[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[15]
ဒါကကြိုတင်မခန့်မှန်းထားတဲ့ အဖြစ်အပျက်ပဲ။
သူမတကယ်ပဲသူ့ကိုရိုက်လိုက်တယ်ပေါ့လေ...
သူမရူးသွားတာများလား?
"မင်း မင်း..."
ရှီရှန်းက ဝိုင်ပုလင်းကိုကောက်ယူဖို့အတွက် သူမခန္ဓာကိုယ်ကိုကွေးလိုက်ပြီး တုံ့ဆိုင်းတွေဝေနေမဲ့သဘောထားမျိုးမရှိဘဲ ဟန်လုပ်ပြုံးလိုက်တယ်။"နင်ငါ့ကို စည်းမျဉ်းတွေလိုက်နာစေချင်သေးလား?"
|ရှီရှန်းကသူ့ကို ရိုက်တော့မှာမို့ ကိုယ် youနေရာမှာ နင်,ငါလို့ပဲသုံးလိုက်တယ်|
ကြည်လင်ပြတ်သားတဲ့အသံနဲ့ ပြုံးထားပေမယ့်လည်း တော်တော်လေးကို ကြောက်မက်ဖွယ်ကောင်းတယ်။
လီကျဲက ရုတ်တရက်ဆိုသလို ကြောက်လန့်သွားရတယ်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?"
"သင်ခန်းစာပေးနေတာလေ"ရှီရှန်းဝိုင်ပုလင်းကိုမြှောက်လိုက်ပြီး ရိုက်ချလိုက်တယ်။
'Pa!'လူတိုင်း ကြက်သီးထသွားရတယ်။
'သူမတကယ်ပဲသူ့ကို ရိုက်လိုက်တာလား?'
"နောက်တစ်ကြိမ်သာဆို သင်ခန်းစာလေးနဲ့မပြီးသွားဘူး...တစ်ခါတည်းအဆုံးသတ်ပေးလိုက်မယ်"ရှီရှန်းက ကွဲသွားပြီဖြစ်တဲ့ ဝိုင်ပုလင်းကို မြေပြင်ပေါ်ပစ်ချလိုက်တယ်။
လီကျဲ,အရိုက်ခံရပြီးနောက်မှာ ခေါင်းမူးသလို ခံစားလာရတယ်။သူကထုံနေပြီး နွေးနေကာစေးကပ်နေတဲ့ ခေါင်းကိုပွတ်သပ်ကြည့်လိုက်တယ်။
သွေး...
လီကျဲကနေရာမှာတင် မျက်ဖြူလန်ပြီးသတိလစ်သွားတော့တယ်။
"အမှိုက်လိုကောင်"
ရှီရှန်းက အခန်းထဲမှာရှိတဲ့သူတွေကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။သူတို့ထဲကတော်တော်များများကတော့ အခုလေးတင်ဘာဖြစ်သွားလဲဆိုတာ မှတ်တမ်းမတင်လိုက်နိုင်ဘူး။
![](https://img.wattpad.com/cover/285349337-288-k515348.jpg)