Arc 16.3

3.6K 487 32
                                    

Unicode

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ရုပ်ရှင်ဘုရင်မ[3]

လန်မိသားစုရဲ့အာဏာနဲ့ဆို လန်ချင်းလှုပ်ရှားလိုက်သည်နဲ့တပြိုင်နက် ချန်ယွမ်ဟာ ချက်ချင်းပဲ'ဂုဏ်ယူရသောနေ'ရုပ်ရှင်အဖွဲ့က ရှီရှန်းကို ဒုတိယဇာတ်ကောင်အတွက် စမ်းသရုပ်ဆောင်ရန် တောင်းဆိုတဲ့ ဖုန်းကောလ်ကို လက်ခံရခဲ့တယ်။|ဒီနေရာမှာEng tran ကstood upလို့သုံးထားတာ stood up ကmeaning အများကြီးရှိတော့ ကိုယ်လှုပ်ရှားသည်လို့ပဲပြန်လိုက်တယ် သင့်လျော်တဲ့အသုံးအနှုန်းရှိရင် ပြောပြသွားလို့ရတယ်နော်။|

ချန်ယွမ် ရုတ်တရက် ဖုန်းချလိုက်မိတယ်။သူမမျက်နာက အလန့်တကြားနဲ့ဇောချွေးတွေပြန်နေတယ်။"သူတို့ ဦးနှောက်တွေ တစ်ခုခုလွဲနေတာလား?လူသစ်တစ်ယောက်နဲ့အတူတွဲလုပ်ခွင့်ပြုတယ်ပေါ့လေ။"

"အစ်မချန်,အချိန်?"

"ဘာအချိန်လဲ?"ချန်ယွမ် ရှီရှန်းအရှေ့ကဆိုဖာတွေဆီ လျှောက်သွားလိုက်တယ်။ 

"လူရွေးပွဲအတွက် အချိန်လေ"|ဘဝကြီးကaudition တစ်လုံးတည်းကိုပဲ အမျိုးမျိုးပတ်ပြန်နေရတယ်:-(|

"......"

ရုပ်ရှင်အဖွဲ့ကပဲ ဦးနှောက်ပျက်သွားတာမဟုတ်ဘဲ လန်ရှန်းရောလား!

"ရှန်းရှန်း,ဒါက ဒုတိယဇာတ်ကောင်ဆိုပေမယ့်လည်း သူမရဲ့ပင်ကိုစရိုက်စရိုက်က နှစ်ခြိုက်စရာမရှိဘူးလေ ပြီးတော့ သူမအဆုံးသတ်ကလည်းမကောင်းဘူးလေ။နင့်ရဲ့စံနေရာကနေ စဉ်းစားမယ်ဆို ဒီဇာတ်ကောင်ကိုယူဖို့ဘာလို့လိုနေမှာလဲ?"

"......"

ဒါကလန်ချင်းသူ့နည်းလမ်းနဲ့ ငါ့အတွက်ရအောင်ယူလာပေးတဲ့ ဇာတ်ကောင်လေ။မသုံးလိုက်ရင် ကျိန်းသေပေါက်ကို နှမြောစရာကြီးပေါ့။ 

"အစ်မချန်,ကျွန်မက သူတို့ကိုကောင်းချီးပေးဖို့အတွက် အဲ့မှာရှိနေရုံလေးပါ။"ရှီရှန်းက နားမလည်နိုင်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။ 

သူမကဇာတ်လိုက်မကို ကင်းထောက်ဖို့စီစဉ်နေတာလေ! 

ချန်ယွမ်က နည်းမျိုးစုံသုံးပြီး ရှီရှန်းကိုပြောပေမယ့် သူမမဖြောင်းဖျနိုင်ခဲ့ဘူး။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now