Arc 18.8

1.9K 206 14
                                    

Unicode

ရှီရှန်း သည် ကားထဲတွင် ထိုင်ပြီး မေးထောက်ကာ အပြင်ဘက်ရှိ လူသူကင်းမဲ့သော ရှုခင်းများကို ကြည့်သည်။  ရီအန်း သည် ရီယန် အား သိပ်နေပြီး သူ့လက်က  ဒဏ်ရာကို ပတ်တီးဖြင့်ပတ်ထားသည်။

ရီအန်းက သူ့လက်ထဲက ရီယန်ကို ကြည့်ပြီး ဝမ်းနည်းစွာ မေးတယ် ။

“ အမ ၊ ခုခေတ် လူတွေက အရမ်းကြောက်စရာကောင်းလား? "

"လူသားတွေကကြောက်စရာကောင်းတယ်"  ရှီရှန်ကတည်ငြိမ်ပြီးခံစားချက်မဲ့စွာပြန်ဖြေသည်။

ရီအန်း ကို ကြည့်လိုက်သောအခါသူ၏ ကလေးဆန်သော မျက်နှာသည် ဗလာဖြစ်နေသည် ။ 

သူမပြောတာ မှန်တယ် ၊ ငါတို့မိဘတွေတောင် ငါတို့ကို စွန့်ပစ်နိုင်တယ်။ အခု ဒီလူတွေရဲ့အကျင့်တွေကို နားလည်ဖို့ ခက်ပုံမပေါ်ဘူး။

ငါ ကမ္ဘာပျက်ကပ် ကြီးကို မုန်းတယ် ။

တကယ်လို့ ကမ္ဘာသာ မပျက်ခဲ့ရင် ငါက ငါ့မိဘ တွေရဲ့ အဖိုးတန် လေး ဖြစ်နေမှာပဲ ။

ငါ့ညီမလေးလည်း ဆင်းရဲ ဒုက္ခ ရောက်နေမှာ မဟုတ်ဘူး ။

သို့သော် ထိုအရာများက ဖြစ်ပျက်ခဲ့ပြီးပြီ ။

ကမ္ဘာလည်း ပျက်နေပြီ ။

" ခွင့်ပြုပါဦးရှင့်..." ရီအန်း ဘေးနားက အသံလာတယ် ။ ပြီးတော့ ရုတ်တရက်ကြီး ရပ်သွားခဲ့တယ် ။

မူရှင်း သည် ယာဉ်မောင်း ထိုင်ခုံတွင် ထိုင်နေသော ကောင်မလေးကို အံ့သြစွာ ကြည့်လိုက်သည်။

အတွေးများစွာ တွေး ပြီးနောက် သူမ၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာသည်။

ကျင်းရှီ

ရီအန်း တစ်ယောက် မသိစိတ်က ရီယန် ကို သေချာ ချီလိုက်ပြီး  ကျောခိုင်းလိုက်တယ် ။ ပြီးမှ နောက်ပြန်လှည့်ကာ "ဘာကိစ္စလဲ" ဟု အသံသေးသေးလေး ဖြင့် မေးလိုက်သည်။

မူရှင်း သည် ရှီရှန်း အား အချိန်အတော်ကြာ ငေးကြည့်နေသည်။

ဒီလို အခြေအနေ တွေမှာတောင် သူမ မသေသွားဘူးလား ?

မူရှင်း သည် ကျင်းရှီ ကို အနည်းငယ်မနာလိုသောကြောင့် ထိုအချိန်တွင် သူမကို မကူခဲ့ပေ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now