Arc 18.10

688 75 6
                                    

Unicode

"ငါ ဒီကနေ ထွက်သွားမယ်" ရှီရှန်း က လေသံမာမာ နဲ့ ပြန်ဖြေတယ်။

"အခုအချိန်မှာလား?" ထိုလူကအံ့သြသွားပြီး

" ငါတို့ မင်းကို ဒုက္ခမပေးတော့ဘူး ။ ငါတို့ရဲ့ကပ္ပတိန်က သူ့ကတိကို ချိုးဖောက်မှာ မဟုတ်ဘူး၊ မင်း စိတ်ပူ စရာမလိုပါဘူး "

ထိုလူက ရှီရှန်း က သူမကိုထပ်ပြီး ဒုက္ခပေးမှာကို ကြောက်သည်ဟု ထင်ပြီး သူက ချက်ချင်း ရှေ့က ပိတ်ရပ်လိုက်သည်။

" အမ ။ "ရီအန်းသည် တုန်ယင်သောအသံဖြင့် ရှီရှန်း ကိုခေါ်လိုက်သည်။

သို့မှသာ ရီအန်း သည် ထိုလူ ၏ မျက်နှာသည် အလွန်ကြောက်စရာကောင်းသည်ကို မြင်ရသကဲ့သို့ အလွန်ဖြူဖျော့သွားသည် ကို သတိ ပြုမိသည်။ ထိုယောက်ျားက အံ့သြလို့ မဆုံး နိုင်ဘူး၊ ငါအရမ်းကြောက်စရာကောင်း​နေတာ လား။

ရှီရှန်း က ရီအန်း ၏ ခေါင်းကို ပုတ်လိုက်ပြီး ထိုလူအား 

"နင် ငါ့ကို ဒေါသထွက်လွယ်ပြီး စိတ် သဘောထား သေးတဲ့သူ တစ်ယောက်လို့ မှတ်ယူနိုင်တယ်။ "

ရှီရှန်းသည် ထိုလူကို ကျော်ပြီး တောအုပ် ဆီသို့ လျှောက်သွားခဲ့ပြီး ရီအန်းက သူမနောက်ကို အမြန် လိုက်သွားခဲ့သည်။

ရှီရှန်း ရဲ့ ပုံရိပ်လေး အမှောင်ထဲ ပျောက်ကွယ် လုနီးနီး တွင် သူမက ရုတ်တရက် သတိပေးခဲ့တယ် ။

" နင် မသေချင်ရင် ၊ ပြေးတော့ "

ထိုလူက တောအုပ်ကို ကြည့်လိုက်သည်၊ ရှီရှန်း ၏ ပုံရိပ် သည် အမှောင်ထဲတွင် ပျောက်ကွယ်နေပြီ ဖြစ်သည်။

ထိုယောက်ျားက သူ့ခေါင်းကို ကိုင်လိုက် တယ်၊ သူမ ဘာကို ဆိုလိုတာလဲ။

တောက်ပေါ်က တောထဲမှာ အလင်းရောင်မရှိဘူး မှောင်ပိန်းနေတယ် ။ ဒါကြောင့် ရှီရှန်း က ရီအန်း ကို ရှေ့ ဓာတ်မီးကိုင် ခိုင်းပြီးသူမက ရီယန် ကို ချီကာ နောက်ကလိုက်သွားခဲ့တယ်။

သူတို့ ခရီးတစ်ဝက် ကို ရောက်တဲ့အခါမှာ အောက်က စူးရှ တဲ့အော်သံတွေ ၊ သေနတ်သံ တွေ ကြားရတယ်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....حيث تعيش القصص. اكتشف الآن