[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[23]
တံခါးကနေဝင်လာတဲ့သူ့ရဲ့ချစ်လှစွာသောညီမလေးက ယောက်ျားလေးတစ်ယောက်ကိုခေါ်လာတာ တွေ့လိုက်ရတဲ့အချိန်မှာလန်ချင်းက အံ့အားသင့်သွားတယ်။
'ဒီကောင်ကဘယ်သူလဲ?!'
'သူကဘယ်သူလဲ?'
'သူငါ့ညီမလေးနဲ့ဘယ်တုန်းက ချိတ်ဆက်မိတာလဲ?'
လန်ချင်းကအသိပြန်ဝင်လာပြီး ချက်ချင်းပဲရှီရှန်းကိုသူ့ဘက်ဆွဲခေါ်လိုက်ခြင်းဖြင့် သူတို့နှစ်ယောက်ကိုဆွဲခွာလိုက်တယ်။
သူယဉ်ကျေးစွာပြုံးလိုက်ပြီး သူ့လက်ကိုကုချီဆီသို့ ဆန့်ထုတ်လိုက်တယ်။"ဟယ်လို ကျွန်တော်ကလန်ချင်း၊ လန်ရှန်းရဲ့အစ်ကို"
ကုချီခေါင်းစောင်းလိုက်ပြီးရှီရှန်းကို မရေရာစွာကြည့်လိုက်တယ်။စက္ကန့်အနည်းငယ်လောက်ကြာတော့ သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ကာ လန်ချင်းဆီကို ဖြည်းဖြည်းချင်းလက်လှမ်းလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။"ကျွန်တော်ကကုချီပါ လန်ရှန်းရဲ့..."
"ချစ်သူ"ရှီရှန်းကသူ့ဝါကျကိုပြီးဆုံးစေခဲ့တယ်။
ကုချီရဲ့မျက်တောင်တွေက အနည်းငယ်လှုပ်ခတ်သွားတယ်။"အင်း"
လန်ချင်းကရှီရှန်းဘက်ကိုလှည့်လာပြီး သူမကိုစူးစိုက်ကြည့်လိုက်တယ်။
'ငါ့နောက်ကွယ်မှာ သူမဘယ်လိုတောင်dateလုပ်ရဲတာလဲ?' 'ဘဝကအရင်ကနဲ့မတူနိုင်တော့ဘူး!'
သတိမထားလိုက်မိတဲ့အချိန်ခဏလေးအတွင်းမှာပဲ သူပျိုးထောင်ခဲ့တဲ့သူ့ရဲ့ညီမလေးက တခြားယောက်ျားလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေပြီ။အတွေးလေးတစ်ခုကတင် သူ့ကိုမကျေမနပ်ဖြစ်စေတယ်။
ရုတ်တရက်လန်ချင်းရဲ့ကုချီအပေါ်ပေးလာတဲ့ အကြည့်ကစိမ်းသက်သွားတယ်။သူ့လက်ကိုလွှတ်လိုက်ပြီး ရှီရှန်းကိုကုချီဆိက ပိုလို့တောင်ဝေးဝေးထားလိုက်တယ်။
ရှီရှန်းကအပြစ်ကင်းတဲ့ပုံပေါ်တယ်။
'ဖုန်းစီကငါပိုင်တာ!'
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣