Unicode
အမှန်ပင် သူမသည် ခန္ဓာကိုယ်ကို သိပ်ဂရုမစိုက်ပေ။
သူမ၏ အသိစိတ်သည် ခန္ဓာကိုယ်မှ ဖယ်ထုတ်ခံပြီးသား။ သူမကိုယ်တိုင်ပင် သီးသန့်တည်ရှိနေခဲ့ပြီဖြစ်သည်။ အမျိုးသားဇာတ်လိုက်အတွက်မူ သူမ၏ခန္ဓာကိုယ်ရှိလျှင်တောင် အသုံးမဝင်ပါချေ။
ပြဿနာမှာမူ နဂိုပိုင်ရှင်၏ဆန္ဒ လူပြန်ဖြစ်ချင်ခြင်းပင်။ ဆိုလိုသည်မှာ သူမ နေထိုင်ဖို့ရန် ခန္ဓာကိုယ်တစ်ခုရှာရမည်။ သူမ လေထဲတွင် ခန္ဓာကိုယ်တစ်ခု ဖန်ဆင်းလိုက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။
ရှီရှန်းသည် သူမထိုလောက် မစွမ်းဆောင်နိုင်ကြောင်းတော့သိသည်။
သူမအတွက် အမှန်တကယ်ပင် အသုံးမလိုသည့်အရာတစ်ခုအတွက် အကူအညီတောင်းနေရသည်မှာ အမှန်ကိုအဆင်မပြေပေ။
ရှီရှန်သည် သူမ၏အောက်တွင်ရပ်နေသည့် 'လပြည့် ဖြည့်စွတ်ခဲ့သော အနောက်နန်းမြင့်' ဟူသည့် ခေါင်းပေါ်ရှိစာကြောင်းနှင့်လူကို စိုက်ကြည့်လိုက်သည်။
အချိန်အနည်းငယ်ကြာသောအခါတွင်မှ သူမပြန်ဖြေလာ၏၊
"အဲ့တာဆိုလည်း ဟုတ်ပြီလေ"သူမ၏ လေသံသည် မယုံနိုင်စရာပင် တည်ငြိမ်နေသည်။
လပြည့် ဖြည့်စွတ်ခဲ့သော အနောက်နန်းမြင့်သည် ရှီရှန်းအား ထူးထူးဆန်းဆန်းကြည့်လိုက်၏။
နေရောင်ခြည်တန်းလေးသည် ရှန်းဂျွဲ့နန်းတော်ကနေ" ထွက်လာပြီးသောအခါမှ စကားစပြောလာသည်။
"ကော တကယ်ပဲကျွန်တော်တို့ သူမကိုမကူညီတော့ဘူးလား"
"သူမက မင်းစီမှာ လူအစစ်တစ်ယောက်နဲ့တူနေလို့လား" လပြည့် ဖြည့်စွတ်ခဲ့သော အနောက်နန်းမြင့်သည် ပြန်ဖြေသည့်အနေဖြင့် မေးလိုက်သည်။
နေရောင်ခြည်တန်းလေး, "....ဒါပေါ့ သူမက ဘယ်လိုလို့ လူမဟုတ်ရမှာလဲ သူမ world channel မှာလျှောက်လုပ်နေတာပဲ ကြည့်ပါလား"
လပြည့် ဖြည့်စွတ်ခဲ့သော အနောက်နန်းမြင့်သည် သူ့ငကြောက် ညီလေးအား ကြည့်လိုက်သည်၊ စကားတစ်ခွန်းမှမပြောပဲ ေနရောင်ခြည်တန်းလေး ရှေ့ ဂိမ်းထဲမှ ထွက်သွားလေ၏။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣