Arc 16.39

1.7K 202 0
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[39]

"မင်းကိုယ်တိုင် ရှင်းပြသင့်တယ်မထင်ဘူးလား ဝမ်ချောင်?" စုမုယွမ်ကသတင်းစာကို ဝမ်ချောင်ရဲ့ရှေ့မှာကြမ်းကြမ်းတမ်းတမ်းပစ်ချလိုက်တယ်။ 

သတင်းစာထဲမှာ ဝမ်ချောင်နဲ့ကျန်းပိုင်ယွီဟာ တရင်းတနှီးနဲ့ပွေ့ဖက်နေကြတယ်။ 

ဝမ်ချောင်ကမျက်မှောင်ကြုတ်ပြီးရှင်းပြတယ်။ "ကျွန်မကသူနဲ့ထမင်းသွားစားရုံလေးတင်"

"မင်းကဒါကိုထမင်းသွားစားတယ်လို့ခေါ်တာလား?" စုမုယွမ်ကသတင်းစာထဲငပုံကိုညွှန်ပြလိုက်တယ်။ သူ့ရဲ့အမျက်ခြောင်းခြောင်းထွက်နေတဲ့မျက်လုံးတွေက ဝမ်ချောင်ကိုအရှင်လတ်လတ်မီးရှို့တော့မယ့်အတိုင်းပဲ။

"ရှင်ကျွန်မကိုမယုံလည်း ကိစ္စမရှိဘူး"

"ဟက်" စုမုယွမ်ကအေးစက်စွာနဲ့ရယ်လိုက်တယ်။ "ထွက်သွား"

ဝမ်ချောင်ကတစ်ခုခုကိုပြောတော့မလိုလုပ်လိုက်ပေမယ့် အဆုံးမှာသူမကဘာမှမပြောဘဲ တံခါးအပြင်ကိုတန်းထွက်သွားတယ်။ 

ရုတ်တရက်ဆိုသလို ဝမ်ချောင်နဲ့ကျန်းပိုင်ယွီရဲ့ကောလဟာလက လူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်။ 

ကျန်းပိုင်ယွီကကောလဟာလတွေ အမြဲတမ်းထွက်ဖူးနေတဲ့လူဆိုပေမယ့် ဝမ်ချောင်ကတော့မတူဘူး။ သူမကစုမုယွမ်နဲ့တွဲနေတဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်တယ်။ 

'သူတို့နှစ်ယောက်ရဲ့ပျံ့နှံ့နေတဲ့ အချစ်ဇာတ်လမ်းကောလဟာလအကြောင်းဆီကို အာရုံမလှည့်လာဘဲဖြစ်နိုင်ပါ့မလား?'

အဲ့ဒီအဖြစ်အပျက်ပြီးနောက်အချိန်ပိုင်းလေးအတွင်းမှာပဲ ကျန်းပိုင်ယွီနဲ့ဝမ်ချောင်ရဲ့ပြန့်နေတဲ့ ကောလဟာလအတင်းအဖျင်းတွေက အကြိမ်အနည်းငယ်လောက်ထိပျံ့နှံ့နေခဲ့တယ်။ 

ဝမ်ချောင်ကကျန်းပိုင်ယွီကိုရှောင်ရင်တောင်မှ ကျန်းပိုင်ယွီကသူမကိုပိုးပန်းဖို့အခွင့်အရေးတွေကို ရှာတွေ့နေတတ်တယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now