[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[8]
Dမြို့တော်က ပင်လယ်စာကြောင့် အထင်ကရဖြစ်တဲ့မြို့တော်ဖြစ်တယ်။ဒါကြောင့်လန်ချင်းက ရှီရှန်းကို ပင်လယ်စာစားဖို့ ခေါ်တာပဲဖြစ်တယ်။
ရှီရှန်းကနာမည်ကျော်ကြားတဲ့သူ ဖြစ်တဲ့အလျောက် သူတို့သီးသန်းအခန်းမှာပဲ စားလိုက်ကြတယ်။ သူတို့က စားရင်းကတောက်ကဆဖြစ်နေတာကြောင့် နာမည်ကြီးသရုပ်ဆောင်တွေလို့တောင်မထင်ရဘူး။
သူတို့က သူလိုငါလို မောင်နှမတွေပဲဖြစ်တယ်။
"ငါရဲ့မင်းသမီးလေးရေ တစ်ခါတစ်လေ ငါတကယ်ကို နောင်တရမိတယ်။"လန်ချင်းကဗိုက်ပြည့်သွားပြီ။သူကခုံပေါ်လှဲချလိုက်ပြီး အာမေဋိတ်သံနဲ့ပြောလိုက်တယ်။
"ဘာကိုနောင်တရတာလဲ?"ဂဏန်းတွေနဲ့ရုန်းကန်နေတဲ့ ရှီရှန်းကမေးလိုက်တယ်။
"ငါမင်းကိုဖျော်ဖြေရေးလောကထဲ ဝင်ခွင့်ပြုလိုက်တာကိုလေ"လန်ချင်းက ပြတင်းပေါက်အပြင်က လူတွေလှုပ်ရှားသွားလာနေတဲ့ မြင်ကွင်းကိုကြည့်ရင်းပြောလိုက်တယ်။
"စဉ်းစားကြည့်လေ ထမင်းလေးထွက်စားတာတောင်မှ ခိုးကြောင်ခိုးဝှက်လာစားနေရတယ်။ အားလပ်ရက်တွေကျလည်း မင်းကအိမ်မှာပဲနေချင်တယ်ပြောတယ်။ဒါပေမယ့်ငါသိပါတယ် မင်းအဲ့ဒီအပြင်ကပါပါရာဇီကိုကြောက်နေမှန်း....."
"ငါတော်တော်ကိုနောင်တရမိတယ်"လန်ချင်းက လေးနက်စွာပြောလိုက်တယ်။
ရှီရှန်းကသူမလက်တွေကိုသုတ်ပြီး ပြောလိုက်တယ်။"အကို့ရဲ့လက်ရှိအလုပ်ကိုရော အကိုကြိုက်လား?"
လန်ချင်းရဲ့ခေါင်းက သူမဘက်ကိုလှည့်ပြီးကြည့်လိုက်တယ်။အပြင်က လူတွေသွားလာလှုပ်ရှားနေတဲ့ မြင်ကွင်းကသူ့မျက်လုံးမှာ ထင်ဟပ်နေတုန်းပဲ။
"ငါ့မှာ ရွေးချယ်စရာမရှိဘူးလေ"လန်ချင်းကသူ့ခေါင်းကို ဖြည်းညင်းစွာခါရမ်းလိုက်တယ်။တကယ်လည်း သူမကြိုက်ပါဘူး။
အကယ်၍ ငါသာမလုပ်ဘူးဆိုရင် လန်ရှန်းကိုငါ့အစားလုပ်ခိုင်းရမှာလား?