Arc 16.13

3.1K 440 3
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[13]

Dorsettဖျော်ဖြေရေးကလပ်ဟာ Aမြို့တော်ရဲ့အထက်တန်းစားတွေ ပျော်မွေ့ရာနေရာတစ်ခုဖြစ်တယ်။ဒီနေရာကို လာကြတဲ့လူတွေက ချမ်းသာတဲ့သူဌေးမျိုးဆက်တွေမဟုတ်ရင် ထိပ်တန်းစီးပွားရေးသမားတွေချည်းပဲ။ 

ရှီရှန်းဒီကို သူမဘာသာသူမ ကားမောင်းလာလိုက်တယ်။လင်းဇီနန်က သူမကိုစောင့်နေရင်း အပြင်မှာရပ်နေတယ်။ 

ရှီရှန်းသူမကားကိုပါကင်ထိုးလိုက်ပြီး နေကာမျက်မှန်ဝတ်လိုက်ကာ လင်းဇီနန်ဆီလျှောက်လာခဲ့တယ်။ 

လင်းဇီနန်ရဲ့မျက်လုံးတွေက ရှီရှန်းကိုတွေ့တာနဲ့ တောက်ပသွားရတယ်။ဒါပေမယ့် သူ့အနေနဲ့ ဒီနေရာက လူမြင်ကွင်းတစ်ခုဖြစ်နေတာရယ် နတ်ဘုရားမကလည်း လူထုအချစ်တော်လေးဖြစ်နေတာကြောင့်မို့ သူ့ရဲ့စိတ်လှုပ်ရှားမှုလေးကို ဖိနှိပ်ထားရတယ်။ 

"နတ်ဘုရားမက အရမ်းကောင်းတာပဲ...ကျွန်တော်တော့ကောင်းချီးပေးခံနေရတာပဲ"လင်းဇီနန်လူအုပ်ကြားထဲ တိုးဝင်ရင်း သူ့ကိုယ်သူမထိန်းနိုင်ပဲ စတင်ကခုန်တော့တယ်။

ရှီရှန်းက သူမအရှေ့မှာ ၁.၈မီတာရှည်တဲ့ လူကြီးတစ်ယောက်က အသိဥာဏ်နည်းတဲ့ကလေးတစ်ယောက်လို ကနေတာကို စိုက်ကြည့်ရင်း ကိုးရိုးကားယားနိုင်သလို ခံစားလိုက်ရတယ်။ အတွေ့အကြုံကတော့ ဘာတစ်ခွန်းမှမပြောနိုင်လောက်အောင်ပဲ။ 

သူတို့က အခန်း၈၀၈မှာရှိနေကြတယ်။အခန်းကတော်တော်ကြီးပြီး အထဲမှာလူနည်းနည်းပဲရှိတယ်။သူတို့က အရင်တစ်ခေါက်နဲ့ယှဉ်ရင်တော့ ပိုပြီးကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားကြတယ်။ 

"ကဲ ကဲ ညီအစ်ကိုတို့ ညီအစ်မတို့ရေ,ဘယ်သူရောက်နေလဲ ကြည့်ကြပါဦး"လင်းဇီနန်ရဲ့အသံက အားလုံးရဲ့အာရုံကို ဖမ်းစားလိုက်တယ်။ 

တစ်စုံတစ်ယောက်က သီချင်းသံကိုပိတ်ချလိုက်တာနဲ့ အခန်းကတိတ်ဆိတ်သွားရတယ်။ 

"သေစမ်း! မစ္စတာလင်း မင်းတကယ်ပဲရုပ်ရှင်ဘုရင်မလန်ကို ဒီကိုရောက်အောင် ခေါ်လာနိုင်တာလား?"တစ်စုံတစ်ယောက်က ရိုင်းစိုင်းစွာနဲ့ ထအော်လိုက်တယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now