Arc 19.30

2.2K 287 1
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၃၀)

တိကျသေချာသည့် သက်သေအထောက်အထားများကြောင့် တုံဝမ်၏အမှုကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် သူမသည် ရှောင်လင်းလုံ၏သေဆုံးမှုနှင့်လည်း ဆက်နွယ်နေကြောင်း ရဲများက ရှာတွေ့ခဲ့သည်။

တုံဝမ်သည် သူမတွင် စိတ်ရောဂါရှိကြောင်း အခိုင်အမာဆိုနေခဲ့သည်။ ဆေးရုံက စစ်ဆေးပေးပြီးနောက် သူတို့က သူမတွင် Intermittent Psychosis ရှိနေကြောင်း အတည်ပြုပေးခဲ့ကြသည်။ မှုခင်းဖြစ်ပွားသည့်နေရာရှိ စုံစမ်းစစ်ဆေးမှုများအရ တုံဝမ်သည် သူမကိုသတ်ပြီးနောက် သေဆုံးသွားသည့်အလောင်းကို ရည်ရွယ်ချက်ရှိရှိ အလောင်းဖျောက်ပစ်ရန် ကောင်းစွာပြင်ဆင်ထားသည့်အတွက် ရည်ရွယ်ချက်ရှိသော လူသတ်မှုမြောက်နေသည်။

[ Intermittent Psychosis _ ရံဖန်ရံခါ ပင်ကို စရိုက်လက္ခဏာ တစ်ရပ်လုံးကို ထိခိုက်သော ပြင်းထန်သည့် စိတ်ဝေဒနာ ]

ပြစ်မှု၏ဆိုးရွားမှုကြောင့် တုံဝမ်သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရတော့သည်။

သူမ၏ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး သူမ စောင့်ကြည့်နေနိုင်သည့် တစ်ခုတည်းသောအရာမှာ အကျဥ်းထောင်သာဖြစ်နိုင်လေသည်။

ရှီရှန်းသည် တုံဝမ်နဲ့ ပတ်သက်ပြီး တစ်ခုခုကို သံသယဝင်နေသည်။ ရှောင်လင်းလုံ သေဆုံးမှုသည် တုံဝမ် စွမ်းဆောင်နိုင်သော အရာမဟုတ်သော်လည်း၊ အကြောင်းအရင်းတချို့ကြောင့် တုံဝမ်မှာ အားလုံးကို အသေးစိတ်ပြောပြနေနိုင်သည်။

ထိုကိစ္စမှာ သူမနှင့် မဆိုင်ပေ။ ရှီရှန်းသည် စူးစမ်းလိုရုံသာဖြစ်သောကြောင့် သူမ မေးခွန်းမထုတ်ခဲ့ပေ။ သူမအပေါ် မထိခိုက်တဲ့အရာတွေကို စိတ်မဝင်စားတာကြောင့် လွှတ်ထားလိုက်တော့သည်။

......

ယဲ့ဖုန်းသည် အရူးလူသတ်သမားတစ်ယောက်နဲ့ သူ အတူအိပ်မိခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူ့ရဲ့ချည့်နဲ့တဲ့စိတ်အခြေအနေက သူ့ကို ရက်အနည်းငယ်လောက် မျက်လုံး မမှိတ်နိုင်အောင် ပြုလုပ်နေသည်။ သူ နောက်ဆုံးအိပ်ပျော်သွားချိန်တွင် ဆူညံသံဖျော့ဖျော့က သူ့မျက်လုံးများကို ကျယ်ကျယ်ပွင့်သွားစေသည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now