Arc 19.26

1.8K 267 0
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂၆)

" မစ္စတာမု၊ ရှင် ကျွန်မဆီက ဘာလိုချင်လို့လဲ " ရှီရှန်း ကားပေါ်က မဆင်းဘဲ သူမမျက်လုံးတွေက ဟန်ရှောင်ကို ဖြတ်ပြီး မုပိုင်ကို ကြည့်နေသည်။

" မစ္စလျှိုကို တစ်ခုခု ပေးချင်လိုပါ " မုပိုင်က ရှီရှန်းရဲ့ကားရှေ့ဖုံးပေါ်ကို အနည်းငယ်ကြီးတဲ့ သေတ္တာတစ်လုံးကို တင်လိုက်သည်။

ထိုသေတ္တာကို ရင်းနှီးနေလေသည်။
အဘယ်ကြောင့်ဆိုသော် သူမ အရင်က လေလံပွဲတွင် မြင်ဖူးတာကြောင့်ပင်။

" ဒီအထဲက ဘာလဲ " အဲဒါက 'နတ်သမီးနှလုံးသား' လို့တော့ ငါ့ကို မပြောနဲ့နော်။

"နတ်သမီးနှလုံးသား" မုပိုင်၏အသံသည် မတိုးလွန်းသောကြောင့် ရှီရှန်း ရှင်းရှင်းလင်းလင်း ကြားနိုင်ရန် လုံလောက်လေသည်။

ဒီနှာဘူးက ငါလေးကို နတ်သမီးနှလုံးသား ပေးတယ်။
သူ့မှာ ရည်ရွယ်ချက်ကောင်း မရှိဘူးဆိုတာ ငါလေး သိနေတယ်။
ရှီရှန်း သူမဖုန်းကို ဆွဲထုတ်လိုက်ပြီး ကျန်းကျွီကို ဖုန်းခေါ်လိုက်သည် " ကျန်းကျွိ၊ ဒီမှာ နတ်သမီးနှလုံးသားကို သုံးပြီး ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတဲ့ နှာဘူးတစ်ကောင် ရှိနေတယ်...ဟုတ်တယ်၊ အဲ့ဒါက ရှင်တို့ကို အလုပ်ရှုပ်အောင်လုပ်နေတဲ့ အဲ့အရှုပ်ထုပ်ပဲ "

မုပိုင်: " ...... "
ဒါက မှန်ကန်တဲ့ တုံ့ပြန်မှု မဟုတ်ဘူးလေ။

ရှီရှန်း သူမဖုန်းကို ပစ်လိုက်ပြီး သူမဓားရှည်ကို ကိုင်ကာ ကားပေါ်မှ ဆင်းသွားသည်။

......

ကျန်းကျွိ လူတွေနဲ့အတူ ရောက်လာချိန်တွင် သူ ပထမဆုံး မြင်လိုက်ရတဲ့ အရာမှာ သံတိုသံစတွေဖြစ်သွားတဲ့ ကားဖြစ်ပြီး ထိုနောက်မှသာ မြေပေါ်တွင် ချည်ခံထားရတဲ့ မုပိုင်ကို သူ တွေ့လိုက်ရသည်။

မုပိုင်......
ဒါက ဘယ်လိုလုပ် မုပိုင်ဖြစ်နေတာလဲ??
ဒါက ကိစ္စကြီးပဲ။

မုပိုင်: " ...... " ငါ ရင်ထဲမှာ နည်းနည်း ကြေကွဲနေတယ်၊ ဒါပေမယ့် ငါက လူကြီးလူကောင်းတစ်ယောက်ဖြစ်တာကြောင့် ငါက ရည်မွန်ပြီး တည်ငြိမ်ရမယ်။

ရှီရှန်းက စိတ်ပျက်စွာဖြင့် သူမ၏အေးစက်သည့် သံဓားရှည်ကို ယမ်းလိုက်သည်။ " နင်တို့ လာတာ နှေးလွန်းတယ် "

" ယာဥ်ကြောပိတ်ဆို့မှု " ကျန်းကျွိက လေးနက်တဲ့ အမူအရာနဲ့ ပြန်ပြောသည်။

သူတို့ရဲဌာနမှာ ဘယ်လောက်အလုပ်များလိုက်လဲ။ ဒီအရူးမလို အချိန်တိုင်း ပြဿနာရှာနေတာ ဘယ်သူရှိမှာလဲ။

ရှီရှန်းက မြေကြီးပေါ်က သေတ္တာကို ညွှန်ပြလိုက်သည်။
ကျန်းကျွိလည်း သူ့နောက်က လူကို တစ်ချက်ကြည့်လိုက်တော့သည်။ အဖြူရောင်ကုတ်အင်္ကျီနဲ့ သူ့နောက်က လူက ချက်ချင်း သေတ္တာကို ကိုင်ဖို့ ရှေ့သွားပြီး ဖွင့်လိုက်သည်။

ရှီရှန်းအနေနှင့် ထိုပစ္စည်းမှာ အစစ်ဖြစ်ကြောင်း အသိအမှတ်ပြုရန် အကြည့်တစ်ချက်သာ လိုလိုက်သည်။
ထိုပစ္စည်းသည် ရဲစခန်းတွင် ရှိနေသင့်သော်လည်း မုပိုင်လက်ထဲတွင် ပေါ်လာခဲ့သည်။ မုပိုင်၌ တကယ့်ကို နည်းလမ်းများရှိလေသည်။

" မစ္စလျှို၊ ဘာဖြစ်ခဲ့တာလဲ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောပြပေးပါ "  ကျန်းကျွိ သတိရှိရှိဖြင့် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

" ငါ ပြန်လာတဲ့အချိန် သူက တံခါးနားမှာ ရပ်ပြီး ငါ့ကို တစ်ခုခု ပေးချင်တယ်လို့ ပြောတယ်...ငါက သူနဲ့ မရင်းနှီးပေမယ့် သူက ငါ့ကို အလျဥ်းသင့်သလို တစ်ခုခု ပို့ခဲ့တယ်၊ အဲ့ဒါရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်ဆိုတာ သိသာနေတာပဲ ဘလာဘလာဘလာ...... "

အစိုးရဌာနရဲ့မှတ်တမ်းတင် အမြန်နှုန်းက ရှီရှန်းကို အမီမလိုက်နိုင်တော့ပေ။ သူ အားလုံးကို မမှတ်မိတော့တာကြောင့် နောက်ဆုံးတွင် phone recordingကိုသာ သုံးဖို့ ဆုံးဖြတ်လိုက်တော့သည်။

မည်သို့ပင်ဆိုစေ အဆုံးမှာ မုပိုင်က 'နတ်သမီးနှလုံးသား'အား ရှီရှန်းကို ပေးလိုသည်။ သို့သော် ရှီရှန်းက ဘာမှပြန်မပြောဘဲ ရဲကို ချက်ချင်း အကြောင်းကြားခဲ့သည်။

" မစ္စလျှို၊ ဒါက 'နတ်သမီးနှလုံးသား'လေ...ခင်ဗျား တကယ် မလိုချင်ဘူးလား " ကျန်းကျွိက ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု မေးခဲ့သည်။

ကားထဲ ၀င်နေတဲ့ ရှီရှန်းက မုပိုင်ကို ကြည့်ရင်း သူမ ပြောလိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now