Unicode
ဒေဝါလီခံရတော့မယ့် စီအီးအို (၃၁)
ဆင်းရဲသားများအတွက် ရန်ပုံငွေ အလှူပွဲ. . .အစိုးရက ငလျင်ဒဏ်သင့်ထားသော တောင်တန်းဒေသများရှိ ကလေးများအား လှူဒါန်းရန် ဤအလှူပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
မြို့တော်၏ ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံထားရသော ကျန်းကျွိသည်လည်း ဤပွဲကို ပုံမှန်အတိုင်းပင် တက်ရောက်ရမည်ဖြစ်၏။
သူခန်းမထဲသို့၀င်တော့အချိန်တွင် သူ့နောက်မှ တစ်စုံတစ်ဦး၏ အော်ဟစ်နေသံကို ကျန်းကျွိကြားလိုက်ရသည်။
"ခဏစောင့်ဦးလေ! လျှိုရှန့်ကော! မင်းနောက်က ဘယ်သရဲလိုက်လာလို့ မင်းကဒီလောက်မြန်မြန် လမ်းလျှောက်နေရတာလဲ?? မင်း မိန်းကလေးရော ဟုတ်ရဲ့လား?? မင်း ဒီထက်ပိုပြီး ဘယ်လိုပုံစံပေါက်အောင် လမ်းလျှောက်နိုင်သေးလဲ?? "
သူတစ်ချက် လှည့်ကြည့်လိုက်သောအခါ ရှီရှန်းက သူ့ဆီသို့ဦးတည်ကာ လမ်းလျှောက်လာနေပြီး လျှောက်နေသည့်ပုံမှာ တစ်ကယ်လည်းမိန်းမ မဆန်လှပေ။
" ကျန်းကျွိ. . . ဒီအလှူပွဲအတွက် ဒီမှာရောက်နေတာလား?? " ရှီရှန်းက ကျန်းကျွိရှေ့တွင် ရပ်လိုက်ပြီး " အခုကော ရှင်ငွေအလုံအလောက် ယူခဲ့ရဲ့လား??"
"... " သူ သူမကို လုံးဝမတွေ့ချင်ပေ။" မစ္စလျှို. . .မင်း တစ်ကျော့ပြန်အောင်မြင်ဖို့ စီမံပြီးနေပြီလား "
"အင်း. . .ကျွန်မက ရှင့်ထက်ပိုချမ်းသာသေးတာတော့ သေချာတယ်လေ " ရှီရှန်း မောက်မာစွာ ပြုံးလိုက်သည်။
ကျန်းကျွိ : " .... " ငါ့လို ဖြောင့်မတ်ရိုးသားတဲ့ ရဲတစ်ယောက်အနေနဲ့ ဆင်းရဲတာ ဘာမှားလို့လဲ??
အဲ့ဒါ ဘာဖြစ်နေလို့လဲ??ကျန်းကျွိသည် ဒေါသအိုးကွဲကာ ခန်းမထဲသို့ ဦးတည်သွားလိုက်သည်။
ရှီရှန်းက ပခုံးတွန့်ပြပြီး သူ့နောက်ကလိုက်လာသည်။
"အဲဒါ လျှိုရှန့်ကော မဟုတ်လား? ငါသူမကို မတွေ့တာကြာပြီ ... "
"တစ်ယောက်ယောက်က သူမကိုအမ်းထားတာဆိုတဲ့ ကောလဟလကရော ဘာဖြစ်သွားပြီလဲ?? နောက်ဆက်တွဲက ဘယ်မှာလဲ?? "
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣