Arc 20.17

360 35 0
                                    

Unicode

ဓာတ်ခွဲခန်းတစ်ခုထဲတွင်။ 

ဓာတ်ခွဲခန်းတစ်ခုလုံးသည် အေးစိမ့်​နေပြီး အလင်းပြန်​စေသည့် ကိရိယာများဖြင့် ပြည့်နှက်နေခဲ့သည်။ အခန်းထဲတွင်​တော့ အရုပ်တစ်ရုပ်ကဲ့သို့ ဖြူဖျော့​နုနယ်သော မိန်းကလေးတစ်ဦးလှဲ​လျောင်း​နေသည်။ 

မရေမတွက်နိုင်သော မျက်လုံးများသည် တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်​နေကြပြီး ဖန်သားပြင်ကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားနေကြပုံရသည်။ 

"ဒီ~~ဒီ~~…" 

ဖန်သားပြင်ဟာ ရုတ်တရက် မည်းသွားကာ ဓာတ်ခွဲခန်းတစ်ခုလုံး အမှောင်ကျသွားခဲ့သည်။ 

"​ဖြောင်း!" 

တင်းကျပ်စွာ ပိတ်​နှောင်ထားသော ဓာတ်ခွဲခန်းမှတဆင့် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြင်းမသွားမီ သုံးစက္ကန့်​လောက် ဆူညံသွားခဲ့သည်။ 

အရံစွမ်းအင်ထောက်ပံ့မှုများ  ဝင်​ရောက်မလာခင်အတွင်း ဓာတ်ခွဲခန်းမှာ ရှုပ်ပွနေပြီး ဂိမ်းဆော့ဖ်ဝဲထဲမှ မိန်းကလေးသည်လည်း​ပျောက်ကွယ်သွားခဲ့သည်။ 

မိန်းက​လေး လှဲ​လျောင်း​နေခဲ့​သော ​နေရာဘေးတွင် အနက်ရောင်အပေါက်ကြီးတစ်ခုရှိပြီး အောက်ဘက်ရှိ စင်္ကြံလမ်းကို အပေါက်ကနေ မြင်နိုင်​​ပေသည်။

.....။ 

ထူထပ်နေသော ချုံပုတ်မှာ ခွေးလေခွေးလွင့်များမစင်စွန့်ရန်အတွက် ကောင်းကင်ဘုံတမျှဖြစ်​နေပြီး  မြေပြင်သည်လည်း အမှိုက်သရိုက်များနှင့် ပြည့်နေခဲ့သည်။ 

ရှီရှန်းက ဟောင်းနွမ်းပျက်စီးနေသော ​​မြောင်းဖုံးကို ဖွင့်လိုက်သောအခါ ခွေးလေခွေးလွင့်တစ်ကောင်က ခြေထောက်ကို မြှောက်ကာ ဆီးသွားရန် အဆင်သင့်ဖြစ်နေခဲ့ပုံရသည်။ 

ဘယ်ကမှန်းမသိတဲ့ သက်ရှိတစ်​ကောင်ရုတ်တရပ်​ပေါ်လာ​သောအခါ ​ခွေးသည် အမြှီးကုပ်ကာ တဂိန်ဂိန်​အော်ပြီး ထွက်​ပြေးသွား​​လေ​တော့၏။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now