Unicode
"ဟွားမန်မန်
မင်းဒီနားမှာဘာလုပ်နေတာလဲ"
ကြီးမြတ်သောဂျူလိုင်သည် သူ့ပါးသူပွတ်ရင်းဖြင့် ရှီရှန်းကို စက်ဝိုင်းပုံလှည့်သွားနေလေသည်။"ရှိုးကြည့်နေတာလေ"
ကြီးမြတ်သောဂျူလိုင်ဟာ သိပ်မဝေးတဲ့နေရာတစ်ခုမှာ ရှိနေတဲ့လူတစ်စုကို ကြည့်လိုက်သည်။ထို့နောက် သူ့အကြည့်ကိုပြန်ရုတ်သိမ်းပြီးနောက် "မင်းကNPCတစ်ယောက်မဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီးမင်း အဲ့လိုလုပ်နိုင်နေတာလဲ??"
"ကျွန်မက ထက်မြတ်တဲ့ NPCတစ်ယောက်လေ၊
ဦးနှောက်မရှိတဲ့လူမှမဟုတ်တာ"ရှီရှန်းသူမရဲ့မျက်လုံးကို လှည့်လိုက်ပြီး,
"ရှင်ကျွန်မရဲ့ လမ်းကိုပိတ်နေတာပဲ"
"မင်းအဲ့လိုစကားပြောတဲ့အချိန်ကြရင် လူတွေကိုတကယ် စိတ်အနှောင့်အယှက်ပေးဖို့လွယ်တယ် သိလား" ကြီးမြတ်သောဂျူလိုင် အလွန်ချစ်ဖို့ကောင်းသည့်ပုံမျိုးနဲ့ သူ့၏ပါးကိုဖောင်းလိုက်ချေသည်။
"ကျွန်မကNPCလေ,ဘယ်သူ့ကိုကြောက်နေရမှာလဲ?"
ရှီရှန်း စိတ်ကြီးဝင်စွာဖြင့် သရော်လိုက်ပေ၏။ကြီးမြတ်သောဂျူလိုင် :......
တကယ့် အချက်ကောင်းကြီးဟ၊
ပြောစရာစကားတောင်မရှိတော့ဘူးNPC တွေဟာ Levelတွေကျခြင်းမရှိပေ။အကယ်၍သူတို့က တစ်စုံတစ်ယောက်ဆီက အသတ်ခံရရင်တောင်မှပေါ့။သူတို့ရဲ့ equipment အချို့သာဆုံးရှုံးပြီး systemကထိုအကြောင်းကိုတွေ့ရှိသွားတဲ့အခါမှာ ပြန်အစားထိုးဖို့ equipment တွေချက်ချင်းရရှိမှာဖြစ်ပေသည်။
သူတို့ကဘယ်သူ့ကိုကြောက်ရမှာလဲ?
"မင်းသူမကိုသိတာလား?"ကြီးမြတ်သော ဂျူလိုင်ကသူ့ရဲ့ အာရုံစိုက်မှုကို သူနှင့်ဆန့်ကျင်ဖက်သဖွယ် ဖြစ်နေသောလီဂျင်း ဆီပို့လိုက်ချေသည်။ထို့နောက် ရုတ်ချည်းဆိုသလို အသံတိုးတိုးလေးအော်လိုက်ပြီး,
"အဲ့တာဒဏ္ဍာရီလာနတ်ဘုရားပိုင်ပစ္စည်းမဟုတ်ဘူးလား?"ကြီးမြတ်သောဂျူလိုင်က ကမ္ဘာကို ကိုင်ထားရတာစိတ်လှုပ်ရှားလာခဲ့ပြီး Live streamingကို စလိုက်ချေသည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣