Arc 19.15

2K 311 0
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၅)

ဟန်ရှောင်က ဒီလူဘယ်သူလဲဆိုတာကို မသိပေ။ ထိုအချိန်တုန်းက သူမသည် ထိုလူနှင့် အတော်အတန်ဝေးနေခဲ့သောကြောင့် ဘာမှမကြားခဲ့ရခြင်းဖြစ်သည်။ ထိုလူတွေ တုန်လှုပ်နေကြခြင်းကိုသာ သူမတွေ့ခဲ့ခြင်းဖြစ်သည်။
ရှီရှန်းသည် မျက်လုံးများကို ထူးဆန်းစွာ ကျဥ်းမြောင်းလိုက်သည်။

လေလံပွဲပြီးကတည်းက ထူးဆန်းသည့်အရာများ ဖြစ်လာခဲ့သည်ပင်။
ဝတ်စုံပြည့်နှင့်သူ၊ မိတ်ဆက်လက်ဆောင်၊ နှုတ်ခွန်းဆက် စကား၊ ပန်းပွင့်များနှင့် ထိုထူးဆန်းသောသူမှအစ ရဲအရာရှိများက သူမကို အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်ပေးလိုက်သည်အထိပင်။

ထိုသူစီးလာသောကားမှာ လီကုန်း၏ ကားဖြစ်သည်။ သို့သော် လီကုန်းသည် အရေးမပါသည်များကို စိတ်မဝင်စားလောက်သောကြောင့် ပန်းများကို ပို့လောက်မည့်သူမဟုတ်ပေ။

ဒါသည် ဝတ်စုံပြည့်နှင့်သူပြောခဲ့သော သခင်လေးဆိုသူ၏ ကားပင်ဖြစ်ရမည်။

" လီကုန်းရဲ့ကုမ္ပဏီက ဘယ်ကုမ္ပဏီရဲ့ လက်အောက်ကလဲဆိုတာကို စစ်ဆေးပေး "  ရှီရှန်း ဟန်ရှောင်ကို အမိန့်ပေးလိုက်သည်။

" အိုး "  ဟန်ရှောင်က " စီအီးအိုလီရဲ့ ကုမ္ပဏီက ... " လီကုန်း၏ကုမ္ပဏီသည် မည်သည့်ကုမ္ပဏီ၏ လက်အောက်တွင်မှမရှိကြောင်း သူမပြန်သတိရသွားသည်။

သို့သော် ရှီရှန်းသည် ဟန်ရှောင်၏စကားကို နားထောင်ရန် အာရုံမရပေ။ သူမသည် ခေါင်းငုံ့ကာ ဆက်လက်စဉ်းစားနေခဲ့သည်။

သူမ မခန့်မှန်းနိုင်သည့် တစ်ခုတည်းသောအရာမှာ ထိုနေရာမှ သူမမည်သို့လွတ်လာခဲ့ခြင်းကို ဖြစ်သည်။ ပြီးတော့ဟန်ရှောင်ပြောပြခဲ့သည့် ချောမောခန့်ညားသော ယောက်ျားနဲ့ကော ဆက်စပ်မှု ရှိနေတာလား??

ထိုသို့ ဆက်စပ်မှုရှိနေပါက သူသည် ဝတ်စုံပြည့်ဖြင့်သူပြောသော သခင်လေးဖြစ်ရမည်။ အကယ်၍ ၎င်းသာမှန်ခဲ့လျှင် ... ထိုငတုံးကောင်၏ ရည်ရွယ်ချက်က ဘာများမို့လို့လဲ??
အရမ်းကို ရှုပ်ထွေးတယ်!!
သူမ ဒီအကြောင်းကို ထပ်မတွေးချင်တော့ပေ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now