Unicode
အဆုံးတွင်တော့ ရှီရှန်း ဟာသူမနှင့်ကံပါလာသည့် ရက်စက်သောအပျိုကြီးဟူသော နာမည်ပြောင်ကိုလက်ခံလိုက်ရတော့သည်။သို့ပေမယ့် သူမကိုနာမည်ပြောင်ပေးခဲ့တဲ့ကစားသမားတွေတော့ စိတ်ဓာတ်ကျအောင်ပါလုပ်ခဲ့လိုက်တယ်။
အခုလတ်တလော ကစားသမားများ၏ အခြေအနေများ-
[World] မင်းဒယ်ဒီကအွန်လိုင်းပေါ်မှာ : “ဟေး ရက်စက်တဲ့အပျိုကြီးကျွန်တော်တို့နဲ့အပြင်လေးဘာလေးလာထွက်ပါအုန်း!”
[World] ယောကျာ်းတစ်ယောက်ရဲ့ပုံရိပ်အစစ်အမှန် : “ရက်စက်တဲ့အပျိုကြီးရေ ထွက်လာပါအုန်း ကျွန်တော့်ကို နှိမ်နင်းခွင့်လေးတော့ပေးအုန်းလေ!”
[World] နေရောင်ခြည်တန်းလေး : “ဝေး ကျွန်တော်တို့အပေါ် တရားမျှတမှုလေးတော့ရှိပါအုန်း,ရက်စက်တဲ့အပျိုကြီးရဲ့levelကိုရှင်းခွင့်ပြုပေး!”
နင်တို့က အဲ့လိုပြောပုံဆိုပုံနဲ့ ငါ့levelကိုရှင်းခွင့်ပြုပေးမယ်များထင်နေလား?
အိမ်မက်ထဲမှာပဲရမယ်!!
[World] ရှာဖွေနေသောကောင်မလေး : “လီဂျင်း, နင်တော်တော်အရှက်မရှိတာပဲ။ စစတုန်းကကျဘဝတစ်သက်စာကိုဆွဲဆောင်တယ် ထားပါ အဲ့တာကအရေးမကြီးဘူး။ခုကျ နင် ငါ့ယောကျ်ားကိုပါဆွဲဆောင်ဖို့လုပ်တယ်ပေါ့လေ။အဲ့လောက်ထိတောင်လင်လိုချင်နေလည်း ကိုယ့်ခန္ဓာကိုယ်ရောင်းစားနေလိုက်ပါလား”
ရက်စက်တဲ့အပျိုကြီးကိုသတ်ဖို့လုပ်နေတဲ့ ကြွေးကြော်သံများရပ်သွား၏။
လီဂျင်းသည် ဘ၀တစ်သက်စာငြိမ်းချမ်းရာ၏ ကာကွယ်စောင့်ရှောက်ခြင်းကိုခံရသူဖြစ်ပြီး
World channel တွင်အပြောခံလိုက်ရသောအခါ အတင်းအဖျင်းများက စတင်လာ၏။
[World] ရှောင်းရွှီအိုင်လေး : လီဂျင်းက သူများစုံတွဲကြားထဲကိုဝင်ဖို့ကြိုးစားနေတာပဲ, ဘယ်လိုတောင် အရှက်မရှိတဲ့ ခေ-[beep-]
[World] ရှာဖွေနေသောကောင်မလေး : “နင်က အဲ့လိုကောင်မမျိုးဆိုတာလေ
ငါတကယ်မယုံနိုင်သေးဘူး သိလား,အကယ်၍နင်ဒီနေ့ဖြေရှင်းချက်မပေးဘူးဆိုရင် နင်ငါနဲ့မပြီးသေးဘူးပဲမှတ်လိုက်တော့”
လီဂျင်းဟာထွက်လည်းမလာခဲ့သလို ဘာတစ်ခွန်းမှလည်းမပြောခဲ့ပါချေ။
ဘယ်လိုဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်က စနှိုက်ကြော်မ ဖြစ်သွားတာတုန်း
မင်းသမီး အနိုင်ကျင့်ခံနေရတဲ့ချိန်မှာကော မင်းသားကဘယ်နားသွားသေနေတာလဲဟ
ရှီရှန်း ဘဝတစ်သက်စာငြိမ်းချမ်းရာကို သွားရှာလိုက်ပြီး လိုင်းပေါ်မှာမရှိဘူးဆိုတာသိသွား၏။
ရှာဖွေနေသောကောင်မလေး ကပိုပြီးပြင်းပြင်းထန်ထန်ကျိန်ဆဲလာကာ world channelတွင်သူမ စာများဖြင့် ပြည့်နေလေသည်။
ရှီရှန်းသည် မြေပုံရှိတောထဲ၌ မကောင်းဆိုးဝါးများကြားထဲတွင် ပုန်းအောင်းနေခဲ့သည်။သူမသည် NPC ဖြစ်ပြီး၊ မကောင်းဆိုးဝါးများဖြင့်တူတူ ရှိလျှင်တောင်သူတို့က သူမကို တိုက်ခိုက်မည်မဟုတ်ပေ။
သူမWorld channel ရှိစာများကို အပျော်ဖတ်နေ စဥ် skill တစ်ခု၏အလင်းရောင်ကို သူမမျက်စိရှေ့ဖြတ်ခနဲမြင်လိုက်ရ၏။ထိုနောက် လီဂျင်းသူမရှေ့ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။မကောင်းဆိုးဝါးများသည် သူမကိုကြည့်နေကြ၏။
ရှီရှန်း “……..”
ရှီရှန်းထိုမကောင်းဆိုးဝါးများကို မောင်းထုတ်လိုက်ကာ လီဂျင်းနားသို့သွားလိုက်၏။
“နင်ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ,ကိုယ်ကိုကိုယ်သတ်သေချင်လို့လား”
ဒီကွကိုယ် ဆူဆိုက်လုပ်တဲ့နည်းက ထူးခြားသားပဲ
[nearby] လီဂျင်း : “….. ကျွန်မဒီမြေပုံကိုမတော်တဆရောက်လာတာ”
လီဂျင်းသည် မြေပြင်ပေါ်တွင်လဲနေပြီးရှီရှန်းကိုမမြင်ရဘဲသူမ၏အသံကိုသာကြားနေရသည်။
သူမထိုအသံကိုကြားဖူးနေသလို ခံစားနေပြီး ဘယ်နေရာတွင်ကြားဖူးနေသလဲဆိုတာတော့ မမှတ်မိနိုင်ချေ။
“ဒါlevel 70 ရှိတဲ့မြေပုံလေ ဘယ်လိုဖြစ်ပြီး, မတော်တဆရောက်လာတာတုန်း”
[nearby] လီဂျင်း : “level 70,?ကျွန်မသတိမထားလိုက်မိဘူး…..”
ရှီရှန်း “……”
တော်လိုက်တာ ဒေါ်အမျိုးသမီးဇာတ်လိုက်ရယ်, နင်ငါ့အာရုံကိုဆွဲဆောင်နိုင်သွားပြီပဲ!
လီဂျင်းတွင် ပြန်လည်ရှင်သန်ခြင်းtoolများရှိသောကြောင့် အသုံးပြုလိုက်ကာ ထရပ်လိုက်သည်။
သူမ၏သန့်ရှင်းနေသော စကပ်အနားစကို ခါလိုက်ကာ ရှီရှန်း၏ လှပသောမျက်နှာလေးကိုကြည့်ဖို့လှည့်လာလေသည်။
သူမမျက်အိမ်များက ကျယ်သွား ကာ အသက်ပြင်းပြင်းရှုလိုက်၏။
“ဟွား…ဟွားဟွား…ဟွားမန်မန်?”
သူမအခုဒီနေရာမှာ ဘော့စ်ကြီးကိုတွေ့နေရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး!
မဖြစ်ဘူးးးး၊ငါအဲ့ဘော့စ်ကြီးဆီကအစားခံရတော့မှာလား?မဟုတ်ဘူး,မဟုတ်ဘူး ဘော့စ်တွေက ကစားသမားတွေကိုမစားဘူးမလား ဒါပေမယ့် ငါအသတ်ခံရပြီး levelကျတော့မှာတော့သေချာပေါက်ပဲမလား!! သွားပါပြီ!!
[တစ်ခဏအတွင်းမှာပဲအများကြီးတွေးပစ်လိုက်သောအမျိုးသမီးဇာတ်လိုက်လေး XDD]
လီဂျင်းသူမ၏ levelကျတော့မည်ကို စဥ်းစားမိသည့်အချိန်တွင် စိတ်ဓာတ်ကျသွား၏။
“နင်ဘာလို့ နင့်ကိုဆဲနေတဲ့လူတွေကို ဘာလို့ reply မပြန်တာလဲ”ရှီရှန်း လီဂျင်းကြောက်ရွံ့နေတာကို ဂရုမစိုက်ချေ။သူမစကားလမ်းကြောင်းပြောင်းလိုက်၏။
“အမ်” လီဂျင်းလုံးဝလန့်သွားချေသည်။
ရှီရှန်းသူမ လေကိုဆွဲနေတာကြည့်နေလိုက်သည်။
သေစမ်း
အဲ့မိန်းမတွေ သူမကိုအသည်းအသန်ကြိုးကြိုးစားစားဆဲနေတာတောင် အမျိုးသမီးဇာတ်လိုက်က မြင်တောင်မမြင်ဘူးတဲ့လား
လီဂျင်း ထိုစာများကို ဖတ်နေသည့်အချိန်တွင် သူမမျက်နှာကဘာမှမသိတဲ့ပုံပေါ်နေပြီးပိုလို့တောင်စိတ်ရှုပ်နေလေသည်။…..
“ကျွန်-ကျွန်မ ဘာမှမလုပ်တဲ့ဟာကို ဘာလို့သူတို့က ကျွန်မကိုဆဲနေကြတာလဲ?”
သူမရှီရှန်းကို အပြစ်ကင်းစင်စွာဖြင့်ကြည့်လိုက်၏။ထိုအချိန်တွင် သူမသည် သူမရှေ့တွင် ရပ်နေသည့်သူမှာ အဆင့်မြင့်ဘော့စ်မှန်း လုံးလုံးမေ့သွားခဲ့ချေပြီ။
“အဲ့တာဆိုလည်း world channelကိုသွားပြီး ပြန်ဆူလိုက်လေ!” ရှီရှန်းသူမကိုအားပေးလိုက်သည်။
[…] hostကတော့သေချင်နေပြန်ပြီပဲ
လီဂျင်းအတော်ကြာအောင် အတွေးနယ်ပယ်ထဲတွင်ပျောက်ဆုံးသွားပြီး ငေးမောနေကော နောက်ဆုံးတွင်မှ ရှီရှန်းကို အင်နိုးဆန့်ရုပ်လေးဖြင့်ပြောလာကာ “ကျွန်မမှာ အကြွေစေ့လုံလုံလောက်လောက်မရှိဘူး…”
ဟား-
မစ်စတာ အမျိုးသားဇာတ်လိုက်ကြီးရေ,နင် အမျိုးသမီးဇာတ်လိုက်ကိုနှိပ်စက်နေတာပဲဟယ်!
နင်သူမကို သုံးဖို့အကြွေစေ့လေးတောင်မပေးဘူးပဲ
NPC[ဟွားမန်မန်]က အကြွေစေ့၂၀၀ပေးလိုက်ပါသည်။
သင်ထိုအပေးအယူကို လက်ခံချင်ပါသလား?
လီဂျင်းလက်ခံလိုက်ကာ ရှီရှန်းကိုရောင်းချမည်ဆိုပါက အကြွေစေ့၁၀၀လောက်တန်သည့် Equipmentတစ်ခုပြန်လည်ပေးလိုက်သည်။
ရှီရှန်း သူမကိုလီဂျင်းပေးခဲ့တဲ့ equipmentကြည့်လို့ပြီးသွားတဲ့အချိန်မှာတော့,သူမ လီဂျင်း၏စာကို မျက်လုံးထောင့်စွန်းလေးမှတစ်ဆင့်မြင်လိုက်သည့်အချိန်တွင် သူမနှုတ်ခမ်းထောင့်စွန်းလေးများကွေးတက်သွား၏။
[world] လီဂျင်း : “ကျွန်မနဲ့အေးစက်ပြတ်သားသော ကြားမှာဘာမှမရှိပါဘူး မဟုတ်တဲ့ကောလဟာလတွေကိုလွယ်လွယ် မဖြန့်ကြပါနဲ့ရှင့်”
[World] ရှာဖွေနေသောကောင်မလေး :”မရှိဘူး? အဲ့တာဆိုနင်ဘာလို့စောစောကမရှင်းပြခဲ့တာလဲပြောလေ?သူများယောကျာ်းကိုအမိဖမ်းဖို့ကြိုးစားနေတာ ,စောက်ရှက်မရှိတဲ့ခွေး-[beep]”
[World] ကြီးကျယ်မြင့်မြတ်လှပါသောမိန်းမပျို : “ရှာဖွေနေသောရေ စိတ်မတိုနဲ့စိတ်မတိုနဲံ ဒီလိုလူမျိုးတွေအတွက်ဒေါသထွက်ဖို့တောင်မတန်ဘူး”
[World] မနေ့ညရဲ့အိမ်မက်ထဲမှာ : “လီဂျင်း နင့် ကိုဩဒိနိတ်တွေပြောပြရဲရင်ပြောပြလိုက်လေ!”
[world] လီဂျင်း : “ကျွန်မနဲ့ အေးစက်ပြတ်သားသောကြားမှာတကယ်ဘာမှမရှိဘူး”
World channelထဲတွင် ရှာဖွေနေသောကောင်မလေး၏သူငယ်ချင်းများ ရှိသောကြောင့် သူတို့သည် လီဂျင်းကို အရှက်တကွဲအကျိုးနည်းဖြစ်စေရန်သာဆက်လက်လုပ်ဆောင်ကြပြီး လီဂျင်း၏ရှင်းပြမှုများ သည် ဘာမှထူးမလာခဲ့ချေ။
လီဂျင်းသည်လက်တွေ့ ဘဝတွင်ကိုမာဝင်သွားခဲ့သည် နှင့်အညီ သူမ၏ကလေးဆန်ဆန်အပြုအမူနှင့်အမူအရာများကြောင့် သူမ၏ဉာဏ်ရည်သည် လျော့ကျသွားကြောင်းသိသာနေသည်။
ထို့အပြင်သူမ အမျိုးသားဇာတ်ဆောင်ကိုပါ လုံးလုံးမမှတ်မိနိုင်သည် အထိဖြစ်သွားသည်။
သေချာပေါက်တော့ သူမမှတ်ဉာဏ်သည်တစ်ခုခုလွဲမှားနေလောက်၏။
သူမမှတ်မိနိုင်သည့်တစ်ခုတည်းသော အရာသည်လီဂျင်းဟူသောသူမနာမည်ပေ…..။
လီဂျင်း world channelကိုပိတ်လိုက်ကာ
“ဘာလို့သူတို့တွေဒီလောက်တောင် အကျိုးအကြောင်းမသင့်ရတာလဲ”
“နင်နဲ့ အေးစက်ပြတ်သားသောကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ?”
အမျိုးသားဇာတ်လိုက်သာ သူမဖောက်ပြန်နေတာသိသွားရင် သူမကိုပိတ်လှောင်ထားလိုက်မှာကိုမကြောက်ဘူးလား
“ဘာမှမရှိပါဘူး” လီဂျင်းမှားနေသလိုခံစားလိုက်ရသည်။”ဒီမနက် ကျွန်မတခြားလူတွေနဲံ dugeonထဲဝင်တော့ ကျွန်မ မျန်းဆုချင်* ရလာတယ် နောက်ကျွန်မအပြင်ထွက်လာတော့ သူကကျွန်မနဲ့အလဲအလှယ်လုပ်ချင်နေတယ်လေ ပြီးတော့ မျန်းဆုချင်က အသုံးမဝင်ဘူးလို့ခံစားရတာနဲ့ပဲကျွန်မအလဲအလှယ်လုပ်ခဲ့တာ ဒါပေမယ့် ဘယ်သူသိမှာလဲသူတို့က ကျွန်မကိုဒီလိုအပုပ်ချမယ်လို့”
*မျန်းဆုချင် သည် များသောအားဖြင့် တရုတ်ယဉ်ကျေးမှုရှိအိမ်ထောင်သည်စုံတွဲများ၏ ညီညွတ်သောဆက်ဆံရေးကိုရည်ညွှန်းသည်။
လီဂျင်း အံ့ဩနေမိသည်။သူမဘယ်ချိန်တုန်းကများ အေးစက်ပြတ်သားသောကိုဆွဲဆောင်မိခဲ့လို့လဲ??
“နင်ကငတုံးလား?” ရှီရှန်း သူမကိုတကယ့်ငတုံးတစ်ယောက်လို ကြည့်နေမိသည်။
မျန်းဆုချင်သည် serverတစ်ခုလုံးတွင်မှ၂ခုသာရှိသည့် အရာဖြစ်သည်။စစချင်းတွင်တော့ ဈေးကသိပ်မကြီးခဲ့ပေမယ့်အဆင့်မြှင့်လို့ရသောကြောင့် တစ်ချို့ကစားသမားများက ရရှိရန်အကြိမ်တစ်ရာလောက်ကြိုးစားခဲ့ပေမယ့် အချည်းအနှီးသာ။
အကယ်၍ ထိုအရာကိုသာ marketမှာရောင်းလို့ရမယ်ဆိုရင် ဒေါ်လာဆယ်ထောင်လောက်ပေးပြီးဝယ်မဲ့သူဌေးကြီးတွေရှိပေလိမ့်မည်။
[market -ဂိမ်းထဲမှပစ္စည်းများကိုရောင်းချသည့် အင်တာနက်ဈေးကွက်အနေနှင့်သုံးထားသည်။]
လီဂျင်း “…..”
ဘယ်လိုမျက်နှာမျိုး အဲ့ကောင်မလေးလုပ်နေတာတုန်း
ဘုရားရေ,နင်ငါ့ကိုဘာလို့အဲ့လို ဘာမှမသိတဲ့ပုံလေးနဲ့ လာကြည့်နေပြန်တာတုန်း
ပထမဆုံးအနေနဲ့ သူမ အမျိုးသားဇာတ်လိုက်မဖြစ်တာကိုကျေးဇူးတင်မိတယ်သိလား!အဲ့လိုမျိုး အမျိုးသမီးဇာတ်လိုက်သာ သူမဆီမှာရှိမယ်ဆိုရင်တော့ နှလုံးလျှော့ရပြီးသေမှာပဲ!
ကံကောင်းတာတစ်ခုက ဖုန်းစီက သူမလောက်IQမနိမ့်နေလို့
ရှီရှန်းဟာ စိတ်အခြေအနေ ကောင်းနေတာကြောင့်မို့ လီဂျင်းကို မျန်းဆုချင်အကြောင်းအနည်းငယ်ပြောပြလိုက်သည်။
အေးစက်ပြတ်သားသော နဲ့ ရှာဖွေနေသော ကောင်မလေးတို့ရဲ့ ရည်ရွယ်ချက်ကကောင်းမနေမှန်းကိုပါတွေးဆကာထပ်ပြောလိုက်၏။
“ငါထင်တာ ဒီနှစ်ယောက် ကအချင်းချင်းတိုင်ပင်ပြီး World channelမှာ နင့်ကို သူများတွေကိုဆွဲဆောင်တယ်လို့ နာမည်ဆိုးတပ်လိုက်တာနေမယ်,နင်ဒီလောက် အေးစက်ပြတ်သားသောနဲ့အလဲအလှယ်လုပ်ခဲ့ကြောင်းကို ပြောခဲ့တာတောင်မှ ဘယ်သူ့မှမယုံကြဘူးလေ,ပြီးတော့နင် အဲ့အလဲအလှယ်ကိုကောscreenshotရိုက်လိုက်သေးလား”
လီဂျင်း အံ့ဩစွာခေါင်းရမ်းမိရင်း “သူတို့…ဒီလိုမလုပ်လောက်ပါဘူး,ဟုတ်တယ်မလား သူတို့ဘာလို့ဒီလိုလုပ်ရမှာလဲ”
ဘာလို့လဲ?
အကယ်၍ငွေကြောင့် သူမကလိန်ကျခံလိုက်ရတာကို အမျိုးသားဇာတ်လိုက်ပြောပြီးသူသိသွားမယ်ဆိုလက်စားချေဖို့လိုက်ရှာမှာပဲ၊အဲ့တာဆိုသူတို့တွေဒုက္ခအကြီးအကျယ်ရောက်သွားမှာ။
အဲ့တာကိုရှောင်ရှားနိုင်ဖို့ဆိုရင် သူတို့အရင်အခွင့်အရေးယူပြီး ထိုးနှက်ရမှာပဲ။
အမှန်တော့ ဒါကဖြစ်နိုင်ချေတစ်ခုသာသာပဲရှိတယ်။
ဒါပေမယ်အဲ့တာတွေက ရှီရှန်း၏မကောင်းတဲ့ထင်မြင်ယူဆချက်တွေအပေါ်သက်ရောက်မှုမရှိခဲ့ဘူး။
“….သွားပြီအဲ့တာ” သူမscreenshotလေးတောင်မှမဆေ့ထားဘူးလေ။
Screenshotသာမပါဘူးဆိုရင် သူမ နာမည်ကိုရှင်းနိုင်မဲ့အရာရှိတော့မှာမဟုတ်ဘူး။
“အဲ့တာဆိုရင်လည်း သူတို့တွေ ကိုမစွပ်စွဲသင့်ဘူးလေ။ကျွန်မဘာအမှားမှလုပ်ခဲ့တာမှမဟုတ်တာ”
လီဂျင်းသူမ၏ ပါးလေးများကိုဖောင်းကာပြောလိုက်သည်။သူမရဲ့အသံကကလေးလေးဆန်လွန်းလို့ ရှီရှန်း အော်ရယ်လုနီးပါးပဲ။
လီဂျင်း ရှီရှန်းကို လန့်ပြီးကြည့်လိုက်မိ၏။သူမ၏ဆွဲဆောင်မှုရှိသောနှုတ်ခမ်းပါးလေးများ အနည်းငယ်လှုပ်ရှားသွားကာ အနည်းငယ်ကြာပြီးသည့်နောက် စကားပြောလိုက်သည်။
“ရှင်က NPCမဟုတ်ဘူးလား အာ့ဆိုရှင်ကဘာလို့အရမ်းလေးနက်နေရတာလဲဟင်”
ရှီရှန်း ”….” ကျေးဇူးတင်ပါတယ်ဟယ်၊ငါNPCဆိုတာတော့ သတိရသေးလို့။
[Note-တစ်ပတ်ကိုသုံးပိုင်းသော်လည်းကောင်း အပ်ပုဒိတ်ပေးပါမယ်ရှင့် သောကြာနေ့ကလွဲပြီးဘယ်နေ့တွေအပ်ပုဒိတ်ပေးစေချင်လဲဆွာရေးပေးသွားရင်အဆင်ပြေမှာပဲလို့ ဒါဒါလေးတွေအဆင်ပြေရင်ရေးပေးသွားဖို့မေတ္တာရပ်ခံပါတယ်နော ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင့်]
Zawgyi
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣