Unicode
ရွှမ်ဖုန်းလည်း တခနငေးကြောင်သွားပေမယ့် အမူအယာသိပ်မပြောင်းလဲခဲ့ဘူး။
‘သားရဲကောင်ကြီး သေသွားပြီလား..? ဒီလို လွယ်လွယ်ကူကူနဲ့ မုန်လာဥကိုဓားနဲ့လှီးလိုက်လို သေသွားတာလား.. မယုံနိုင်စရာပဲ..’
ဒါပေမဲ့ သူတို့ငေးကြောင်နေတဲ့အချိန်မှာ မိစ္ဆာအုပ်စုကြီးက ပြေးတက်လာခဲ့တယ်။ ရှီရှန်းလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ရှေးစကားတစ်ခွန်းကို သတိရလိုက်တယ်။
‘မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေ ရူးသွပ်စွာ ကခုန်နေကြသည်’တဲ့
ရှီရှန်းလည်း စိတ်အခြေအနေကောင်းနေတာမဟုတ်တော့..
‘မိစ္ဆာတွေကို သတ်လို့အကောင်းဆုံးအချိန်ပဲ..’
ဇာတ်လိုက်နဲ့ဇာတ်လိုက်မဟုတ်သရွေ့ ရှီရှန်းအတွက်တော့ မိစ္ဆာသတ်တယ်ဆိုတာ အရမ်းလွယ်ကူလွန်းတယ်။ ရွှမ်ဖုန်းကလည်း အခြေအနေမဟန်တာကိုသတိထားမိသွားတော့ သူ့ရဲ့တပ်ကို ပြန်ဆုတ်စေလိုက်တယ်။
“အဲ့မျိုးမစစ်လေးကို သွားရပ်တန့်လိုက်..”
မြေခွေးဘုရင်ကလည်း ရှီရှန်းလိုက်ဖမ်းတော့မှာကို မြင်ယောင်နေတာကြောင့် သူ့ဘေးနားကမိစ္ဆာတွေကို အမိန့်ပေးလိုက်တယ်။
အဲ့တာက ရွှမ်ဖုန်းရဲ့ပိုင်နက်ပဲ။ သူတို့တွေကိုလိုက်ဖမ်းဖို့ဆိုတာ မလွယ်ကူဘူး။ ရှီရှန်းလည်း အနှောင့်အယှက်ပေးခံလိုက်ရတော့ ရပ်တန့်သွားခဲ့တယ်။
‘ဇာတ်လိုက်ကောင်ပြေးတာ အရမ်းမြန်တာပဲ..’
………..
ထိုဖြစ်ရပ်ပြီးနောက် သဘောထားကွဲလွဲမှုတွေက မိုမိုတင်းမာလာခဲ့တော့တယ်။ ဒါပေမဲ့ မြေခွေးဘုရင်ဘက်က ရှီရှန်းလိုလက်နက်ကောင်းရှိနေတော့ ရွှမ်ဖုန်းရှုံးနိမ့်သွားရတယ်။
“အရှင်မင်းကြီး.. အဲ့ယွီရီက..”
ကျောင်းတော်သားလည်း ဒီအခြေအနေကို ဘယ်လိုရှင်းပြရမလဲမသိတော့ဘူး။
‘အဲ့မိစ္ဆာမ,ဖမ်းတာကိုခံလိုက်ရတာနဲ့ ဘယ်သူမှအသက်မရှင်နိုင်တော့ဘူး.. အဓိက,က သူမလက်ထဲကဓားပဲ.. အဲ့တာကို ‘မိစ္ဆာသတ်ဓား’လို့ အမည်ပေးထားတယ်ဆိုပဲ.. သူမလည်း မိစ္ဆာပဲဟာကို၊ ဘာလို့ မိစ္ဆာသတ်ဓားသုံးနေသေးတာလဲ..?’
“အရှင်မင်းကြီး.. သူမလက်ထဲကဓားက..?”
ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးက ညှို့ငင်စွာပြောလိုက်တယ်။
‘အဲ့တာက အရမ်းကောင်းတဲ့ ဓားပဲ..’
အမျိုးသမီးက ရှီရှန်းကို အတော်ကြာအောင်လေ့လာခဲ့ပြီးနောက် ဓားကြောင့်အစွမ်းထက်နေတယ်ဆိုတာကို တွေ့ရှိသွားခဲ့တယ်။ ရှီရှန်းရဲ့တိုက်ခိုက်နိုင်စွမ်းက ဓားမရှိတာနဲ့ သိသိသာသာကိုကျဆင်းသွားတာ…
“မိစ္ဆာသတ်ဓားဆိုတာကို အရင်ကကြားဖူးလား..?”
ရွှမ်ဖုန်းရဲ့အသံက လေးနက်နေခဲ့တယ်။
နှစ်ယောက်စလုံး ခေါင်းခါရမ်းလိုက်ကြတယ်။ တခါမှ မိစ္ဆာသတ်ဓားရယ်လို့ မကြားဖူးခဲ့ဘူးလေ..
“အရှင်မင်းကြီး.. အပြင်မှာ လူသားတစ်ယောက်က အရှင်နဲ့တွေ့ခွင့်တောင်းနေပါတယ်..”
မိစ္ဆာလေးတစ်ကောင်က အမြန်ပြေးလာပြီး လျှောက်တင်လိုက်တယ်။
‘လူသား..? ဒီလိုအချိန်မှာ သူ့ကို တွေ့ချင်နေတာ ဘယ်သူလဲ..?’
ပုံရိပ်လေးတစ်ခုက ရွှမ်ဖုန်းပြန်မဖြေခင်မှာပဲ ခန်းမ၏တံခါးဝ၌ ပေါ်ထွက်လာခဲ့တော့၏။
……..
ရွှမ်ဖုန်းနဲ့မြေခွေးဘုရင်ကြားမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတော့တယ်။ ရှီရှန်းက မိစ္ဆာတွေကိုသတ်ဖြတ်ရန် ပေါ်ထွက်လာတတ်တယ်။ တစ်ခါတစ်လေ မကောင်းဆိုးဝါးလေးတွေကိုလွှတ်ပြီး မိစ္ဆာရန်သူတွေကို သတ်ခိုင်းတတ်တယ်။ ရန်သူတွေစီစဉ်ထားသမျှစစ်ဗျူဟာတိုင်းကို ဘိုးလင်းပစ်သလို မကောင်းဆိုးဝါးတွေကိုလွှတ်ပေးပြီး ဖျက်ဆီးပစ်ခဲ့တယ်။
‘အသုံးမဝင်တဲ့ဗျူဟာတွေ..’
မြေခွေးဘုရင်ကြီးလည်း တဖြည်းဖြည်းစိုးရိမ်လာတော့တယ်။
‘ဒီကောင်မလေး.. အပြင်သွားရင်း ဘယ်လိုလူသားမျိုးတွေနဲ့တွေ့လာပါလိမ့်..? ဘာကြောင့် အရမ်းရက်စက်လာတာလဲ..? ဒီလိုမျိုးသာဆိုရင် ဘယ်လိုလုပ်လက်ထပ်လို့ရဦးမှာလဲ..?’
“အရှင်မင်းကြီး.. မကောင်းတော့ဘူး..”
‘ဟုတ်တယ်.. မကောင်းတော့ဘူး.. အဲ့မျိုးမစစ်လေးက လက်ထပ်လို့မရနိုင်တော့ဘူး.. တကယ်ကိုဆိုးရွားနေပြီ..’
“အရှင်မင်းကြီး..”
မြေခွေးဘုရင်က စိုးရိမ်တုန်လှုပ်နေသည့်မိစ္ဆာလေးကို လှည့်ကြည့်လိုက်တယ်..
“ဘာတွေ ဖြစ်နေတာလဲ..?”
“မြွေမိစ္ဆာဘုရင်က ထူးဆန်းတဲ့ဓားကြီးနဲ့ ရောက်လာခဲ့တယ်.. ကျွန်တော်တို့ သူ့ကိုမနိုင်ဘူး..”
‘ထူးဆန်းတဲ့ဓား..? ငါ့သမီးရဲ့ဓားထက် ပိုပြီးထူးဆန်းတဲ့ဓားရှိဦးမှာလား…?’
“အဲ့တာက အရမ်းစွမ်းတယ်..”
မိစ္ဆာလေးက ကြောက်လန့်နေတဲ့မျက်လုံးလေးဖြင့် ခေါင်းညိတ်ပြလာခဲ့တယ်။
မြေခွေးဘုရင်ကြီးက မိစ္ဆာလေးနောက်ကို လိုက်သွားလိုက်တယ်။ တိုက်ပွဲနေရာရောက်တော့ ရွှမ်ဖုန်းက အနီရောင်ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး လေထဲဝှေ့ရမ်းနေခဲ့တယ်။ မြေခွေးဘုရင်ကြီးလည်း ဒီလောက်ဝေးကွာနေတာတောင် ဓားရဲ့စွမ်းအားကို ခံစားမိလိုက်တယ်။
မိစ္ဆာလေးတွေကတော့ ရွှမ်ဖုန်းကို ရင်ဆိုင်နိုင်စွမ်းမရှိကြဘူး။
“အရှင်မင်းကြီး…”
‘ကျွန်တော်ထင်ခဲ့တာ မင်းသမီးရဲ့ဓားက တော်တော်ထူးဆန်းနေပြီပေါ့.. ဒါပေမဲ့ ရွှမ်ဖုန်းမှာလည်း တခြားထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိလာခဲ့ပြီ.. ဒီလို နာမည်မရှိတဲ့စွမ်းအားကြီးလက်နက်တွေကို နေရာတိုင်းမှာရှာတွေ့နိုင်တာလား..’
“မျိုးမစစ်လေး ဘယ်မှာလဲ..?”
မြေခွေးဘုရင်က ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ သူ့မျက်ဝန်းတွေထဲမှာတော့ စိုးရိမ်မှုတွေ အပြည့်…
သူ့ဘေးနားကမိစ္ဆာတွေလည်း ရှီရှန်းကိုလိုက်ရှာကြရတော့တယ်။ နောက်ဆုံးတော့ မိစ္ဆာတစ်ကောင်က တိုက်ပွဲထဲကို လက်ညှိုးညွှန်လိုက်ပြီး..
“မင်းသမီးလေးက ဟိုမှာ..”
မြေခွေးဘုရင်ခမျာ မူးမေ့လဲသွားမတတ်ပဲ။
သူစိုးရိမ်နေတဲ့သမီးလေးက မိုးကြိုးလိုအလျင်မျိုးဖြင့် ရွှမ်ဖုန်းဆီကိုပြေးသွားနေခဲ့ပြီ။ ပြီးတော့ တိုက်ခိုက်နေကြပြီ။
သူကတော့ စိုးရိပ်နေခဲ့တာ။ သူမက တကယ်ကြီးလုပ်လိုက်ပြီဟ..
“မင်းတို့ ဘာလုပ်နေကြတာလဲ.. အမြန်သွားကူလေ..”
မြေခွေးဘုရင်က ဒေါသတကြီးဖြင့် သူ့အနားကမိစ္ဆာတွေကို အော်ငေါက်ပစ်လိုက်တော့တယ်။
……………………..
ရှီရှန်းက ရွှမ်ဖုန်းရဲ့ဓားအကြောင်းကို သိချင်နေခဲ့တာ။ အဲ့တာကြောင့် သူမရဲ့ဓားကိုသုံးပြီး ရက်ရက်စက်စက်ခုတ်ချပစ်လိုက်တယ်။ ရှီရှန်း,အကြိမ်များစွာခုတ်ပိုင်းနေသည့်တိုင်အောင် ဓားက ခြစ်ရာမထင်ခဲ့ဘူး။ ဒီဓား တချို့ပစ္စည်းအတုတွေလို မဟုတ်ဘူးပဲ။
ဓားနှစ်ချောင်းကန့်လန့်ဖြတ်ရင်ဆိုင်မိချိန်မှာတော့ မီးပွားတွေလွင့်စင်ကျလာတော့တယ်။ နှစ်ယောက်စလုံး ရှေ့တိုးလိုက်ကြတယ်။
“ယွီရီ.. မင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ..”
ပြန်ဆုတ်လိုက်တဲ့အချိန် ရွှမ်ဖုန်းက ရုတ်တရက်ပြောလိုက်တယ်။
‘ဖာ့ခ်…’
ရှီရှန်းက တစ်ပတ်လှည့်ပြီး ဓားနဲ့ထပ်ခုတ်လိုက်တယ်။ ရွှမ်ဖုန်းကလည်း သူ့ရဲ့ဦးခေါင်းကို ဓားနဲ့ကာလိုက်တယ်။
“အဲ့တော့ နင်ငါ့ကို ကြွေနေတာများလား..?”
ရှီရှန်းက မည်းမှောင်နေတဲ့မျက်နှာနဲ့ မေးလိုက်တယ်။
ရွှမ်ဖုန်းကလည်း အေးစက်စက်လေသံဖြင့်…
“မင်းက ငါနဲ့တိုက်ခိုက်ဖို့ပဲ အဆင့်မီတာ..”
‘Hey... အဲ့လို ခပ်မိုက်မိုက်သရုပ်ဆောင်နေတာကြောင့် နင့်ကိုငါရိုက်ပစ်ချင်တာ…သိရဲ့လား’
ရှီရှန်းက ဓားကိုပြန်ရုတ်သိမ်းလိုက်သလိုလှည့်ဖြားလိုက်ပြီး ရွှမ်ဖုန်းကိုခုတ်ပိုင်းလိုက်ပြန်တယ်။ ဒီတစ်ခါတော့ ရွှမ်ဖုန်းက မြေပြင်ကိုဆောင့်နင်းလိုက်ပြီး အနောက်ကိုဆုတ်သွားခဲ့တယ်။ ဒါပေမဲ့ ရှီရှန်းရဲ့ဓားက ဓားအလင်းတန်းတွေထွက်လာလိမ့်မယ်လို့ သူ,မထင်ထားခဲ့ဘူး။ ရှောင်တိမ်းချိန်မရလိုက်တော့ ဓားအလင်းတန်းတွေက သူ့ရဲ့ဆံပင်ကိုဖြတ်သွားပြီး မျက်နှာကိုဒဏ်ရာရသွားစေခဲ့တယ်။
“နင်.. ငါနဲ့တိုက်ခိုက်ခွင့်ရတာ ကံကောင်းတယ်..”
သူမရဲ့ယုံကြည်ချက်အပြည့်မော်ကြွားနေဟန်က အမြင်ကပ်စရာကောင်းလွန်းတယ်။ အနီးနားကလူတွေတောင် ရိုက်နှက်ပစ်ချင်လာခဲ့တယ်။
ရွှမ်ဖုန်းလည်း သူ့ရဲ့မျက်နှာပေါ်ကသွေးတွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ထဲက သွေးဆာနေတဲ့စိတ်တွေကလည်း ထကြွလာခဲ့တော့တယ်။ ရှီရှန်းကို စူးစူးစိုက်စိုက်ကြည့်ရင်း နှစ်ရှည်လများထိန်းချုပ်လာခဲ့ရတဲ့ စိတ်အားတက်ကြွမှုတွေက နောက်ဆုံးတော့နိုးထလာခဲ့ပြီ…
ဓားနှစ်လက်ရင်ဆိုင်တွေ့ကြတော့၏..
ကောင်းကင်ကမဲမှောင်လာခဲ့ပြီး လေပြင်းများတိုက်ခတ်က လျှပ်စီးမိုးကြီးများယှက်နွယ်လာခဲ့တော့တယ်။ သူမရဲ့ဓားက ထူးဆန်းတယ်ဆိုတာသိပြီးသား။ ဒါပေမဲ့ ရွှမ်ဖုန်းရဲ့ဓားကလည်း ထိုနည်းလည်းကောင်းပဲဆိုတော့ စိတ်ဝင်စားစရာပဲ။
ပုံရိပ်နှစ်ခုက မိုးကြိုးလျှပ်စီးတွေကြားမှာ တိုက်ခိုက်နေကြပြီး သူတို့ရဲ့လှုပ်ရှားမှုတွေက အရမ်းမြန်ဆန်လွန်းတာကြောင့် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့လေရဲ့။
လူတိုင်း ကောင်းကင်ထက်ကထိတ်လန့်ဖွယ်ရာမြင်ကွင်းကို ငေးကြည့်နေကြတော့တယ်။
“ဘယ်သူနိုင်မှာလဲ..?”
“ငါတို့ မင်းသမီးလေးပဲပေါ့..”
“ဟုတ်တယ်.. ငါတို့မင်းသမီးလေးပဲ အနိုင်ရလိမ့်မယ်..”
မြေခွေးမျိုးနွယ်စုရဲ့မိစ္ဆာတိုင်းက သူတို့မင်းသမီးလေးအနိုင်ရလိမ့်မည်လို့ တထစ်ချယုံကြည်နေကြတော့တယ်။ မြေခွေးဘုရင်ကတော့ ထိုမြင်းကွင်းကို စိုးတထိတ်ထိတ်နဲ့ ကြည့်နေရှာတယ်။ လျှပ်စီးတစ်ချက်လက်သွားတိုင်း သူ့မျက်ဝန်းထဲမှာ စိုးရိမ်နေတဲ့အငွေ့အသက်တွေ ရောင်ပြန်ဟပ်သွားခဲ့တယ်။
“ကလန့်…”
တစ်စုံတစ်ယောက်က လေထဲကနေပြုတ်ကျလာခဲ့တယ်။ ဒါပေမဲ့ အရမ်းဝေးကွာနေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်းမမြင်ရခဲ့ဘူး။ လူတိုင်းလည်ပင်းဆန့်လိုက်ပြီး ထိုနေရာကို စူးစိုက်ကြည့်လိုက်တယ်။ အချိန်အတော်ကြာတော့ တိမ်မည်းတွေအကုန်လွင့်ပျယ်သွားခဲ့ပြီး ပုံရိပ်လေးတစ်ခု ပေါ်ထွက်လာခဲ့တော့တယ်။
မြေခွေးမျိုးနွယ်စုတစ်ခုလုံး ချက်ချင်းအော်ဟစ်အားပေးလိုက်ကြ၏…
“အဲ့တာ ငါတို့ မင်းသမီးလေးပဲ..”
“မင်းသမီးလေး နိုင်ပြီ..”
ရှီရှန်းက ကောင်းကင်ပေါ်ကနေဆင်းသက်လိုက်ပြီး မြေကြီးပေါ်ကနေ တယိမ်းတယိုင်ကုန်းထနေတဲ့ရွှမ်ဖုန်းရှိရာကို သွားလိုက်တယ်။
အနက်ရောင်ဂါဝန်လေးက ဆံနွယ်တွေနဲ့အတူ လေထဲမှာလွင့်မျောနေသလို ဂါဝန်ထက်မှသွေးစတွေကလည်း အသူရာချောက်နက်ကြီးထဲက အနီရောင်ကြာပွင့်များကဲ့သို့ အနက်နှင့်အနီရောင် အချိုးကျရောစပ်နေပြီး
ကြောက်မက်ဖွယ်ကောင်းနေတော့တယ်။
ရှီရှန်းက ရွှမ်ဖုန်းနဲ့ခြေတစ်လှမ်းအကွာမှာ ရပ်တန့်လိုက်တယ်။ မြေကြီးမှာစိုက်ဝင်နေတဲ့ဓားကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး သူ့မရဲ့နှုတ်ခမ်းထောင့်က ကွေးတက်သွားခဲ့တယ်။
“ဒီဓားက တကယ့်ကိုစွမ်းအားကြီးပါတယ်.. ဒါပေမဲ့ ကံမကောင်းချင်တော့ ဘယ်လိုသုံးရမှန်း နင်,မသိဘူး..”
ရွှမ်ဖုန်းက သူ့ရင်ဘတ်ကိုဆုပ်ကိုင်လိုက်တယ်။ လေထုက တဖြည်းဖြည်းအေးစက်လာခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာတော့ အမှောင်ထုတွေလွှမ်းမိုးလာခဲ့တယ်။
“ငါ မိန်းမတစ်ယောက်ကို ရှုံးနိမ့်ခဲ့တယ်..
နှစ်ကြိမ်တောင်..
ဒီမိန်းမကိုပဲ နှစ်ကြိမ်တောင်ရှုံးနိမ့်ခဲ့ရတယ်..”
.....................................
Translated by Melinoe_Megami.
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣