Arc 19.12

2K 310 2
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၂)

ရှီရှန်း ငွေဆယ်ဆမြှင့်လိုက်ချိန်တွင် ဝတ်စုံပြည့်နှင့် လူမှာ မလွန်ဆန်နိုင်တော့ပေ။

သို့သော် ရှီရှန်းမှာ အောက်ပါဒိုင်ယာလော့များကိုသာ ပြန်ရခဲ့လေသည်။

“ အဲ့ဒါ ကျွန်တော်တို့ရဲ့သခင်လေးပါ ”

" နင့်သခင်လေးက ဘယ်သူလဲ ”

“ ကျွန်တော်တို့သခင်လေးလေ ”

“ နင့်သခင်လေးနာမည်က ဘာလဲ ”

“ ကျွန်တော်တို့က သခင်လေးလို့ပဲ ခေါ်တာ ”

“ ...... ”
ဒီအရူးကောင်ကတော့!

ဝတ်စုံပြည့်နှင့်လူ၏ လေးနက်သည့်အသွင်သည် ရှီရှန်းအား သံသယဝင်စေသည်။ သူ့သခင်နာမည်ကို သူ တကယ် မသိတာ ဖြစ်နိုင်ပါသည်။
သူ့သခင်လေးအနေနှင့် သူ့အား သုံးသည်မှာ အတော်လေးမှန်ကန်လေသည်။
သူ့အား လာဘ်ထိုးလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်ပေ။

ရှီရှန်း ထိုလူကို လွှတ်ပေးတော့မည့်အချိန်တွင် တံခါးသည် ရုတ်တရက် ဘန်းခနဲ ပွင့်သွားပြီး လက်နက်ကိုင်ရဲများက အပြင်ဘက်မှ စုပြုံ၀င်လာတော့သည်။
အဆိုပါမြင်ကွင်းသည် ထူးဆန်းလာတော့သည်။

"......"
ပြန်ပေးဆွဲခံထားရသည့် ၀တ်စုံပြည့်လူနှင့် ဓားဖြင့် ခုတ်ရန် အဆင်သင့်ဖြစ်နေသည့် ရှီရှန်း။

ရဲများလည်း ချွေးအေးများ ထွက်လာတော့သည်။ အကယ်၍ သူတို့သာ နောက်ကျသွားပါက ဤလူသည် သေအောင် ခုတ်ထစ်ခံရတော့မည်ဖြစ်သည်။

“ လျှိုရှန့်ကော၊ လူသတ်လက်နက်ကို ချထားလိုက် ” ရဲများက သူတို့သေနတ်များဖြင့် ရှီရှန်းကို ချိန်လိုက်သည်။ ရှီရှန်းအား မသိနားမလည်စွာ ကြည့်နေမိသည့် ဟန်ရှောင်ကို ချုပ်ကာ ဘေးဘက်ကို ပို့လိုက်ကြသည်။

“ ...... ”
ငါလေး တစ်ယောက်ယောက်ကို သတ်ပစ်ဖို့တောင် မစီစဥ်ရသေးဘူးဟ။
ရှီရှန်း သူမလက်ချောင်းများကို လှုပ်၍ သံထည်ဓားကို ဖြည်းဖြည်းချင်း ချလိုက်သည်။
ရဲအရာရှိများသည် အသက်ပင် မရှုဝံ့ကြဘဲ ဓားကိုသာ စိုက်ကြည့်နေကြသည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now