Arc 16.37

2.3K 287 16
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[37]

ကုချီကကားထဲကအရင်ထွက်လာတယ်။ တချို့ဂျာနယ်လစ်တွေကသူ့ကိုမှတ်မိသွားပြီး တမန်းကတန်းသူ့ပုံတွေကိုရိုက်တော့တယ်။ 

'ကုမိသားစုရဲ့သခင်လေးက ဒီမှာရှိတယ်ဆိုတော့ ကားထဲကတစ်ယောက်ကလန်ရှန်းပဲဖြစ်မယ်'

ကုချီကကားရဲ့တစ်ဖက်ခြမ်းကိုလျှောက်သွားတယ်။ သူတံခါးကိုဖွင့်လိုက်ပြီး အတန်ငယ်ဦးညွှတ်လိုက်ကာ သူ့ရဲ့လက်ကိုသူမဆီကမ်းပေးလိုက်တယ်။ 

ဂျာနယ်လစ်တွေကရုတ်တရက်ငြိမ်ကျသွားပြီး ကားထဲကလူပေါ်လာဖို့ကိုစောင့်နေကြတယ်။ 

သေးသွယ်တဲ့လက်ဖွေးဖွေးလေးက အရင်ပေါ်လာပြီး အပြာရောင်ဂါဝန်အနားစကနောက်ကနေထွက်လာတယ်။ ဂါဝန်ရှည်ကသူမရဲ့ခြေထောက်ကိုဖုံးထားပြီး ရှီရှန်းကဖြည်းဖြည်းချင်းထလာတယ်။ 

၎င်းကအပြာရောင်V-neckဂါဝန်ဖြစ်ပြီး ဂါဝန်ပေါ်၌ လက်လုပ်ပန်းထိုး၍ပုံစံဖော်ထားသည်မှာ ဖီးနှစ်ငှက်ကသူ့ရဲ့တောင်ပံတွေကို ဖြန့်ကားထားသည့်အလားပင်။ 

တခြားအနုပညာရှင်တွေနဲ့မတူသည်က သူမရဲ့V-neckဂါဝန်မှာဆက်စီကျမနေဘဲ ဖုံးထားသင့်တဲ့အစိတ်အပိုင်းတွေအားလုံးကိုဖုံးထားတယ်။ 

ဒါပေမဲ့သူမပေါ်လာတာနဲ့ မြင်သူတကာရဲ့အာရုံကိုညှို့ယူဖမ်းစားထားနိုင်ဆဲပါပဲ။ 

ကုချီကရှီရှန်းရဲ့လက်ကိုသူ့ရဲ့လက်မောင်းပေါ်တင်လိုက်ပြီး ကော်ဇောနီထက်ကိုခေါ်သွားတယ်။ 

"နတ်ဘုရားမရေ နတ်ဘုရားမ ဒီဘက်ကိုကြည့်ပါဦး!"

"အား! ငါ့ရဲ့နတ်ဘုရားမကိုအပြင်မှာမြင်ဖူးခဲ့ပြီ, သူမကအရမ်းချောတာပဲ!"

ရှီရှန်းရဲ့ဖန်တွေကအတားအဆီးအပြင်ဘက်ကနေ စိတ်လှုပ်ရှားစွာနဲ့အော်နေကြတယ်။ 

သူတို့ကကော်ဇောနီထက်မှာ မိနစ်အနည်းငယ်လောက်တော့နေနိုင်တယ်။ ရှီရှန်းကပြုံးပြီးဖန်တွေကိုလက်ရမ်းပြလိုက်ကာ ကုချီရဲ့လက်ကိုဆွဲယူပြီး ဖန်တွေသူတို့ရဲ့ဓာတ်ပုံတွေကောင်းကောင်းရိုက်နိုင်အောင် သူတို့နဲ့မျက်နှာချင်းဆိုင်ဖို့လှည့်လာကြတယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now