Arc 17.14

2.1K 337 2
                                    

Unicode

ဝူချန်တစ်ယောက် မြေခွေးမိစ္ဆာလေးက သူ့ဆရာကိ မြင်လိုက်တာနဲ့ ခုန်အုပ်လိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး…

‘နှစ်ယောက်စလုံး ပျောက်သွားပြီ.. ဆရာရယ် ဘာလို့များ ချောက်ကမ်းပါးအစွန်းမှာ ပြုတ်ကျလုနီးပါးမတ်တပ်ရပ်နေရတာလဲလို့…???’

အဓိကအချက်က ချောက်ထဲဆင်းပြီး ရက်အတော်ကြာအောင်ရှာဖွေခဲ့ပေမယ့် သူတို့နှစ်ယောက်ကို အရိပ်အယောင်လေးတောင် မတွေ့ရသေးဘူး။ သူတို့နှစ်ယောက်က ဒီကမ္ဘာကနေ ပျောက်ကွယ်သွားသလိုပဲ။ ကျောက်စိမ်းအဆောင်ကိုသုံးပြီး သူ့ဆရာကိုဆက်သွယ်ကြည့်ပေမယ့် တုံ့ပြန်မှုမရှိခဲ့ဘူး။

ဝူချန်လည်း စိတ်ပျက်လက်ပျက် ခေါင်းကုတ်လိုက်မိတယ်။
“သူတို့တွေ ဘယ်လိုများပျောက်ကွယ်သွားရတာလဲ??”

‘ဆရာရယ်.. ကျွန်တော့ရဲ့မြေခွေးမိစ္ဆာလေးကို ဘယ်ကိုများခိုးယူသွားတာလဲဗျာ..’

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန် သူနဲ့အတူရှိနေတဲ့ဓားက ရုတ်တရက်လှုပ်ခါလာတော့တယ်။ ဓားက လေထုကိုခွင်းပြီး လျင်မြန်စွာထွက်သွားတော့တယ်။

ဝူချန်ကြောင်အသွားတယ်။ သူ့ရဲ့ဓားကိုဆင့်ခေါ်ပြီး ချက်ချင်းအနောက်က လိုက်သွားလိုက်တယ်။

စိမ်းလန်းတဲ့မြက်ခင်းပြင်ကြီးအလယ်..
တစ်ကိုယ်လုံးသွေးလွှမ်းနေတဲ့မိန်းကလေးတစ်ယောက်က အသက်ရှူရပ်မတတ် မောဟိုက်စွာ လဲလျောင်းနေခဲ့တယ်။

“မြေခွေးမိစ္ဆာလေး..”
ဝူချန်က အမြန်ပြေးသွားလိုက်တယ်…

ချင်းဟန်လည်း သူမအနားမှာရှိနေပြီး သတိလစ်နေခဲ့တယ်။ သူ့ဆရာက ဒဏ်ရာမရှိပေမယ့် အနည်းငယ်ညစ်ပေပြီး ဖြူလျော်နေတယ်။ ရှီရှန်းရဲ့မျက်ဝန်းတွေက ဖြည်းညှင်းစွာပွင့်ဟလာခဲ့ပြီး..

“ရေရှိလား..?”

‘ရေ..???’

ဝူချန်ထင်လိုက်တာက ရှီရှန်းရေသောက်ချင်နေတယ်လို့ပေါ့။ အဲ့တာနဲ့ ရေသွားရှာခဲ့လိုက်တယ်။ ဒါပေမဲ့ ရှီရှန်းက ရေသောက်ချင်တာမဟုတ်ပဲ ရေချိုးချင်နေတယ်ဆိုတာကို ဘယ်သူကသိခဲ့မှာလဲ..?

‘ဒီလောက် သွေးလွှမ်းနေတာတောင် ရေချိုးဖို့တွေးနိုင်သေးတာလား???’

ရှီရှန်းရဲ့အကျင့်စရိုက်က သူများနဲ့မတူဘူးဆိုတော့ ဝူချန်လည်း သူမ,ရေချိုးဖို့ရာ ခေါ်ဆောင်သွားလိုက်ရတော့တယ်။ ပြီးတော့ သူ့ဆရာကိုရောပေါ့…

ဘယ်လိုနည်းနဲ့မှ မသေစေရဘူး..
သူမတို့ရောက်ခဲ့တဲ့နေရာက သီးခြားနယ်မြေတစ်ခုလို့ မထင်ထားခဲ့မိဘူး။ အဲ့နေရာကနေလွတ်မြောက်နိုင်ဖို့ တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရတယ်။

ရှီရှန်း သူမရဲ့လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်တယ်။  နက်ရှိုင်းတဲ့ဒဏ်ရာတစ်ခု.. သွေးတွေက ကြည့်ရဆိုးလောက်အောင် ပေရေနေခဲ့တယ်။ ရှီရှန်းလည်း သက်ပြင်းချလိုက်တယ်။

“အနာဂါတ်မှာ ခပ်မိုက်မိုက်ပုံစံဖြစ်အောင် ဘယ်လိုသရုပ်ဆောင်ရတော့မလဲ..?”

သူမရဲ့ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအားနည်းနည်းလေးတောင် မရှိတော့ဘူး။ ထို့အပြင် နောက်ထပ်လည်း ချီစွမ်းအားသုံးလို့ရမှာမဟုတ်တော့ဘူး။

‘ဒီခန္ဓာကိုယ်က အသုံးမဝင်တော့ဘူး.. System.. ငါနောက်တစ်ခု လဲလို့ရမလား..?’

“စိတ်ကြိုက်ခန္ဓာကိုယ်ပြောင်းလို့ရရအောင် ဂိမ်းကစားနေတယ်များ ထင်နေသလားမသိဘူး..?”

‘မဟုတ်လို့လား.. ဒါလည်းဂိမ်းတစ်မျိုးပဲကို..’

“Host.. ကျွန်တော့်ရဲ့အတွေးတွေကို မဖတ်ပါနဲ့..”
Oh.. No… Host က ငါ့ရဲ့အတွေးတွေကို ဖတ်နေတာလား..?

“Master ကျေးဇူးပြုပြီး ပြန်လာခဲ့ပါတော့.. ကျွန်တော် သူမနဲ့မနေရဲတော့ဘူး..”

‘နင်‌ရော ငါ့အတွေးတွေကို မဖတ်ခဲ့လို့လား..?’

“မင်း…
ကျွန်တော်ဖတ်လို့ရသမျှက Host ခွင့်ပြုထားတာချည်းပဲလေ.. ကျွန်တော့်ကို ဘာမှမသိဘူးများထင်နေတာလား..?”
System က အထွန့်တက်လိုက်တယ်။

ဒါပေါ့.. ဘယ်လောက်စိတ်ဆိုးနေပါစေ ထွက်လာတာက အေးစက်စက်စက်ရုပ်သံလေးပဲ..

‘Wow.. အံ့ဩစရာပဲ.. နင့်ဆရာနင့်ကိုပြောပြလိုက်တာလား..?’

“ငါ့ကိုအထင်သေးနေသလို ခံစားနေရတယ်..’

“ကျွန်တော့်ဆရာ..
ငါက သူ့ကို ဘာလို့ပြောပြရမှာလဲ..?”
System က ချက်ချင်းစက်ပိတ်ပြီး လိုင်းအောက်သွားတော့တယ်။

ရှီရှန်းကတော့ ဂရုမစိုက်ပါဘူး။ သူမ,သိချင်ရင် အချိန်မရွေးသိအောင်လုပ်လို့ရတယ်လေ…

…………………..

ရှီရှန်းတစ်ယောက် ရေချိုးပြီးတာနဲ့ သန့်ရှင်းတဲ့အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်လိုက်တယ်။ ပြီးမှ ခပ်ဖြေးဖြေး လမ်လျှောက်ပြန်ခဲ့လိုက်တယ်။

ချင်းဟန်လည်း သတိပြန်ရနေခဲ့ပြီ။ ရက်အနည်းငယ်အတွင်းမှာ ဖြစ်ခဲ့သမျှတွေက သူ့စိတ်ထဲမှာ တစ်ဘဝလုံးကုန်ဆုံးခဲ့ရသလိုပဲ။ ခပ်လှမ်းလှမ်းကလမ်းလျှောက်လာတဲ့ အပြာနုရောင်ဂါဝန်လေးနဲ့မိန်းကလေးကို ငေးကြည့်လိုက်တယ်။

သူမရဲ့မျက်နှာက ဖြူဖျော့နေတုန်းပဲ…

အမှောင်နယ်မြေမှာတုန်းက သူမရဲ့သွေးတွေကိုသုံးပြီး ရေးဆွဲခဲ့တဲ့အစီအရင်ကို သူ့စိတ်ထဲပြန်တွေးကြည့်လိုက်တယ်။ အဲ့လိုအစီအရင်မျိုးကို တစ်ခါမှမမြင်ဖူးခဲ့ဘူး။ ရှုပ်ထွေးတယ်၊ စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းတယ်။

“ရှောင်ရီ.. မင်းအဆင်ပြေရဲ့လား..?”
ဝူချန်က ရှီရှန်းကို လှမ်းခေါ်လိုက်တယ်။

ရှီရှန်းက အသာအယာခေါင်းညိတ်ပြလိုက်တယ်။

“ဒါပေမဲ့ မင်းရဲ့မျက်နှာက ဘာလို့ဖြူဖျော့နေတာလဲ..?”

ဝူချန်လည်း တော်တော်စိုးရိမ်သွားတယ်။
‘ခုနက သူမရဲ့တစ်ကိုယ်လုံးကို သွေးတွေဖုံးလွှမ်းနေခဲ့တယ်.. အရမ်းထိတ်လန့်စရာကောင်းတာပဲ..’

“ကျွန်မအဆင်ပြေပါတယ်..”
သွေးတွေအများကြီးဆုံးရှုံးထားမှတော့ မျက်နှာဖြူဖျော့နေမှာပေါ့..

“ငါမင်းကို မခေါ်လာခဲ့သင့်ဘူး..”

ဝူချန်က ထရပ်လိုက်ပြီး ရှီရှန်းကိုကူညီပေးလိုက်တယ်။ ရှီရှန်းက ရှောင်တိမ်းသွားတော့ ဝူချန်ခမျာ စိတ်ဓာတ်ကျသွားခဲ့တယ်။

“ရှောင်ရီ.. ကိုယ်..”

ရှီရှန်းက ခပ်ဖျော့ဖျော့ပြုံးပြလိုက်တယ်။ ဖြူဖျော့နေတဲ့မျက်နှာလေးက ချက်ချင်းနေပြန်ကောင်းလာသလိုပဲ..

“ကျွန်မ ရှင့်ဆရာကိုကြိုက်တယ်..”

‘သူမဘာပြောလိုက်တာ..? ငါနားကြားမှားသွားတာလား..?’

စကားပြောနေတဲ့နှစ်ယောက်ကိုကြည့်ရင်း ချင်းဟန်လည်း မပျော်မရွှင်ဖြစ်လာပြီး ထိုနေရာကနေ ထထွက်သွားတော့တယ်။

“ငါ့ကိုတာဝန်ယူမယ်လို့ ကတိပေးခဲ့ပြီးတော့ ငါ့တပည့်လေးကို အားပါးတရပြုံးပြနေပြန်ပြီ..ဟမ့်..”

သူ့နောက်ကို ပထမဆုံးလိုက်လာခဲ့တဲ့လူက ဝူချန်…
‘ဆရာ.. ရှောင်ရီကပြောတယ်.. သူမက ဆရာ့ကိုကြိုက်တာတဲ့..”

ချင်းဟန်က မသိမသာမျက်မှောင်ကြုတ်သွားခဲ့တယ်။ သူပြန်ပြီးရှင်းပြချင်ပေမယ့် ဘာပြောရမှန်းမသိဘူး။ သူတို့နမ်းခဲ့ဖူးတဲ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ကိုလည်း သူမကမြင်ဖူးသေးတယ်။

“ဝူချန်.. ငါ..”

“ဆရာ.. ဆရာက ကျွန်တော့်ရဲ့ဆရာဆိုပေမယ့် ဒီကိစ္စမှာတော့ ကျွန်တော်တို့ကပြိုင်ဘက်တွေပဲ.. မျှမျှတတ ဆုံးဖြတ်ကြရအောင်..”

‘ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ မြေခွေးမိစ္ဆာလေးကို သူလည်းပိုင်ဆိုင်ချင်မိတယ်လေ.. လူသားနဲ့မိစ္ဆာတွေဆိုတာ မတူညီကြဘူး.. ဆရာအလျော့ပေးလိုက်ပါတော့.. သူမကို ကျွန်တော့အတွက် ထားခဲ့လိုက်တော့..’

ဖူး..
ငါဘာတွေတွေးနေမိတာလဲ..? အဲ့လိုအရှက်မရှိတဲ့မိန်းမကို မလိုချင်ပါဘူးနော်..

ဝူချန်က သူပြောချင်ရာပြောပြီးတာနဲ့ ရှီရှန်းကို သွားစည်းရုံးပြန်တယ်။ ရှီရှန်းက အားနည်းနေတာဆိုတော့ ခပ်ဖြည်းဖြည်းပဲ လမ်းလျှောက်လာခဲ့ရတယ်။ နောက်ဆုံးတော့ ဓားထုတ်လိုက်ပြီး ဓားပေါ်တက်ထိုင်ကာ ပျံသန်းလိုက်တော့တယ်။

“ရှောင်ရီ.. ကိုယ့်ဆရာက ကိုယ့်လိုမကောင်းဘူးနော်.. ကိုယ်က အရမ်းခန့်ညားတယ်။ ကောင်းကောင်းတိုက်ခိုက်နိုင်သလို ဝင်ငွေလည်းကောင်းတယ်။ ကိုယ့်ဆရာက လမ်းတောင်ရှာတတ်တာမဟုတ်ဘူး..”

ဝူချန်က ရှီရှန်းအနားမှာ ဝိုင်းကြီးပတ်ပတ်လှည့်လည်ရင်း သူ့ဆရာအကြောင်း အတင်းတုပ်နေတော့တယ်။

“ရှင့်ဆရာထွက်သွားပြီ..”
ရှီရှန်းက ပြန်ပြောလိုက်တယ်။

ဝူချန်လှမ်းကြည့်လိုက်တော့ သူတို့အရှေ့မှာလမ်းလျှောက်နေခဲ့တဲ့လူက ထွက်သွားခဲ့ချေပြီ။ သူ့ဆရာကိုပြန်ရှာချင်ပေမယ့် ဘယ်ကိုထွက်သွားမှန်းမသိတော့ဘူး။

ချင်းဟန်က လမ်းနှစ်ခွမှာ တခြားလမ်းကြောင်းကိုရွေးချယ်သွားခဲ့တယ်။ သူပြန်လှည့်ကြည့်ပေမယ့် နောက်ထပ်လမ်းနှစ်ခွကို ထပ်တွေ့လိုက်ပြန်တော့ ဘယ်သွားရမှန်းမသိတော့ဘူး။

သူ့အတွက်တော့ လမ်းပျောက်တယ်ဆိုတာ ပုံမှန်ပါပဲ။

ရှီရှန်းက ဓားအကူအညီနဲ့လေပေါ်ပျံသန်းလိုက်ပြီး ချင်းဟန်ကိုလိုက်ရှာတော့တယ်။ သူက လမ်းဆုံတစ်ခုမှာ မတ်တပ်ရပ်နေလေရဲ့။ ကြည့်ရတာ ဘယ်သွားရမှန်းမသိလို့ တွေဝေနေပုံရတယ်။ တခနကြာတော့ သူက ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့ လမ်းကြောင်းတစ်ခုကိုရွေးချယ်လိုက်တယ်။

‘အိမ်ကနေ ဘယ်လိုသတ္တိနဲ့ထွက်လာရဲတာပါလိမ့်..?’

ရှီရှန်းက ချင်းဟန်အရှေ့မှာဆင်းသက်လိုက်တယ်။

သစ်ရွက်ကြားကနေ ကျဆင်းနေတဲ့နေအလင်းရောင်က သူ့အသားအရေက တောက်ပလို့နေတယ်။ ပန်းနုရောင်နှုတ်ခမ်းပါပါးလေးတွေကို တင်းတင်းစေ့ထားပြီး သူ့ရဲ့ပုံရိပ်က လေညှင်းတသုန်သုန်တိုက်ခတ်နေတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲ.. အစစ်အမှန်မဟုတ်တဲ့ ပုံရိပ်ယောင်တစ်ခုအလား ထင်မှတ်ရတယ်။ သူ့ရဲ့အမူအယာက တိမ်ပေါ်မှာလွင့်မျောနေသလိုပဲ။ အေးစက်ပြီးခန့်ညားတယ်။

သူ့ရဲ့အသွင်အပြင်ကို ပထမဆုံးအကြိမ် သဲသဲကွဲကွဲမြင်ဖူးခြင်းပင်..

‘ခန့်ညားတယ်..
အရမ်းခန့်ညားတယ်..
သူက ငါ့အပိုင်ပဲ..
အရမ်းကြည့်ကောင်းလွန်းလို့ ၁၀၁ မှတ်ပေးလိုက်ပြီ..
သူက ထိုက်တန်တာထက်တောင် ပိုသေးတယ်…
ငါ့ရဲ့အမျိုးသားက အရမ်းခန့်ညားလွန်းတယ်…’

……………………………

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now