Unicode
-------------ဒီကမ္ဘာကြီးက ဇွန်ဘီ တွေနဲ့ ပြည့်နှက်နေပြီး လူသားတွေက လမ်းဘေး ကြွက်တွေလိုနေနေရတယ် ။
ရှီရှန်းသည် လမ်းတစ်လျှောက်ကို မျက်စိဝေ့ ကြည့်လိုက်မိသည် ။ မြင်ရသည်မှာ ဇွန်ဘီများချည်းသာ ။
ရှီရှန်းသည် ဇိမ်ခံပစ္စည်းများကို စုထားသည့် စတိုခန်းသို့သွားခဲ့ပြီး သူမသည် ရှာဖွေရန် ခဲယဥ်းသော လက်ရာမြောက် ပစ္စည်း အချို့နှင့် စိတ်ဝိဥာဥ် ကုထုံးတို့ကို သာ ယူခဲ့သည် ။ သို့ပေသည့် အချို့ ပစ္စည်းများသည် အတော်ကို ရုပ်ဆိုးသဖြင့် သူမ မကြိုက်ပါ ။
ဟုတ်တယ်။ ဒီကမ္ဘာမှာ စွမ်းအင် လွှတ်ပို့ပြီး ကုသ သည့် ဆေးကုနည်း တစ်မျိုး ဖြစ်သော စိတ်ဝိဥာဥ်ကုထုံး ရှိပါသည်။
ထိုမျှသာမက ၊ ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဒြပ်စင်အပေါင်း တို့သည် စွမ်းအား သုံးသည့်အခါ ပေါ်ပေါက်လာတတ်သည် ။ စိတ်ဝိဥာဥ်ကုထုံးရှိခြင်း တစ်ခုတည်းသာ ထူးဆန်းခြင်း မဟုတ်ရပါ ။
"နိုင်ငံတကာ ကုန်သွယ်ရေးအဆောက်အအုံ " ရှီရှန်း သူမခေါင်းမော့လိုက်ပြီး အဆောက်အဦရဲ့ နာမည်ကို မြင်လိုက်သည်။ အမှောင် အစပျိုးလာပြီ ဖြစ်သည် ။ ထို့ကြောင့် သူမသည် အနားယူအိပ်စက်ရန် နေရာတစ်ခု ကိုရှာဖွေရန် လိုအပ်လာပြီဖြစ်သည် ။
သူမသည် လမ်းအနီးအနားရှိ အဆောက်အအုံ တစ်ခုကို မျက်စိကျသွားသည် ။
အစားစားရန် တစ်ခုခု ရှာဖွေရမည် ။ ဒါမှမဟုတ်လျှင် သူမသည် သစ်သီးများကိုသာ စားနေရမည်ဖြစ်သည် ။ ထိုအကြံကိုတော့ မကြိုက်လှပါ ။
သစ်သီးများသည် အကောင်းဆုံး မဟုတ်သကဲ့သို့ သူမ၏ ဝမ်းဗိုက်ကိုလည်း ဖြည့်တင်းပေးနိုင်စွမ်းမရှိချေ ။
ဤလမ်းသည် သစ်သီး စျေးတန်းဖြစ်ကောင်းရာ ၏ ။ ဤနားတစ်ဝိုက်တင် စီးပွယးဖြစ် ရောင်းချသည့် သစ်သီးစျေးတန်း များစွာရှိပြီး နေရာကောင်းတစ်ခု ဖြစ်ပါသည် ။
ရှီရှန်း လမ်းမတစ်လျှောက်ကို လျှောက်သွားကြည့်ပြီး လမ်းတွင် ဇွန်ဘီ အနည်းငယ်ကို တွေ့ရှိခဲ့သည် ။ ထိုဇွန်ဘီများကို လွယ်ကူစွာပင် သတ်ဖြတ်ခဲ့သည် ။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣