Unicode
------------
သူဘယ်လို မေ့လဲသွားလဲ ဆိုတာ သူ မသိဘူး ။ သူနိုးလာတဲ့အခါမှာ သန့်ရှင်းတဲ့ အခန်းထဲကို သူရောက်နှင့် နေပြီ ။
လိုက်ကာများနှင့် အပြည့်ကာထားပြီး ရာသီဥတုက အလွန် ပူပြင်းနေတယ် ။ သူ့ ခန္ဓာကိုယ် သည် မာရသွန် ပြေးပြီးလို့ တစ်ကိုယ်လုံး ချွေးတွေ စိုရွဲနေသလို စိုရွဲနေတယ် ။
ညီမလေး !!
ရီအန်း သည် မသိမသာ လှည့်ပတ်ကြည့် လိုက်သည်။
ရှီရှန်း သည် ရီယန် အား ထောင့်နားတွက် ချီ ထားသည်။ သူမက ရီယန်၏ မျက်နှာကို တို့ လိုက်ပြီး ရီယန် ကဟက်ဟက်ပက်ပက် ရယ်နေ သည်။
ရီအန်း က သက်ပြင်း ပြင်းပြင်း ချလိုက်သည်။
" တော်သေးတာပေါ့.... " သူပြောပြီးတာနဲ့ သူ့အစာအိမ်က အချက်ပြလာတယ် ။
ရှီရှန်းက ရီယန်ကို ကုတင်ပေါ်ချပေးလိုက်ပြီး ရီအန်း ရှေ့ကို ခေါက်ဆွဲတစ် ပန်းကန် ထိုပေးလိုက်တယ် ။ ရာသီဥတုက အလွန်ပူနေတာကြောင့် ခေါက်ဆွဲတွေ အေးနေရင်တောင် ကိစ္စမရှိဘူး ။
ရီအန်သည် ဤမျှ ဆာလောင် မွတ်သိပ်ခြင်းကို တစ်ခါမျှ မခံစားဖူးပါ၊ သူခေါက်ဆွဲ ပန်းကန်လုံး ကို စားလို့ ပြီးသည်။
"ကျေးဇူးပါ အမ " ရီအန်၏ မျက်နှာသေးသေးလေး သည် အရှက် ရသည့်အရိပ် အယောင် ကို ပြသည်။
"ဒါကလက်ကျန်ပဲ။ "
ငါ သူမရဲ့ ခန့်မှန်းချက်တွေ ကို လက်ခံလိုက်ပြီ ။
ရီအန်း မျက်လုံးလေးများ ပေကလပ် ပေကလပ် ဖြစ် သွားပြီး
" အမ ၊ ကျွန်တော် တကယ် စူပါပါဝါ ရှိတာလား "
"ဒါဟာ အားနည်းတဲ့ စွမ်းအား တစ်ခုပဲ"
ရှီရှန်း က လမ်းလျှောက်နေပြီး ဘာမျှဂရုမစိုက်ဘဲ ပြောခဲ့တယ် ။
" မင်းရဲ့ခန္ဓာကိုယ်က နောက်ပိုင်းမှာစွမ်းအားတွေ အားကောင်း လာစေရင်တောင် ဒီစွမ်းအားက အများကြီးအကျိုး သက်ရောက်မှု မရှိဘူး။ မင်း ဇွန်ဘီ တွေရှိတာကို ခန့်မှန်း နိုင်ပေမဲ့ လည်း အက်တာက ဘာမှမလုပ်လို့မရဘူး ။ "
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣