[Unicode]
သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[34]
ကုချီရိုက်ကွင်းကိုရောက်လာမယ်ဆိုပြီး ရှီရှန်းမမျှော်လင့်ထားတာအမှန်။ ပန်းစည်းကြီးကြီးတွေဆိုပြောမနေနဲ့တော့။
'သူကတကယ့်ကို နတ်ဘုရားတစ်ပါးပဲ'
"ဘုရားရေ!အရမ်းချောတာပဲဟယ်!ဓာတ်ပုံထဲကနဲ့ယှဉ်ရင် အပြင်မှာပိုချောတယ်ဟ!"
"ဒါပေါ့ ငါတို့နတ်ဘုရားနဲ့ထိုက်တန်ဖို့ဆို သူကလုံလုံလောက်လောက်ချောနေရမယ်လေ!"
"နင်မှန်တယ်..."
"ငါသတိလစ်တော့မလိုပဲ"
ကုချီကမိန်းကလေးအဖွဲ့သားတွေရဲ့အော်သံတွေကြားကပင် ရှီရှန်းဆီလျှောက်လာခဲ့တယ်။
အရောင်စုံလင်လှတဲ့ပန်းစည်းဟာလည်း သူ့မျက်နှာနဲ့ပနံသင့်လို့နေသည်မှာ special effectသုံးထားသလိုမျိုးပင်။
"ဒါမင်းအတွက်"ကုချီကပန်းစည်းကိုသူမဆီ ကမ်းပေးလိုက်တယ်။
ရှီရှန်းကအပြုံးတစ်ပွင့်နဲ့အတူပန်းစည်းကိုယူလိုက်တယ်။ကုချီရဲ့ကော်လာကိုသူမဆွဲလိုက်ပြီး ကုချီလည်းသူ့ခေါင်းကိုနှိမ့်ချလိုက်တယ်။
သူတို့နမ်းလိုက်ကြတယ်။
ကင်မရာတွေရဲ့တဖျက်ဖျက်မြည်သံနဲ့အတူ အာမေဋိတ်မျိုးစုံဟာလည်း တစ်ယောက်နောက်ကတစ်ယောက်ထွက်ပေါ်လာတယ်။
ရှီရှန်းကတော့ ခြွင်းချက်မရှိနောက်တစ်ခါ သတင်းထိပ်စီးထဲပါပြန်ပြီပေါ့။
ဖန်တွေတော်တော်များများ အဲ့ဒီပို့စ်အောက်မှာ'999'ဆိုပြီး မှတ်ချက်ပေးလာကြတယ်။
[Note: '999'ကnetwork languageတစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက အလွန်အမင်းအံ့ဩဖွယ်ကောင်းကြောင်း ဖော်ပြရာတွင်သုံးသောဘာသာစကား]
ဒီတစ်ကြိမ်မှာတော့သတင်းခေါင်းစဉ်ကို လွယ်လွယ်ပဲလုပ်လိုက်နိုင်တယ်။
ချန်ယွမ်ကတော့ လက်မြှောက်ထားလိုက်ပြီ။အဲ့ဒါကိုဒီတိုင်းလွှတ်ထားလိုက်...အနည်းဆုံးတော့ ဒီတစ်ခေါက်ကမကောင်းတဲ့သတင်းမဟုတ်ဘူး။
![](https://img.wattpad.com/cover/285349337-288-k515348.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 4 Arc 16 to .....
FantasyCollaboration Work for Shisheng❣