Arc 17.19

2K 310 0
                                    

Unicode

ယွီရှောင်ချီက အကွယ်တစ်နေရာမှာပုန်းအောင်းရင်း ချောင်းကြည့်နေခဲ့တယ်။ ဂိုဏ်းတပည့်တစ်ယောက် နှလုံးထုတ်ပြီးအသတ်ခံလိုက်ရတယ်ဆိုတာကို ကြားလိုက်တော့ ယွီရှောင်ချီတစ်ယောက် အရမ်းတုန်လှုပ်သွားခဲ့တယ်။

‘အဲ့တာ.. သူပဲ
မျက်နှာဖုံးလူ ဒီကိုရောက်လာပြီ..’

“ရှောင်ချီ..”

သူမရဲ့ပုခုံးပေါ်ကို အေးစက်စက်လက်တစ်ဖက်ရောက်လာတာကြောင့် ယွီရှောင်ချီလည်း တောင့်ခဲသွားခဲ့တယ်။ တစ်စုံတစ်ယောက်က သူမကိုသိုင်းဖက်လိုက်ပြီး..

“ရှောင်ချီ.. ကိုယ်ပြောခဲ့တယ်လေ.. မင်းဘယ်သွားသွား ကိုယ်မင်းကိုလိုက်ရှာနိုင်တယ်ဆိုတာ..”

ယွီရှောင်ချီရဲ့တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီးအသက်ရှူမြန်လာခဲ့တယ်။ အသိစိတ်လွတ်လုနီးပါးပဲ..

သူ.. သူမကို ရှာတွေ့သွားခဲ့ပြီ..

“အား…”

ယွီရှောင်ချီက ထိုလူကိုတွန်းဖယ်ပြီး ထွက်ပြေးလာတာကြောင့် သူမရဲ့အော်သံက လူတိုင်းရဲ့အာရုံကိုဖမ်းစားသွားခဲ့တယ်။ ယွီရှောင်ချီက ဝမ်ရှန်းဂိုဏ်းတပည့်တွေကြားထဲ အမြန်ပြေးဝင်သွားလိုက်ပြီး..

“ဆရာ.. အဲ့တာသူပဲ.. လူတွေရဲ့နှလုံးကိုထုတ်နေတဲ့မိစ္ဆာကောင်..”

မျက်နှာဖုံးလူက ယွီရှောင်ချီကိုလိုက်ဖမ်းနေတာကြောင့် လူတိုင်းသတိထားမိသွားတယ်။ ဒါပေမဲ့ မျက်နှာဖုံးလူက ဘယ်သူ့ကိုမှဂရုမစိုက်ဘူး။ တစ်ချက်တောင်မရပ်တန့်သွားပဲ ယွီရှောင်ချီရှိရာကို တန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်။

လူတိုင်းငေးကြောင်နေကြပြီး မြင်ကွင်းက ပရမ်းပတာဖြစ်နေတော့တယ်။

……………………..

System Space ထဲကို ရုတ်တရက်ပြန်ရောက်လာတာကြောင့် ရှီရှန်းလည်းကြောင်အ,သွားရတယ်။

‘ငါဘယ်လိုလုပ် ပြန်ရောက်လာတာလဲ..? သူတို့တွေ အပြင်မှာတိုက်ခိုက်နေတဲ့အချိန် ငါကအခန်းထဲမှာပဲနေခဲ့တာပါ..’

ရှီရှန်းက Screen ဆီ အမြန်ပြေးသွားလိုက်တယ်။

“Host, စိတ်အေးအေးထား..”
System ဆီမှ အသံထွက်လာခဲ့တယ်။

“ငါက စိတ်အေးအေးထားပြီးသား..
ပြော.. ဘာတွေဖြစ်နေတာလဲ..?”

ရှီရှန်းက Screen ရှေ့မှာ ခံစားချက်ကင်းမဲ့နေတဲ့အမူအရာဖြင့် မတ်တပ်ရပ်ပြီးပြောလိုက်တယ်။

“System Error” System က သတိထားပြီးဖြေလိုက်တယ်။

“Host, ကျေးဇူးပြုပြီး နောက်တစ်ကြိမ်ဝိဉာဉ်ကူးပြောင်းဖို့ အသင့်ပြင်ပါ..”

‘သောက်ကျိုးနည်း..’
ရှီရှန်းက ဓားကိုဆွဲထုတ်ပြီး Screen ကို ခုတ်ပစ်လိုက်တယ်။

‘သောက်မကောင်းတဲ့ Server, နင့်ကြောင့် လူတွေသေသွားနိုင်တယ်ဟဲ့..’

System ခမျာ အသက်တောင်မရှူရဲတော့ဘူး။ ရှီရှန်းဓားနဲ့မခုတ်နိုင်အောင် အမြန်ကူးပြောင်းပေးလိုက်တယ်။

[စတင်၍ ကူးပြောင်းနေပါပြီ…]

ရှီရှန်းလည်း အမှောင်ထုထဲကို ပြန်လည်ကျရောက်သွားတော့တယ်။

သူမပြန်နိုးလာတော့ နွယ်တွေဖုံးလွှမ်းနေတဲ့ဂူကြီးတစ်လုံးထဲကို ရောက်နေတာတွေ့လိုက်ရတယ်။ သက်လတ်ပိုင်းလူကြီးတစ်ယောက်က သူမဘေးနားမှာ မတ်တပ်ရပ်နေခဲ့တယ်။

မြေခွေးဘုရင်..
ရှီရှန်းရဲ့အတွေးထဲမှာ ထိုစာလုံးပေါ်ထွက်လာခဲ့တယ်။ ဒါက ယွီရီရဲ့အဖေပဲ..

‘အချိန်ပြောင်းလဲသွားတာလား..? Fuck..’

“ရှောင်ရီ.. ကံကောင်းလို့ အဲ့အချိန်တုန်းကမင်းမသေသွားတာ.. နောက်ထပ်အပြင်သွားဖို့ မစဉ်းစားနဲ့တော့.. လူသားကမ္ဘာက မင်းထင်ထားသလိုမကောင်းဘူး…”
မြေခွေးဘုရင်က ပြောလာခဲ့တယ်..

ရှီရှန်းက မြေခွေးဘုရင်ကို ငေးကြည့်နေလိုက်တယ်။

‘အခု ဘယ်အချိန်ကို ရောက်နေတာလဲဟ? ဟိုဖြစ်ရပ်တွေ ဖြစ်ပြီးလား..? မဖြစ်ခင်အချိန်လား??? ဖုန်းစီရော ဘယ်ရောက်သွားတာလဲ?’

“ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေ..”
မြေခွေးဘုရင်က ရှီရှန်းကိုဆူပြီး အပြင်ထွက်သွားတော့တယ်။

ရှီရှန်းခမျာ ဘာတွေဖြစ်နေသလဲဆိုတာသိအောင် ရက်အတော်ကြာအချိန်ယူလိုက်ရတယ်။

ဝမ်ရှန်းဂိုဏ်းတစ်ခုလုံးက ချေမှုန်းခံလိုက်ရပြီး ရှီရှန်းကိုရှာတွေ့တဲ့အချိန်မှာ ရှီရှန်းကသေလုမျောပါးဖြစ်နေခဲ့ပြီ။ မြေခွေးဘုရင်လည်း သူ့စွမ်းအားတစ်ဝက်သုံးပြီး သူမကိုကယ်တင်လိုက်ရတယ်။

‘သောက်ကျိုးနည်းဇာတ်ကြောင်း..
ဝမ်ရှန်းဂိုဏ်းက ဘာကိစ္စ ချေမှုန်းခံလိုက်ရတာလဲ?
ချင်းဟန်ရော ဘာဖြစ်သွားခဲ့တာလဲ?’

မြေခွေးဘုရင်ရဲ့စွမ်းအားတစ်ဝက်ကို လက်ခံရရှိထားတာတောင် ရှီးရှန်ရဲ့ခန္ဓာကိုယ်က အရင်လိုအားနည်းနေဆဲပဲ။ ညဘက်ရောက်တော့ မြေခွေးဘုရင်အတွက် စာချန်ထားခဲ့ပြီး ထွက်လာခဲ့လိုက်တယ်။ ထို့နောက် ဝမ်ရှန်းဂိုဏ်းရှိရာကို တန်းသွားလိုက်တယ်။

‘တစ်ခုခု မှားယွင်းနေသလိုပဲ..’

ဝမ်ရှန်းဂိုဏ်းဖျက်ဆီးခံခဲ့ရတာ နှစ်ဝက်မျှကြာမြင့်ခဲ့ပြီ။ လက်ရှိအချိန်မှာတော့ အလွန်တရာကြီးကျယ်ခမ်းနားခဲ့တဲ့ဝမ်ရှန်းဂိုဏ်းက အပျက်အစီးပုံကြီးအဖြစ်ကို ကူးပြောင်းသွားခဲ့ချေပြီ။

‘ဝမ်ရှန်းဂိုဏ်း..’
အဝင်မုခ်ဝမှာရေးထားတဲ့ စာလုံးလေးသုံးလုံးပင် ဖျော့တော့နေခဲ့လေပြီ။

ရှီရှန်းလည်း ချင်းဟန်နေခဲ့တောင်ကို တန်းသွားလိုက်တယ်။ တောင်တစ်ခုလုံးက ထက်ခြမ်းခုတ်ဖြတ်ခံထားရသလိုပျက်ဆီးနေပြီး ရှီရှန်းအတွက်တော့ မျက်စိတစ်မှိတ်စာအတွင်း အရာအားလုံးပြောင်းလဲသွားသလိုပဲ။ ချင်းဟန်အပါအဝင် ဝမ်ရှန်းဂိုဏ်းသားတွေအကုန် အသတ်ခံလိုက်ရတယ်တဲ့လေ..

သူမကတော့ ချင်းဟန်သေသွားပြီဆိုတာကို ဘယ်လိုမှမယုံကြည်နိုင်ဘူး။

‘သူက ဒီလောက်အစွမ်းထက်တာ.. ဒီလိုမျိုးလွယ်လွယ်ကူကူသေသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး..’

“ရှောင်ရီ..?”

ချီတုံချတုံဖြစ်နေတဲ့အသံတစ်ခုက သူမရဲ့နောက်ကျောဘက်ကနေ ထွက်ပေါ်လာခဲ့တာကြောင့် အမြန်လှည့်ကြည့်လိုက်တယ်။ ပုံရိပ်လေးတစ်ခုက အပျက်အစီးတွေကိုခုန်လွှားပြီး ရောက်ရှိလာခဲ့တယ်။

“တော်သေးတယ်.. မင်းအသက်ရှင်နေသေးလို့..”

“ဝူချန်..”

ရှီရှန်းက စိတ်ပျက်သွားပေမယ့် ဝူချန်ကတော့စိတ်လှုပ်ရှားသွားပြီး ရှီရှန်းကိုအမြန်ပြေးဖက်လိုက်တယ်။ ရှီရှန်းကလည်း အသာလေးရှောင်တိမ်းလိုက်တယ်။ ဒါပေမဲ့ ဝူချန်ကတော့ စိတ်လှုပ်ရှားနေတုန်းပဲ…

“ရှောင်ရီ.. ကိုယ့်ရဲ့ဆရာရောဟင်..? မင်းနဲ့အတူရှိနေတယ်မလား..? ကိုယ်သိတယ်.. မင်းတို့အဆင်ပြေမယ်ဆိုတာ ကိုယ်သိတယ်..”

ရှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး..
“သူဘယ်မှာလဲဆိုတာ ငါမသိဘူး..”

ဝူချန်ရဲ့လှုပ်ရှားမှုတွေက ရပ်တန်းသွားခဲ့တယ်။ အတော်ကြာမှ မျက်တောင်ခတ်လိုက်ပြီး..
“ဆရာနဲ့မင်းက အတူရှိနေတာမဟုတ်ဘူးလား..?”

ရှီရှန်းက ခေါင်းခါရမ်းလိုက်တယ်။
‘ငါကိုယ်တိုင်တောင် ဘာဖြစ်ခဲ့မှန်းမသိဘူး..’

သူမက Space ထဲကို မပြောမဆိုနဲ့ပြန်ရောက်သွားခဲ့တာလေ။ ဝိဉာဉ်ကူးပြောင်းနေတဲ့အချိန်အတွင်း နှစ်ဝက်ကြာသွားခဲ့ပြီတဲ့..

သူမလိုပဲ ဝူချန်လည်း ဝမ်ရှန်းဂိုဏ်းကို အခုလေးတင်မှပြန်ရောက်လာခဲ့တာ။ သူ,ထွက်သွားတုန်းက စိတ်ရှုပ်နေခဲ့တာဆိုတော့ ကျင့်ကြံလို့ကောင်းတဲ့နေရာတစ်ခုကိုရှာဖွေလိုက်ပြီး ထိုနေရာမှာပဲကျင့်ကြံနေခဲ့တယ်။ အဲ့နေရာကနေထွက်လာတဲ့အချိန် ဝမ်ရှန်းဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီဆိုတဲ့သတင်းကို ကြားလိုက်ရတော့တာပဲ။

ဝမ်ရှန်းဂိုဏ်းရှိရာအမြန်ပြန်လာခဲ့ရင်း ရှီရှန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတယ်။ ဝူချန်က ဝမ်ရှန်းဂိုဏ်းအပေါ်သံယောဇဉ်မရှိပေမယ့် ချင်းဟန်နဲ့ရှီရှန်းကိုတော့ အတော်လေးစိုးရိမ်နေခဲ့မိတယ်။

ရှီရှန်းလည်း ဝမ်ရှန်းဂိုဏ်းထဲမှာ သဲလွန်စရှာမရတာကြောင့် ထိုနေရာကနေထွက်လာခဲ့တယ်။

“ရှောင်ရီ.. ဘယ်သူလုပ်ခဲ့လဲသိလား..?”
ဝူချန်က ရှီရှန်းကိုမေးလိုက်တယ်။

လူတော်တော်များများက ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး အမျိုးမျိုးအဖုံဖုံဆွေးနွေးနေကြပေမယ့် ဘယ်သူမှတရားခံကိုမသိကြဘူး။

“မသိဘူး..”

ရှီရှန်းက ခြေလှမ်းမှန်မှန်နဲ့လမ်းလျှောက်နေပြီး သူမရဲ့အမူအယာက အေးဆေးတည်ငြိမ်နေတာကြောင့် ဝူချန်လည်း နားမလည်နိုင်အောင်ဖြစ်သွားရတယ်။

‘သူမကြည့်ရတာ ဘာကိုမှဂရုမစိုက်တဲ့ပုံပဲ..’

ဒါပေမဲ့ သူမရဲ့ဘေးပတ်ပတ်လည်မှာ လူသတ်ငွေ့တွေကို ခံစားလိုက်ရတယ်။ ဝူချန်လည်း ချင်းဟန်ကိုရှာချင်ပေမယ့် ဘာဖြစ်နေမှန်းမသိတာကြောင့် ရှီရှန်းနောက်ကိုလိုက်သွားလိုက်တယ်။

ရှီရှန်းကိုယ်တိုင်က ဘယ်ကိုသွားရမှန်းမသိဘူး။ မြို့တစ်ခုကိုရောက်တိုင်း ရက်အနည်းငယ်ပဲနေပြီး ထွက်သွားတတ်တယ်။ ရှီရှန်းဘာလုပ်ချင်နေတာလဲဆိုတာကို ဝူချန်လည်းနားမလည်တော့ဘူး။

နှစ်ဝက်ခန့်ကြာမြင့်သည့်တိုင်အောင် ဝမ်ရှန်းဂိုဏ်းဖျက်ဆီးခံလိုက်ရတဲ့သတင်းက လူတွေကြားမှာရေပန်းစားနေဆဲ…

“ဝမ်ရှန်းဂိုဏ်းက နတ်ဘုရားတွေကို စော်ကားမိလို့များလား..? မဟုတ်ရင် ဂိုဏ်းတစ်ခုလုံး ဘာလို့အသတ်ခံရမှာလဲ..?”

“တစ်ဂိုဏ်းလုံးတော့ မဟုတ်ဘူး.. ပြန်မရောက်သေးတဲ့ဂိုဏ်းတပည့်တချို့ ကျန်သေးတယ်လေ..”

“ဘယ်သူကပြန်ရဲမှာလဲကွ..”

“ဟုတ်သားပဲ..”

ဂိုဏ်းတပည့်တွေ ဝမ်ရှန်းဂိုဏ်းကိုပြန်သွားလည်း ဘာမှမတတ်နိုင်ဘူးလေ။ နောက်ထပ်အသတ်ခံရမယ့်လူ ဖြစ်သွားလိမ့်မယ်။

ရှီရှန်းက ထိုလူအုပ်ကြီးကိုကြည့်ပြီး အမူအရာကင်းမဲ့နေတဲ့မျက်နှာနဲ့ ထွက်လာခဲ့လိုက်တယ်။ ဝူချန်လည်း သူမအနောက်ကနေ တိတ်တဆိတ်လိုက်ပါလာခဲ့တယ်။ လူမရှိတဲ့နေရာကိုရောက်မှ ရှီရှန်းကဓားကိုထုတ်ပြီး ပျံသန်းလိုက်တယ်။

…………..

ရန်လျိုကျေးရွာ..
ရွာငယ်လေးတစ်ခုဖြစ်ပြီး ရွာသားတွေက အရမ်းကြင်နာကြတယ်..

“မိန်းကလေး.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်..? မိန်းကလေးသာမကူညီရင် အဘိုးသေတော့မလို့ပဲ..”

လူအိုကြီးက ရှီရှန်းကို ကျေးဇူးတင်နေတော့တယ်။ ရှီရှန်းက လူအိုကြီးကို ထိုင်လို့ရအောင်ကူညီပေးလိုက်ပြီး စိတ်မပါတဲ့အမူအရာနဲ့ ပြန်ဖြေလိုက်တယ်။

“လက်တစ်ချောင်းပဲ မြှောက်လိုက်ရတာပါ..”

“ငါ့အိမ်မှာ ဖွယ်ဖွယ်ရာရာမရှိတော့ မိန်းကလေးနဲ့လူငယ်လေးအတွက် ခေါက်ဆွဲလုပ်ပေးပါရစေ..”

လူအိုကြီးက အားနာတဲ့အမူအယာဖြင့် မော့ကြည့်လိုက်တယ်။
‘ဒီမိန်းမငယ်လေးက ငါ့ဘဝကိုကယ်တင်ပေးခဲ့တာတောင် သူမကိုပြန်ပေးဖို့ ပစ္စည်းကောင်းကောင်းမရှိဘူး..’

နောက်ဆုံးတော့ ရှီရှန်းက လူအိုကြီးကိုပြုံးပြလိုက်ပြီး..
“ကျေးဇူးတင်စရာမလိုပါဘူး.. ကျွန်မသွားတော့တယ်..”

လူအိုကြီးက စိုးရိမ်နေဟန်ဖြင့်..
“မိုးချုပ်နေပြီလေ.. မင်းအခုသွားမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်.. မနက်ဖြန်မှသွားပါလား..?”

လူအိုကြီးကစိုးရိမ်နေပြီး ရှီရှန်းက ချက်ချင်းထွက်သွားချင်နေတာကြောင့် ဝူချန်လည်းမနေနိုင်တော့ပဲ ရှီရှန်းကိုတစ်ညနားဖို့ အကြံပေးလိုက်တယ်။

ဒါပေမဲ့ ရှီရှန်းကတော့ ထွက်သွားဖို့ပြန်နေခဲ့ပြီ..

…………………………

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now