ်ခုပြီးတစ်ခုပေါ့။
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣