Unicode
လူအုပ်ကြီးက လူတွေ မြေပေါ်လဲနေတာကို ရပ်ကြည့်နေတေယ်။
"နန်းတော်သခင်က ကမ္ဘာကြီးကို အနှစ်ပေါင်းထောင်ကျော် အမိန့်ပေးအုပ်စိုးနိုင်လိမ့်မယ်"
"နန်းတော်သခင်က ကမ္ဘာကြီးကို အနှစ်ပေါင်းထောင်ကျော် အမိန့်ပေးအုပ်စိုးနိုင်လိမ့်မယ်"
"နန်းတော်သခင်က..."ရှန်းဂျူနန်းတော်ကလူအုပ်ကြီး သူတို့ရဲ့လက်တွေကို မြှောက်ပြီးတော့ သူတို့ရဲ့ဆောင်ပုဒ်ကို တစ်ညီတစ်ညာတည်းရွတ်ဆိုပြီး ကောင်းချီးသြဘာပေးလိုက်ကြတယ်။
ချီး!ဘယ်လိုdeveloperကများ ဒီစာကြောင်းကြီးကိုထည့်ပေးတာတုန်း!
ငါက အရှေ့အရပ်ရဲ့တုနှိုင်းမဲ့အရှင်သခင် မဟုတ်ပါဘူးဟယ်။
.
.
.
.ရှီရှန်း နေရောင်ခြည်တန်းလေးဆီလျှောက်သွားလိုက်တယ်။ဒီHolographic ဂိမ်းရဲ့character designက သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု ရုပ်၊ အသံစတဲ့ အရာတွေပေါ်အခြေခံပြီး လုပ်ထားတာ, တခြားပြုပြင်မှုအနည်းငယ်လေးတော့ ရှိသေးပင်မယ့်ပေါ့။
နေရောင်ခြည်တန်းလေး ရဲ့ပုံစံက
ချောတဲ့ပုံပေါက်တယ်။ ပြီးတော့ သူ့equipmentတွေကိုကြည့်ရသလောက်ကတော့ paid playerတစ်ယောက်ဖြစ်ပုံပဲ။(paid player-ပိုက်ဆံပေးပြီး ဂိမ်းကစားတဲ့equipments စတာတွေကိုဝယ်တာ,adsတွေဘာတွေမဝင်အောင်premiumဝယ်ပြီး ကစားတဲ့သူ)ဘယ်လိုတောင် သူ့ပိုက်ဆံတွေနှိုက်မြည်းဖို့ကောင်းတဲ့ targetကြီးလဲ!
သူမကအခုလောလောဆယ်မှာတောင် ဘာမှမရှိလို့
world channelမှာတောင်မပြောနိုင်ဖြစ်နေတာလေ။
"ဟေး!"ရှီရှန်းဆောင့်ကြောင့်ထိုင်လိုက်ပြီး,
"နင်တို့တွေဘာလို့ မြေပေါ်လှဲ ပြီးဘာလုပ်နေကြတာလဲ?"
နေရောင်ခြည်တန်းလေးက သူ သာယာချိုသာတဲ့စကားသံလေးကိုမကြားခင်ထိ သူ့teammatesတွေနဲ့စကားပြောနေတာဖြစ်တယ်။
သူရှီရှန်းကိုကြည့်လိုက်ပြီး,'ထူးဆန်းလိုက်တာ,ငါပဲထင်ယောင်ထင်မှားဖြစ်နေတာလား? ဒါမှမဟုတ်
bossကပဲစကားပြောလိုက်တာလား?
(boss-ဂိမ်းကစားရာlevelတစ်ခု၏နောက်ဆုံးအဆင့်တွင်ပါဝင်သောနှိိမ်နင်းရမည့်ထိုlevel၏အမြင့်ဆုံး
ဂိမ်းဇာတ်ကောင်)
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣