Arc 20.8

604 84 2
                                    

Unicode

ရှီရှန်း သူမ နန်းတော်ကိုပြန်ရောက်တဲ့ အချိန်ထိ
ယောကျာ်းတစ်ယောက်ရဲ့ ပုံရိပ်အစစ်အမှန်တို့ဟာ
Raidနေတုန်း ဖြစ်တယ်။
(raid-dugeonကို တိုက်ခိုက်တဲ့နေရာမှာသုံးကြပြီး
dugeon-bossနဲ့monsterတွေအစုလိုက်အပြုံလိုက်
နေထိုင်အခြေချတဲ့နေရာကိုDugeonလို့ခေါ်ကြပါတယ်။)
“ဟွားမန်မန်, ပြန်လာပြီကွ!!”
တစ်စုံတစ်‌ေယာက်က အော်လိုက် ပြီးနောက်အားလုံး၏
အကြည့်များသူမထံသို့ကျရောက်လာချေ၏။

စိမ်းစိုလှသည့်သစ်ရွက်များသည် လျှောက်လမ်းပေါ်တွင်အရိပ်သဖွယ်ဖြာကျလျက်ရှိပြီး
အပြာရောင်အရိပ်သဏ္ဍာန်လေးသည်အရိပ်နှင့်အလင်းများဖြာထွက်ကာကျနေသည့်ကြားမှ တဖြည်းဖြည်းချည်းကပ်လာခဲ့သည်။
သူမကNPCတစ်ယောက်လို ဆက်ဆံခံရသော်ငြား လူတိုင်းဟာ သူမအပေါ်ချစ်မိသွားစေလောက်တဲ့အထိလှ ရက်လေသည်။

ဟုတ်တာပေါ့၊ သူမဟာ NPC မဟုတ်ဘူးဆိုရင်ပေါ့
စိတ်မှန်တဲ့ဘယ်လူကတော့ NPC ကိုကြိုက်နေပါ့မလဲ။
(T/L: ဒါပေမယ့်လည်း AI ကိုလက်ထပ်သွားတဲ့လူတစ်ချို့ရှိတယ်လေ။)

“မင်း-မင်း ဘယ်လိုတောင်ငါတို့ကို ဒီလောက်အကြာကြီးစောင့်ရအောင်လုပ်ပြီး ပြန်လာရဲရတာလဲ!!!”
ယောကျာ်းတစ်ယောက်ရဲ့ပုံရိပ်အစစ်အမှန် က ရှီရှန်းသွားနေတဲ့တည့်တည့်ကိုခုန်၀◌င်လာ၏။
“နင်တို့တွေက ငါ့ကိုသတ်ပေးဖို့တောင်းဆို‌နေတော့လဲငါက လာပေးရမှာပေါ့”
ရှီရှန်း၏နှုတ်ခမ်းထောင့်စွန်းလေးဟာကွေးတက်သွားပြီး
“ငါဘယ်သူ့ကိုအရင်သတ်ပေးရမလဲ”
ယောကျာ်းတစ်ယောက်ရဲ့ပုံရိပ်အစစ်အမှန်ဟာ ရှီရှန်းကို အော်ဖို့ပြင်နေတုန်းမှာပဲ
သူ သူမဆီက နာမည်ပျက်စာရင်းအသွင်းခံရမယ့်အရေးကိုတွေးမိပြီး ရပ်သွားပေ၏။

NPC တစ်ယောက်နဲ့ရန်ဖြစ်ပြီးဘာလုပ်မှာလဲ?အဲ့တာဒီလိုမျိုး ပြဿနာရှာတတ်တဲ့ NPCကို ကစားသမားတွေနဲ့ရင်ဆိုင်ရအောင်လုပ်တဲ့ ကုမ္ပဏီရဲ့အမှားပဲ

[Game devs-အဲ့တာငါတို့ရဲ့အမှားမဟုတ်ဘူးလေဟာ]
ပုံမှန် raid ရှင်းရင်တော့ mobs တွေရှင်းပြီးမှ Boss ကထွက်လာမှာဖြစ်ပေမယ့်
သောက်ကျိုးနည်း ဘယ်သူက သောက်ကျိုးနည်း mobsတွေရှင်းမပြီးခင် boss ကထွက်လာမယ်လို့ထင်မှာလဲဟ!??
[Nearby] ယောကျာ်းတစ်ယောက်ရဲ့ပုံရိပ်အစစ်အမှန် : ……….
[Nearby]ဂုဏ်ယူပါတယ်၊အရှင်မင်းကြီး : ………..
[Nearby]မိုးမျှော်နေတယ် : ………..
ဘာလို့ဒီဘော့စ်က စောက်ရမ်းထူးဆန်းရတာလဲဟ!!!
ငါတို့ကုမ္ပဏီကိုကွန်ပလိန်းတက်မှရမယ်!!

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now