Arc 16.31

2.2K 262 7
                                    

[Unicode]

သတင္းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[31]

ဝမ်ချောင်နဲ့မူရင်းစာရေးသူရဲ့ ဆွေးနွေးညှိနှိုင်းမှုကအလကားပဲ။

လူတွေကိုအပေးအယူလုပ်ဖို့အတွက် ပိုက်ဆံကတော်တော်ကိုအသုံးဝင်တယ်။ 

ရိုက်ကူးရေးတစ်လျှောက်မှာ ဝမ်ချောင်ဟာ ရပ်တန့်သွားခြင်းမရှိဘဲ scene တွေထပ်ဖြည့်ခြင်းခံရခြင်းဖြင့် ညှဉ်းပန်းခြင်းခံနေရတယ်။

"ဝမ်ချောင်နဲ့ဒါရိုက်တာကြားက ဆက်ဆံရေးကဘာလဲဟ?ဘယ်လိုဖြစ်လို့သူကဝမ်ချောင်အတွက် sceneတွေထပ်ထည့်နေပြီး ငါတို့ဟာကိုကျဖျက်လိုက်ရတာလဲ?..."

"အဓိကအမျိုးသမီးဇာတ်ဆောင်ရဲ့sceneတွေကိုတောင်ဖျက်ပစ်တာလေ ငါတို့ဘာများပြောနိုင်တော့မလဲ?"

"အနောက်တံခါးကနေဖြတ်ဝင်လာဖို့ပဲသိတဲ့လူပဲ၊ငါဒီလိုလူမျိုးတွေအမုန်းဆုံးပဲ!"

"ဒါပေမဲ့ သူမရဲ့သရုပ်ဆောင်စွမ်းရည်က မဆိုးဘူးလေ"တစ်စုံတစ်ယောက်က သူမဘက်ကလိုက်ပြောလိုက်တယ်။ 

ဝမ်ချောင်ရဲ့sceneတွေကအများဆုံးထည့်ပေးခြင်း ခံရပေမယ့်လည်း သူမရဲ့သရုပ်ဆောင်စွမ်းရည်ကတော့ တကယ်ကိုကောင်းတယ်။ တခြားလူသစ်တွေနဲ့ယှဉ်ရင် သူမကသေချာပေါက်အတော်ဆုံးပေါ့။ 

"ဒါပေမဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်နိုင်စွမ်းရည်က လိင်ဆက်ဆံတဲ့နေရာမှာကောင်းမွန်တဲ့အရည်အချင်းရှိတာနဲ့ ယှဉ်ရင်တော့အသုံးမဝင်ပါဘူး"

ဝမ်ချောင်ကသူတို့ဘေးကနေ မမျှော်လင့်ဘဲဖြတ်သွားမိတယ်။ သူတို့ရဲ့စကားလုံးတွေကသူမကို တမင်ရည်ရွယ်နေတာပဲ။ 

"ရှောင်ချောင်,မင်းအလှည့်ရောက်တော့မယ်" ကျောက်ယွင်အန်းဖြတ်ပြောလိုက်တယ်။ "သွားပြင်လိုက်ပါဦး"

ဝမ်ချောင်အသာလေး ခေါင်းငြိမ့်လိုက်တယ်။ "ကျေးဇူး အစ်ကိုယွင်အန်း"

ဝမ်ချောင်ထွက်သွားပြီးနောက် ကျောက်ယွင်အန်းကသူတို့ကိုကြည့်ပြီးပြောလိုက်တယ်။ "မင်းတို့မှာဇွဲလုံ့လမရှိသရွေ့ ဘယ်လိုမှကျော်ကြားလာမှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့လုပ်နေတာဆိုလို့ သူများနောက်ကွယ်မှာအတင်းတုပ်နေတာပဲရှိတယ်"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now