Unicode
ဒေဝါလီခံရတော့မယ့် စီအီးအို (၂၈)
ယဲ့ဖုန်း စိတ်မကောင်းစွာဖြင့် အိမ်ပြန်သွားခဲ့သည်။ တံခါးဝတွင် သူ့ကို ရပ်စောင့်နေတဲ့ တုံဝမ်ကို တွေ့လိုက်ရသည်။
သူ့နှလုံးသားအောက်ခြေမှ နွေးထွေးမှုအနည်းငယ်ကို ခံစားလိုက်ရသည်။
" အစ်ကိုယဲ့ဖုန်း၊ အစ်ကို ဘာလို့ထိခိုက်လာတာလဲ " ယဲ့ဖုန်း ဒဏ်ရာရလာတာကို တုံဝမ် သတိထားမိသဖြင့် စိုးရိမ်သွားတော့သည်။ " တံခါးကို မြန်မြန်ဖွင့်ပေး၊ အစ်ကို့ကို ပတ်တီးစီးပေးမယ် "
ယဲ့ဖုန်း သူမကမ်းလှမ်းချက်ကို မငြင်းဆန်ခဲ့ပေ။ သူက တုံဝမ်ကို ဝင်ခွင့်ပြုလိုက်ပြီး ရှေးဦး သူနာပြုစုနည်းကိရိယာတွေကို ညွှန်ပြလိုက်သည်။
တုံဝမ်က ယဲ့ဖုန်းရဲ့ဒဏ်ရာရထားတဲ့ နေရာကို အမြန်စည်းပေးလိုက်သည်။
" ရှောင်ဝမ်၊ မင်း ဘာလို့ဒီလောက်ပတ်တီးစည်းတာ တော်ရတာလဲ" ယဲ့ဖုန်းက သူ့နဖူးကို ထိကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
ယဲ့ဖုန်းရဲ့ချီးမွမ်းခံရခြင်းကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သလို ခေါင်းကို ငုံ့လိုက်သည်။ " ညီမအဖေက အရမ်းဂရုမစိုက်တတ်ဘူး၊ သူက သူ့ကိုယ်သူ အမြဲဒဏ်ရာရစေတယ် ပြီးတော့ ညီမကပဲ သူ့ဒဏ်ရာတွေကို အမြဲဂရုစိုက်ပေးရတာ "
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး သူမကို ထပ်မမေးတော့ပေ။
" အစ်ကိုယဲ့ဖုန်း၊ အစ်ကို ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ " သူမမျက်လုံးတွေက စိုးရိမ်မှုဖြင့် တောက်ပနေပြီး တုံဝမ်က ဂရုတစိုက် မေးလိုက်သည်။
" လျှိုရှန့်ကောကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ " ယဲ့ဖုန်းရဲ့ပါးစပ်မှ ချော်ထွက်သွားပြီးနောက် သူက ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်။ " စိတ်ထဲမထားပါနဲ့၊ ရှောင်ဝမ်၊ အစ်ကို့ကို စားဖို့ တစ်ခုခုလုပ်ပေးနိုင်လား "
“ သေချာတာပေါ့ ”
တုံဝမ် ထကာ မီးဖိုချောင်သို့ ဦးတည်လိုက်သည်။ သူမ လှည့်လိုက်တဲ့အချိန်မှာပဲ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းက သူမရဲ့အပြစ်ကင်းစင်ပြီး ကျိုးနွံတဲ့ မျက်နှာက ချက်ချင်းပင် ပြောင်းသွားပြီး သူမရဲ့မျက်ဝန်းတွေက ယုတ်မာမှုနဲ့ ပြည့်နှက်သွားသည်။
ယဲ့ဖုန်းက ဧည့်ခန်းထဲမှာ ထိုင်ရင်း အလုပ်ရှုပ်နေတဲ့ တုံဝမ်ကို ကြည့်နေသည်။ တုံဝမ်ရဲ့ခန္ဓာကိုယ်က ထူးခြားလွန်းတယ်လို့ ယူဆလို့ မရပေမယ့်လည်း သူမ ဝတ်ထားတဲ့ပုံစံက အရမ်းဆွဲဆောင်နေသည်။ သူ သူမကို ကြည့်ရင်း ယဲ့ဖုန်း ပြင်းပြတဲ့ စိတ်ကြောင့် သူ့ကိုယ်အောက်ပိုင်းမှ နာကျင်မှုတစ်ခုခံစားလိုက်ရသည်။
အဲ့ခွေးမက ငါ့ပစ္စည်းကို သူ့အားကြီးနဲ့ ချိုးလိုက်တယ်လို့တော့ မပြောနဲ့နော်။
ထိုအကြောင်းကို တွေးပြီးနောက် ယဲ့ဖုန်း တကယ်လို့ မခံစားရပေ။ သူ ထကာ မီးဖိုချောင်ဆီ လျှောက်သွားပြီး မီးဖိုချောင်တံခါးကို ပိတ်လိုက်တော့သည်။
သူ မီးဖိုချောင်ထဲတွင် တုံဝမ်နဲ့ လိင်ဆက်ဆံခဲ့ပြီး အမှားအယွင်း မရှိကြောင်း သေချာအောင် လုပ်ပြီးမှသာ သူ စိတ်သက်သာရာရသွားတော့သည်။
ညစာစားပြီးနောက် တုံဝမ် မထွက်သွားမီ ယဲ့ဖုန်းက သူ့နှလုံးသားထဲရှိ အားမလိုအားမရဖြစ်မှုကို ထုတ်လွှတ်ရန် တုံဝမ်နဲ့ နှစ်ကြိမ်ထပ်လုပ်ခဲ့သည်။
……
ယဲ့ဖုန်းက ရှီရှန်းရှေ့ မကြာခဏ ပေါ်လာသေးသည်။
သူမက အချိန်တိုင်း နေရာတိုင်း ဇာတ်လိုက်ကောင်နဲ့ တိုးမိပြီး သူမက အချိန်တိုင်း သူ့ကို ငြင်းပယ်ခဲ့သည်။
ငါ့ဓား ဘယ်မှာလဲ??
" လျှိုရှန့်ကော၊ ယဲ့ဖုန်း ဘာဖြစ်တာလဲ "
ယဲ့ကျန်းက သူလည်း ဇာတ်ကြောင်းကို သိထားတာကြောင့် ယဲ့ဖုန်းရဲ့ပြောင်းလဲမှုကို သိချင်စွာ မေးသည်။
သူက နေရာတိုင်းကနေ လျှိုရှန့်ကောဆီ ဘာလို့ပေါ်လာရတာလဲ။
သူမက ငါ့ပစ်မှတ်လေ။
သူမကလည်း တာဝန်ထမ်းဆောင်သူတစ်ယောက်ဖြစ်တယ်ဆိုတာ မှန်ပေမယ့်လည်း ဒီsystemက သူမကို ငါ့ပစ်မှတ်လို့ သတ်မှတ်ထားတုန်းပဲ။
“ သူ့ဦးနှောက်ထဲ ရေဝင်သွားတာ ဖြစ်နိုင်တယ် ” ရှီရှန်း ခဏရပ်လိုက်သည်။
“ နင် ငါ့နောက်ကို ဘာလို့လိုက်နေတာလဲ...နင် အရိုက်ခံချင်လို့လား "
" ဒီလောက်မကြမ်းတမ်းပါနဲ့ " ယဲ့ကျန်းက ပြုံးပြီး ပြောလိုက်သည်။ " ဒါက တိုက်ဆိုင်မှုသက်သက်ပဲ မဟုတ်လား "
ရှီရှန်း ‘ဘရာ ကဏ္ဍ’ကို ညွှန်ပြလိုက်သည်။
" နင့်မှာ ဒီလိုဝါသနာမျိုး ရှိမှန်း ငါ မသိခဲ့ဘူး "
ယဲ့ကျန်း မော့ကြည့်လိုက်သောအခါ သူ့မျက်နှာအမူအရာသည် ရှုပ်ထွေးစွာ ပြောင်းလဲသွားသည်။ သူသည် ရှီရှန်းနဲ့ စကားပြောတာကိုသာ အာရုံစိုက်နေပြီး သူမ ဘယ်ကိုဦးတည်သွားနေသည်ကိုပင် သူ သတိမပြုမိခဲ့ပေ။
ဒီလောက်ချောမောတဲ့ကောင်လေးက နှာဘူးကောင်ဆိုတာကို မယုံနိုင်သလို အရောင်းစာရေးမက သူ့ကို ထူးဆန်းစွာ ကြည့်လာသည်။
ယဲ့ကျန်းက အလျင်အမြန် ပြောလိုက်သည်။ " မင်းနဲ့အတူ ဈေးဝယ်ထွက်ဖို့ ဓားတောင်တွေ၊ မီးပင်လယ်တွေ ကျော်ပြီး သွားမယ် "
ရှီရှန်းက ဘေးမှ ဘရာစီယာတစ်ခုကို သာမန်ကာလျှံကာ ဆွဲထုတ်လိုက်ပြီး သူ့ခေါင်းကို အုပ်လိုက်သည်။
ယဲ့ကျန်းက တည်တည်ငြိမ်ငြိမ် ယူလိုက်ပြီး အရောင်းစာရေးမကို ကမ်းပေးလိုက်သည်။ " ကျေးဇူးပြုပြီး သူမအရွယ်အစားအတိုင်း ထုပ်ပိုးပေးပါ "
အရောင်းစာရေးမက သူတို့ စကားများထားသည်ဟု ယူဆပြီး ကြင်နာတဲ့ အပြုံးနဲ့ ပြုံးပြလိုက်သည်။
ရှီရှန်းက ရှေ့တွင် ဈေးဝယ်နေစဉ် ယဲ့ကျန်းက သူမနောက်မှ အရာအားလုံးကို ယူနေသည်။ သူမ စိုက်ကြည့်နေသရွေ့ သူက ထုပ်ပိုးဖို့ ပေးလိမ့်မည်ပင်။
အရောင်းစာရေးမ : "... "
သူမ ဒီလောက်အများကြီး ဝယ်နေတာ တစ်နာရီတစ်ခါ လဲဝတ်မလို့လား??
သို့သော် နောက်ဆုံး သူမ ပိုက်ဆံရှင်းရမည့် အချိန်တွင် ရှီရှန်းသည် အရောင်းစာရေးမက ဒေါသတကြီး ကြည့်နေသည့်ကြားမှ ထိုထဲမှ နှစ်ခုကိုသာ ၀ယ်ခဲ့လေသည်။
ဒီနှစ်ယောက်က လာနောက်နေတာလား??
" မင်း ဒီဆိုဒ်ကို ဘာလို့၀ယ်တာလဲ...ငါ မထင်ဘူးနော်...မင်းနဲ့ တော်မယ်လို့ " ယဲ့ကျန်းက ရှီရှန်းရဲ့ရင်ဘတ်ကို သူ့မျက်လုံးနှင့် ခန့်မှန်းလိုက်သည်။
" ငါ မတော်ဘူးဆိုတာ နင် ဘယ်လိုလုပ်သိလဲ...နင် ငါ့ကို နင့်အတွက် လူလယ်ခေါင်မှာ ဝတ်စေချင်တာလား "
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣