Arc 20.13

372 45 0
                                    

Unicode

နေရောင်ခြည်တန်းလေး,"..." နည်းနည်းတော့ ငြင်းနိုင်စရာ မရှိဘူးပဲ

"မဟုတ်ဘူး မဟုတ်ဘူး၊ မင်း ဘယ်လိုလုပ် ငါAI ဟုတ်မဟုတ်လေးမေးရုံတင်ကို အများကြီးသိသွားရတာလဲ"

"ငါက တော်တယ်လေ လက်ဆောင်အနေနဲ့ကို မွေးထဲကပါလာတာ" ရှီရှန်း၏ မျက်ခုံးများက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလေသည်။

"အဲ့တာဆိုလည်း ငါကမင်းကို ကူမယ်ဆိုတာ ဘယ်လိုလုပ် သေချာနေရတာတုန်း"

"ဘာလို့ ဆိုနင်က ငွေရှိရေလျှံကြီးမလို့လေ!"
"ဒီမှာ ချမ်းသာတဲ့Player တွေမှ အများကြီးလေ"အမှန်ပင် ဤဂိမ်းသည် ပိုက်ဆံရှိ လူချမ်းသာများနှင့် ပြည့်နေလေ၏။

ရှီရှန်း ဖျော့တော့စွာပြုံးလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်၊
"ဒါပေမယ့် ငါကနင့်ကိုပဲသိတာလေ ပြီးတော့ နင်မသိသင့်တဲ့အရာတစ်ခုကိုတောင်မှ ထုတ်ပြောလိုက်သေးတယ်"

တကယ့်ကို ဖြောင့်မတ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိနေသည့်အသံပင်။

မင်းကို ဘယ်သူက အဲ့ကွန်ဖီးဒန့်ပေးလိုက်လို့တုန်း!

"….ပြီးရော အဲ့တာဆိုလည် ငါမင်းအလောင်းကို ရွှေပေးဖို့အတွက် တစ်ယောက်ယောက်ကို သွားခေါ်လိုက်မယ်… ဗက်!ခနွာကိုယ်ကြီး စိတ်တော့မပူနဲံ မင်းကို ကတိပေးထားတဲ့အတိုင်း ငါအကုန်လုံးကို သေသေချာချာ ဂရုစိုက်ထားပေးမယ်” နေရောင်ခြည်တန်းလေးသည် သူ့ရင်ဘတ်ကို ပုတ်ပြလိုက်၏။

"ဒါပေမယ့် မင်းဂရုစိုက် ဖို့တော့လိုတယ်၊ သူတို့တွေက မင်းကို AIအနေနဲ့ သံသယဝင်နေကြပြီ ဆိုတော့ မင်းကို ရှင်းထုတ်ပစ်ကြဖို့ တစ်ခုခုလုပ်ကြလိမ့်မယ်။"

တကယ့် မှော်ဆန်တဲ့အဖြစ်အပျက်ပါလိုပဲလား။ သူကိုယ်တိုင် အခု လက်တွေ့စမ်းသမ်းမှု အောင်မြင်သွားတဲ့အရာကြီးကို ကြည့်နေတာလေ

"ငါ့ကို ရှင်းပစ်မယ်?သူတို့ ဒီဂိမ်းကို ဖျက်ဆီးပစ်လိုက်မှ ရမယ်" ဒါပေမယ့် အမျိုးသမီးဇာတ်လိုက် ကဒီဂိမ်းထဲမှာရှိနေတာလေ။
အမျိုးသားဇာတ်လိုက်က ဒီဂိမ်းကို ဘယ်သူ့ကိုမှ ဘာမှလုပ်ခွင့်ပေးမှာ မဟုတ်ဘူး

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now