Unicode
ရှီရှန်းက ရွှမ်ဖုန်းရဲ့ဓားကို သူမရဲ့ဓားဖြင့်ပင့်ယူလိုက်ပြီး လိုက်ထဲမှာကိုင်ထားလိုက်တယ်။ သူမရဲ့မျက်ဝန်းတွေက တဒင်္ဂမှောင်မိုက်သွားခဲ့ပြီး ဓားကို လွှင့်ပစ်လိုက်ပြန်တယ်။
“ကလန့်…”
ရှီရှန်းက အနောက်လှည့်လိုက်ပြီး အနီးနားကမိစ္ဆာတွေကို လက်ယပ်ခေါ်လိုက်တယ်။ မိစ္ဆာအမြောက်အများက ချက်ချင်းပြေးသွားကြတော့တယ်။
“မင်းသမီးလေး…”
“သူ့ကို သတ်ပစ်လိုက်”
ရှီရှန်းက ပေါ့ပေါ့ပါးပါးအမိန့်ပေးလိုက်တယ်။
“ဟမ်..?” ‘ဒါက မြွေမိစ္ဆာဘုရင်လေ… ငါတို့ သူ့ကိုသတ်နိုင်ပါ့မလား..?’
“မြန်မြန်လုပ်..”
ရှီရှန်းကဆော်ဩလိုက်တယ်။
‘ဇာတ်ညွှန်းရေးသူထက် ငါတို့က ပိုမြန်နေမှဖြစ်မယ်ဟ…’
မိစ္ဆာလေးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး မိစ္ဆာလေးတစ်ယောက် ရှေ့ထွက်လာခဲ့တယ်။ သူ့ရဲ့အရိုးဓားကို တုန်ယင်နေတဲ့လက်ဖြင့်ဆင့်ခေါ်လိုက်ပြီး အံကြိတ်ကာ ရွှမ်ဖုန်းကိုခုတ်ပစ်လိုက်တော့တယ်။ ရွှမ်ဖုန်းကလည်း ဒယိမ်းဒယိုင်ဖြင့် အနောက်ကိုရှောင်လိုက်တယ်။ ဒါပေမဲ့ အရိုးဓားက သူ့မျက်ဝန်းအိမ်ထဲမှာ ပိုမိုကြီးမားလာသလို တဖြည်းဖြည်းအနားကပ်လာတော့တယ်။
ရှီရှန်းကတော့ အေးအေးဆေးဆေးရပ်ကြည့်နေလိုက်တယ်…
အမြဲတမ်း အဲ့လိုပဲ…
“ဟူး…”
သူ့ရဲ့ရင်ဘတ်ထဲကို အရိုးဓားစိုက်ဝင်သွားတဲ့အချိန် ရွှမ်ဖုန်းက မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်ပြီး..
“ငါ့ကို ဒီနည်းလမ်းနဲ့ သတ်လို့ရမယ်ထင်နေတာလား..?”
မိစ္ဆာလေးက ဘယ်ဘက်လက်ကိုမြှောက်လိုက်ပြီး အဆောင်တစ်ခုကို အရိုးဓားပေါ်ရိုက်လိုက်တယ်။ အဆောင်က ရုတ်တရက်ဆိုသလို အလင်းတန်းတွေဖြာထွက်လာခဲ့ပြီး ဓားမှတဆင့် ရွှမ်ဖုန်းရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားတော့တယ်။
ရွှမ်ဖုန်းတစ်ယောက် တောင့်ခဲသွားတော့တယ်။ သူ့ရင်ဘတ်ကထွက်ပေါ်လာတဲ့အလင်းတန်းတွေကို မယုံကြည်နိုင်သလိုငုံ့ကြည့်နေမိတော့တယ်။
ရှီရှန်းက အထက်စီးဆန်ဆန်လေသံဖြင့် လက်ပိုက်လိုက်ပြီး…
“အရူးကောင်.. ငါက ထပ်ပြီးလှည့်စားခံမယ်လို့ထင်နေတာလား…?”
ရွှမ်ဖုန်းရဲ့နှုတ်ခန်းထောင့်ကနေ သွေးတွေစီးကျလာတော့တယ်။
ရွှမ်ဖုန်းက သူ့ခန္ဓာကိုယ်ထဲကအရိုးဓားကို ဆွဲထုတ်လိုက်ပြီး ဒယိမ်းဒယိုင်လမ်းလျှောက်လိုက်တယ်။ လဲတော့မကျသေးဘူး။ ထို့နောက် အဆောင်ရဲ့အလင်းတန်းတွေက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားတော့တယ်။
ရှီရှန်းက သူ့ရဲ့ဒေါသမျက်လုံးတွေကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး အသာအယာပြုံးပြလိုက်တယ်။
“ဘမ်း…”
ရွှမ်ဖုန်းရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပေါက်ကွဲထွက်သွားတော့၏။
သူ့ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့အလင်းတန်းတွေက ကောင်းကင်ပေါ်ကိုထောင်တက်သွားပြီး လေထုအတွင်း စက်ဝိုင်းသဏ္ဍာန်ပျံ့နှံ့သွားတော့တယ်။
“မင်းသမီး.. မင်းသမီး…” ‘အဲ့တာ ဘာကြီးလဲ..?’
ရှီရှန်းက ဆံပင်ကိုအသာသပ်လိုက်ပြီး..
“နောက်ယောင်ခံဖောက်ခွဲရေး အဆောင်..”
‘လူတစ်ယောက်အသက်ရှူနေသရွေ့ ဘယ်နားမှပုန်းနေပါစေ.. လွတ်မှာမဟုတ်ဘူး.. ပြီးရင်တော့… ‘ဘမ်း..’”
ဒီတစ်ခေါက်တော့ ရွှမ်ဖုန်းပြေးမလွတ်လောက်တော့ဘူး။ ဒါပေမဲ့ တကယ်ထွက်ပြေးနိုင်ခဲ့ရင် ငါ့မှာလည်း တခြားနည်းလမ်းမရှိတော့ဘူး။ သူက ဇာတ်ညွှန်းဆရာရဲ့အချစ်တော်ဖြစ်နေတာကိုး။ ဇာတ်ညွှန်းဆရာရဲ့အချစ်ခံရတဲ့လူတိုင်းက အံ့ဩစရာတွေချည်းပဲ…
ဒီလောက်အားကုန်စိုက်ထုတ်နေတာတောင် သူတို့တွေကိုမသတ်နိုင်ခဲ့ဘူး။ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ ငါအရင်ကလုပ်ခဲ့သလိုမျိုး တခြားဇာတ်ကောင်တွေဖျက်ဆီးပစ်အောင် လမ်းကြောင်းပေးရမယ်..
[Host.. ကျေးဇူးပြုပြီး အဲ့လိုမျိုး အန္တရာယ်များတဲ့ အကြံတွေ မထုတ်ပါနဲ့လား..]
ရှီးရှန်းရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားခဲ့တယ်။
‘ငါလုပ်မယ်ဆိုရင်ရော… နင်ဘာတတ်နိုင်လို့လဲ..?’
[ကျွန်တော့် ဘာမှမလုပ်နိုင်ဘူး.. အဆိုးဆုံးမှ မင်းကို သော့ခတ်ထားရုံပဲတတ်နိုင်တယ်.. Master.. ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ…]
…………
ရွှမ်ဖုန်းသေဆုံးခဲ့ပြီးနောက် တခြားမိစ္ဆာတွေကို လွယ်လွယ်ကူကူရှင်းပစ်နိုင်လိုက်တယ်။ မြေခွေးဘုရင်ကြီးက တိုက်ပွဲတွေ ဒီလောက်မြန်မြန်အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..
“ကဲ…အရှင်မင်းကြီး.. ဒီကိစ္စက ကျွန်မတို့ကို သင်ပေးခဲ့တယ်။ ရန်သူတွေကိုနှိမ်နှင်းချင်ရင် သူတို့ဘုရင်ကိုအရင်သတ်ပစ်ရမယ်တဲ့.…”
“မျိုးမစစ်လေး… ငါ့ကို ဒီလိုပြောရဲတယ်ပေါ့..”
မြေခွေးဘုရင်ကြီးက သူ့အနီးနားက ကျောက်တုံးတစ်လုံးကိုကောက်ယူပြီး ပစ်ပေါက်လိုက်တယ်။
“ငါမင်းကို အကျဉ်းချထားတယ်မလား..? ဘာကိစ္စ ဒီမှာရှိနေတာလဲ..?”
ရှီးရှန်က အဝေးကိုခုန်ရှောင်လိုက်ပြီး..
“ချစ်ဖေကြီးကလည်း.. သင်ခန်းစာတွေကို ပြောပြနေတာကို.. အဖေ သမီးကို ဘယ်လိုလုပ်ပစ်ပေါက်ရက်တာလဲ..? ယုံရင်ယုံ.. မယုံရင်နေ.. သမီး အိမ်ကနေထွက်ပြေးမှာ…”
“ထွက်ပြေးကြည့်လေ.. မင်းခြေထောက်တွေကို ငါရိုက်ချိုးပစ်မယ်…”
“သမီးက အဖေ့ရန်သူမဟုတ်ဘူးနော်…”
မြေခွေးဘုရင်ကြီးခမျာ ရင်ဘတ်ကို ဆုတ်ကိုင်ထားမိတော့တယ်။
‘အာ.. ဒီမျိုးမစစ်လေး.. သူမက ငါ့ကို တကယ်ကြီးစိတ်ဆိုးအောင် လုပ်နေတာပဲ.. ငါ့စွမ်းအားတစ်ဝက်ကြောင့် ဒီလောက်စွမ်းအားကြီးနေတာ.. မဟုတ်ရင် သေတာကြာပြီ.. ငါ့ရှေ့မှာ ဒီလိုတွေပြောပြီး ဟန်ရေးပြရဲသေးတယ်.. ငါအရမ်းကို စိတ်တိုလာပြီ…’
“တစ်ယောက်ယောက် လာခဲ့..”
မြေခွေးဘုရင်ကြီးက ဟိန်းဟောက်လိုက်တယ်။
“မင်းသမီးကိုခေါ်ဆောင်သွားပြီး သေသေချာချာစောင့်ကြည့်နေကြ.. တကယ်လို့ သူမသာထွက်ပြေးသွားခဲ့ရင် မင်းတို့အားလုံး အပြစ်ပေးခံရမယ်..”
“နေ..နေဦးလေ..”
ရှီရှန်းက မြေခွေးဘုရင်အနားကို ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်တယ်။
“သမီးလုပ်စရာ ရှိသေးလို့…”
မြေခွေးဘုရင်ကြီးက ခနဲ့လိုက်တယ်။
“ဘာလုပ်စရာ ရှိသေးလို့လဲ..?”
‘မင်းသိတာဆိုလို့ ပြဿနာရှာဖို့ပဲ..’
ရှီရှန်းက မျက်လုံးမှိတ်ပြလိုက်ပြီး..
“အရှင်မင်းကြီး .. ဘာလို့ မိစ္ဆာဘုရင်,မလုပ်တာလဲ..?”
“မိစ္ဆာဘုရင်တစ်ယောက်ဖြစ်ဖို့ လွယ်တယ်များထင်လို့လား..?”
မြေခွေးဘုရင်က သူမကိုစိုက်ကြည့်လိုက်တယ်။
ရှီရှန်းက အတည်ကြီးခေါင်းညိမ့်ပြလိုက်ပြီး..
“ဒါပေါ့..”
‘ဒီမျိုးမစစ်လေး.. ဘယ်လိုလုပ်ထောင်လွှားတတ်လာရတာလဲ..? ငါ့မှာ ဒီလိုသမီးမျိုးမရှိဘူး..’
ဒီတစ်ခေါက် သူတို့ဘက်ကအနိုင်ရခဲ့တယ်ဆိုပေမယ့် စည်းရုံးသိမ်းသွင်းလို့မရသေးတဲ့ မိစ္ဆာမျိုးနွယ်တွေ အများကြီးကျန်နေသေးတယ်လေ။ ရှီရှန်းအလည်အပတ်သွားခဲ့တဲ့မျိုးနွယ်စုတွေကလွဲရင် တခြားမျိုးနွယ်တော်တော်များများက အရင်က အကျပ်ကိုင်ခံခဲ့ရတာကြောင့် စစ်ပွဲထဲဝင်ပါခဲ့ရတာ။ အခုတော့ သာသာယာယာပဲ။
ပြောချင်တာက တစ်စုံတစ်ယောက်ရဲ့အကျပ်ကိုင်မခံရရင် လူတိုင်းက သူတို့မျိုးနွယ်အတွက်ပဲ ကြည့်ကြမှာပေါ့။
ရွှမ်ဖုန်းကိုနှိမ်နင်းနိုင်ဖို့ဆိုတာ မြေခွေးမျိုးနွယ်အတွက် မလွယ်ကူခဲ့ဘူး။ ဒါပေမဲ့ မိစ္ဆာဘုရင်ဖြစ်ဖို့ ခြေတစ်လှမ်းစာပဲလိုတော့တာဆိုတော့ ဒီတိုင်းလက်မလျော့ချင်ကြပြန်ဘူး။ အဲ့တော့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေကို ရောက်နေကြတော့တယ်။
မြေခွေးဘုရင်ကြီးပြောခဲ့သလိုပဲ။ မိစ္ဆာဘုရင်ဖြစ်ချင်တဲ့မိစ္ဆာတိုင်းက ကောင်းတဲ့မိစ္ဆာမဟုတ်ဘူး။ အဲ့တော့ မြေခွေးဘုရင်ကြီးလည်း မိစ္ဆာဘုရင်နေရာကို အရယူဖို့ဆုံးဖြတ်လိုက်တယ်။ နှမြောစရာကောင်းတာက လက်တွေ့ဖိအားတွေက သူထင်ထားတာထက်ပိုများနေခဲ့တယ်။
ဒါပေမဲ့ သူအလျော့ပေးတော့မယ့်အချိန် တခြားဆန့်ကျင်နေတဲ့အဖွဲအစည်းတွေက ရပ်တန့်သွားပြန်တယ်။ မျိုးနွယ်စုအားလုံးက မဟာမိတ်အဖွဲ့အစည်းကိုရောက်ချလာပြီး လာရောက်ပူးပေါင်းလာကြတယ်။ ရှီရှန်းအလည်အပတ်သွားခဲ့တဲ့မျိုးနွယ်စုတွေကတော့ ဒီသတင်းကြောင့်ပျော်ရွှင်နေကြတာပေါ့…
‘မင်းပြောလို့ ပြီးပြီလား..? အတူတူ ရင်ဆိုင်ကြရအောင်.. ဒါက မိစ္ဆာလောကကြီး အမှန်တကယ် အလုပ်လုပ်သင့်တဲ့ပုံစံပဲ..’
မိစ္ဆာလောကကြီးလည်း ထိုအချိန်မှစ၍ စည်းလုံးသွားတော့တယ်။ မြေခွေးဘုရင်ကြီးက မိစ္ဆာဘုရင်အဖြစ်ရာထူးတိုးသွားပြီး ရှီရှန်းက မိစ္ဆာမင်းသမီးဖြစ်သွားတော့တယ်။ မင်းသမီးတစ်ပါးစဖြစ်ကတည်းက ရှီရှန်းရဲ့တစ်နေ့တာက….
Blind Date
Blind Date
Blind Date
မြေခွေးဘုရင်ကြီးက သူ့သမီးလေးမင်္ဂလာဆောင်ဖို့အရေးကို အားကုတ်စိုက်ထုတ်နေပြီး ရှီရှန်းလက်မထပ်မချင်း အလျော့ပေးမယ့်ပုံမပေါ်ဘူး။ ဒါပေမဲ့ မိစ္ဆာလေးတွေကလည်း ရှီရှန်းကိုလက်မထပ်ရဲကြဘူး။ သူမရဲ့အရှိန်အဝါနဲ့ မိစ္ဆာသတ်ဓားအကြောင်းတွေးမိလိုက်တိုင်း တစ်ကိုယ်လုံးတုန်ယင်လာတော့တာပဲ။
ဒီလောက်ကြိမ်းတမ်းတဲ့မင်းသမီး..
သူတို့နဲ့မလိုက်ဖက်ဘူး။
စိတ်မရှည်နိုင်လောက်အောင်ဖိအားပေးခံနေရတော့ ရှီရှန်းလည်း အိမ်ကထွက်ပြေးသွားတော့တယ်။
‘ဇာတ်လိုက်မကို သတ်ရဦးမယ်… ဘာလို့ ဒီမှာဆက်နေရမှာလဲ..?’
ရှီရှန်းရဲ့တကယ့်အတွေး - ‘ငါ့ကိုဒီမှာဆက်နေချင်ရင် လူတိုင်းဆီထိုးပေးနေတာ ရပ်လိုက်စမ်းပါ။ ရှင့်သားမက်က လိုင်းပေါ်မှာမရှိဘူး။ လူတိုင်းဆီထိုးပေးနေရင် ရှင့်သားမက် ရှင့်ကိုရိုက်လိမ့်မယ်..’
……………….
ရှီရှန်းလည်း မိစ္ဆာလောကမှ ထွက်သွားလိုက်တယ်။ လူသားတွေကလည်း မိစ္ဆာလောကမှဖြစ်ပျက်သမျှတွေကို သိထာကြဟန်တူတယ်။ သူမ,ကြားလိုက်တိုင်း ထိုကိစ္စဆွေးနွေးနေကြတာချည်းပဲ။
ဒါပေမဲ့ ပြောနေသမျှအကုန်လုံးက လိုရင်းမရောက်ဘူး။ ပြီးတော့ အချက်အလက်တွေကလည်း မှားယွင်းနေသေးတယ်။
ဥပမာပြောရရင်..
‘မိစ္ဆာမင်းသမီးက ဝတုတ်မကြီး။ ရုပ်ဆိုးပြီး တအားကြမ်းတမ်းတယ်လို့ပြောကြတယ်တယ်။ ဘယ်သူမှ သူမကိုလက်မထပ်ရဲဘူး..’
ရှီရှန်းလည်း ဒေါသထွက်လာတော့တယ်။
‘ငါကြမ်းတမ်းတာ ဝန်ခံပါတယ်.. ဒါပေမဲ့ ရုပ်ဆိုးပြီး ဝနေလို့လား..? ငါက လှပပြီးချစ်စရာကောင်းတယ်.. ပြီးတော့ ဆွဲဆောင်မှုလည်းရှိတယ်.. OK? ပေါက်ကရေအတင်းတုပ်နေတာ အရိုက်မခံချင်ရင်ရပ်လိုက်တော့..’
[Host.. မင်းက တစ်ကမ္ဘာလုံးမှာအတော်ဆုံး.. အရူးတွေက မင်းနဲ့မထိုက်တန်ဘူးလို့ ဘာလို့မပြောလိုက်တာလဲ..?]
“ဒါပေါ့ အရူးတွေက မထိုက်တန်လို့လေ..”
[Master… ဘဝင်ရူးနေတဲ့လူအတွက် ဆေးမရှိဘူးလား.. ? ကျွန်တော် Host ကို တစ်ကဒ်လောက် ပေးချင်လို့.. Master… ပြန်လာခဲ့ပါတော့..]
ရှီရှန်းလည်း ဇာတ်လိုက်မကို ဘယ်မှာသွားရှာမလဲစဉ်းစားကြည့်လိုက်တယ်။
‘ဒီအချိန်မှာ ဇာတ်လိုက်မ,ဘာလုပ်နေလောက်မလဲ..?’
“အရှေ့မှာ..”
သူမရဲ့အနောက်မှာ ရုတ်ချည်း အုတ်အော်သောင်းနင်းဖြစ်နေတော့တယ်။
ရှီရှန်းလှည့်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်းဝတ်ဆင်ထားကြတဲ့ အမျိုးသမီးတွေနဲ့အမျိုးသားတွေက သူမဆီကို ဖရိုဖရဲပြေးလာကြလေရဲ့။ ရှီရှန်းလည်း လန့်ဖြန့်သွားပြီး ထွက်ပြေးရတော့တယ်။
‘ချစ်ဖေကြီးရေ.. ကျွန်မကိုလိုက်ဖမ်းဖို့ အဲ့လောက်ဇွဲကောင်းရလားလို့.. ဒီမိစ္ဆာအုပ်စုကြီးက လူသားတွေနဲ့ လုံးဝမတူဘူးဟ..’
…………………………….
Translated by Melinoe_Megami
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣